သဘာဝ ခရီးစဉ် ဒေသသစ် (သို့မဟုတ်) ကယန်းတို့မြေ

သဘာဝ ခရီးစဉ် ဒေသသစ် (သို့မဟုတ်) ကယန်းတို့မြေ
March 10, 2017 Asian Fame

11:16 am
သဘာဝ ခရီးစဉ် ဒေသသစ် (သို့မဟုတ်) ကယန်းတို့မြေ

Kaya1ယခင်တစ်ပတ်မှအဆက် >> https://www.popularmyanmar.com/popularnews/?p=29560

ခေတ္တ အနားယူပြီးသော အခါ ဒေသခံများ ချက်ပြုတ်ထားသော ပြောင်းဆန်ထမင်းနှင့် ဆီမပါ၊ အချို မှုန့်မပါသည့် ဒေသထွက် ဟင်းလျာ များဖြစ်သော ပဲနှပ်၊ ကြက်သား ဟင်းထုပ်၊ အာလူးဟင်း တို့ကြောင့် ထမင်းမြိန် လိုက်သည်မှာ ဆိုဖွယ်ရာ မရှိ။ ဒေသခံများနှင့် အတူသွား၊ သူတို့စားသည့် ဟင်းလျာကိုစား၊ သူတို့၏ လုပ်ငန်း များကိုလေ့လာ၊ သိချင်တာတွေမေး။ ဒါသည်ပင် လူထု အခြေပြုခရီးသွားလုပ်ငန်း၏ အနှစ်သာရ မဟုတ်ပါလား။

နေ့လယ်စာ စားပြီးသည့်အခါ ကျွန်မတို့ အဖွဲ့ တောင်အောက်ပြန် ဆင်း၍ ပင်မဆောင် ကျေးရွာရှိ က ယန်းအဘွားဒေါ်မူထန်း၏ အိမ်သို့ သွားရောက် လေ့လာကြသည်။ အသက် ၆၃ နှစ် ရှိပြီ ဖြစ်သည့် အဘွား က ပြုံးရွှင်စွာ ဆီးကြိုသည်။ ထိုင်း နိုင်ငံတွင်မူ သူတို့ကို မြင် သည်နှင့် ဧည့်သည် များက အထူးအဆန်းလို ပင် ဓာတ်ပုံဝိုင်း ရိုက်ကြသည်။ အဲ လိုခံစားမှုမျိုးကို သူတို့မကြိုက်၊ မိမိ ကိုယ်ကိုယ် ထူးဆန်းသည့် အရာဟု ခံစားရသလို တစ်ဖက်တွင်လည်း သိမ်ငယ်မှုက ဝင်လာသည်။ မြန်မာ နိုင်ငံမှာတော့ ထိုသို့မဟုတ်၊ သူ တို့အိမ်သို့ လာရောက် လည်ပတ်ကြ သည်၊ သူတို့နှင့် စကားတွေပြောကြ သည်၊ တိုင်းရင်းသားတို့၏ သမိုင်း ကြောင်းတွေကို စိတ်ဝင် တစားမေး မြန်းကြသည်။ ထိုသို့ပြောပြရသည် ကိုလည်း အဘွား ဒေါ်မူထန်းတို့က ဂုဏ်ယူသည်။

”အရင်ကဆိုရင် ပိုက်ဆံတစ် ကျပ် နှစ်ကျပ်ရဖို့တောင် မလွယ်ပါ ဘူး။ ပြီးတော့ အဘွားက ကွမ်း တအားစားတယ်။ ပိုက်ဆံ မရှိတဲ့အ ခါ ကွမ်းစားဖို့ သူများဆီက ပိုက်ဆံ ချေးရတယ်။ အခုကျတော့ အဘွား တို့လုပ်တဲ့ လက်ကောက်တွေကို ခရီး သည်တွေ ကဝယ်ကြတယ်။ ရွာအ တွက်လည်း ဝင်ငွေ ရှာပေးနိုင်တဲ့ အ တွက် အရမ်းကို ကောင်းပါတယ်။ ဧည့်သည်တွေ လာရင်လည်း ပျော် တယ်”ဟု အဘွား ဒေါ်မူထန်းက CBTဖော်ဆောင်မှု နှင့် ပတ်သက်၍ သူ၏ ခံစားမှုကို ပြောပြသည်။

လက်ရှိတွင် ပန်ပက်ကျေးရွာ၌ ဒေသခံ ဧည့်လမ်းညွှန် လူငယ် ၂၇ ဦးရှိနေပြီး အခြား လူငယ်များသည် လည်း ဧည့်သည်များ အတွက် အ စားအသောက် ချက်ပြုတ်ရေး အပိုင်း တွင် တာဝန်ယူ ဆောင်ရွက်ကြသည်။ ဒေသခံ အိမ်များသို့ ဝင်လည်ပါက  တစ်အိမ်လျှင် ကျပ်သုံးထောင် သတ်မှတ်ထားပြီး ထိုအထဲမှ ၁ဝ ရာခိုင် နှုန်းကို ကျေးရွာဖွံ့ဖြိုးရေး အတွက် ပြန်လည်ထည့်ဝင်ရသည်။

”အရင်ကတော့ အားလုံးနီးပါး ကထိုင်းကို သွားနေကြတာ။ အခု ဒီမှာ CBT လုပ်နေတော့ ပြန်လာ ကြတဲ့သူတွေ ရှိတယ်။ ကျွန်တော် တို့ဒေသခံ ဧည့်လမ်းညွှန်တွေလည်း ဝင်ငွေရတယ်။ လူငယ်တွေ လည်း အလုပ်ရှိတယ်။ ဒါ့အပြင် အဘွား တွေ အိမ်ဝင်လည်တော့ သူတို့လည်း ဝင်ငွေရတယ်။ ကျေးရွာ ရန်ပုံငွေ လည်းရတာပေါ့”ဟု ပင်မဆောင် ကျေးရွာမှ ဒေသခံ ဧည့်လမ်းညွှန် ကိုသားက ပြောသည်။

တံခွန်တိုင် ကိုးကွယ်မှု ကို ဒေသခံ ဧည့်လမ်းညွှန် က ရှင်းပြစဉ်

တံခွန်တိုင် ကိုးကွယ်မှု ကို ဒေသခံ ဧည့်လမ်းညွှန် က ရှင်းပြစဉ်

ပန်ပက်မှ တနီးလာလဲသို့

CBT လုပ်ငန်းနှင့် အထာကျ နေဟန် တူသော ပန်ပက်ကျေးရွာမှ တနီးလာလဲ ကျေးရွာသို့ ကျွန်မတို့ ဆက်ထွက် ခဲ့ကြသည်။ တနီးလာ လဲ ကျေးရွာသည် လည်း ဒီးမော့ဆို မြို့ နယ်အပိုင်တွင် ပင် ရှိပြီး ပန်ပက်မှ ကားဖြင့် တစ်နာရီခန့် သွားရသည်။ တနီးလာလဲ တွင် ဝင်ရောက်ကာ ရွာ ကိုလေ့လာပြီး ကန်ခုနှစ် ဆင့် သို့ဆက် သွားကြမည် ဖြစ်သည်။

ပန်ပက်ကျေး ရွာသည် ကယန်းရွာဖြစ်ပြီး တနီး လာလဲမှာမူ ကယား ရွာဖြစ်သည်။ အိမ်ခြေ ၁၇ဝ ၊ လူဦးရေ ၇၆၄ ဦးရှိပြီး တံခွန်တိုင်နတ် ကိုးကွယ်မှု အများဆုံး ဖြစ်သည်။ တနီးလာ လဲ ကျေးရွာ ပင်မ လမ်းမကြီးသည် ကတ္တရာ လမ်းဖြစ်ပြီး အိမ်များမှာ လည်း အိမ်ကြီး အိမ်ကောင်း များပင်။ ITC နှင့်ပူးပေါင်းကာ CBT လုပ် ဆောင်ခဲ့ခြင်းကြောင့် ၂ဝ၁၆ ခုနှစ် တွင် နိုင်ငံခြားသား ဧည့် သည် ၇၆၉ ဦးလာ ရောက်ခဲ့ပြီး ဝင်ငွေ ကျပ် ၄၃ သိန်းကျော် ရရှိခဲ့သည်ဟု ကျေးရွာ CBT  ကော်မတီမှ သိရ သည်။ တနီးလာလဲမှ ကန်ခုနစ် ဆင့်သို့ နွား လှည်းများဖြင့် သွား ရောက်ကြချိန်တွင်မူ ညနေ စောင်းနေပြီဖြစ် သည်။

ကန်ခုနစ်ဆင့်သို့ သွားရာလမ်း တစ် လျှောက် နောက်က တကောက်ကောက် လိုက်နေသော နေလုံး ကြီးသည် ညနေခင်းကို ပတ္တမြား သွေး ရည်ပက် ဖြန်းပေးနေသည်။ မြေနီလမ်းဘေး တစ်ဖက်တစ်ချက် ရှိ ကျေးလက် ရှုခင်းများကလည်း ဆွဲဆောင်မှု ရှိလွန်းလှ သည်။ နွား လှည်းဖြင့် နာရီဝက် ခန့်သွားသော အခါ ကန်ခုနစ်ဆင့်၏ ခြောက်ဆင့် မြောက်ကန်ဘေးသို့ ကျွန်မ တို့ ရောက်ရှိခဲ့သည်။ ကန်ဘေး တွင် တော့ ကယား အဘွားတို့က ကျေး လက်တူရိယာ များကို တီးမှုတ်နေ ကြသည်။

ကယားရွာ ဖြစ်သော်လည်း လူ ငယ်များက အဘွား တို့ကဲ့သို့ တိုင်း ရင်းသား ဝတ်စုံများကို အချိန်တိုင်း ဝတ်ဆင်မှု မရှိတော့ပါ။ ရိုးရာပွဲများ ရှိမှသာ ဝတ်ဆင်လေ့ ရှိကြသဖြင့် လူ ငယ်များကို အမြဲ ဝတ်ဆင်စေချင် သည်ဟု အသက် ၆ဝ ကျော်အဘွား ဒေါ်စိုးမြာက ပြောသည်။ ယခုတော့ တနီးလာလဲ ကျေးရွာတွင် အဘွား တို့လို တိုင်းရင်းသားဝတ်စုံ အမြဲ ဝတ်ဆင်သူက လက်ချိုးရေလို့ရနေ ပြီဖြစ်သည်။

တနီးလာလဲသို့ လာရောက်သူ များသည် ကန်ခုနစ်ဆင့်သို့ သွား ရောက်နိုင်ပြီး ဒေသခံ ကယား လူမျိုး တို့အိမ်များ သို့လည်း သွားရောက် လေ့လာနိုင်သည်။ ထို့ပြင် ကျေး လက် တူရိယာများနှင့် ကျေးလက် ဂီတများ ကိုလည်း လေ့လာ ခံစားနိုင် မည်ဖြစ်သည်။ ပန်ပက်နှင့် တနီးလာ လဲသည် ကယားပြည်နယ် CBT ၏ ပထမဆုံး ကျေးရွာများဖြစ်ကြပြီး  ခရီးသွား လုပ်ငန်း၏ အသီးအပွင့် များကို လည်း ခံစားနေ ရပြီဖြစ်သည်။ CBT ၏ စီမံကိန်း ကာလမှာ သုံးနှစ် သာဖြစ်၍ လာမည့် ဇွန်လတွင် ပြီး ဆုံးတော့မည် ဖြစ်ရာ ကျေးရွာ CBT  ကော်မတီများက ဆက်လက်လုပ် ဆောင်သွားရမည်သာဖြစ်သည်။

ကယားပြည်နယ် ယဉ်ကျေးမှု ပြတိုက်မှာ ဝင်ရောက်လေ့လာ

ကယားပြည်နယ် ယဉ်ကျေးမှု ပြတိုက်မှာ ဝင်ရောက်လေ့လာ

ခရီးစဉ် ဒုတိယနေ့

ခရီးစဉ် ဒုတိယနေ့တွင်တော့ လွိုင်ကော်မြို့ပေါ်ရှိ ကယားပြည် နယ် ယဉ်ကျေးမှု ပြတိုက်၊ ရက်ကန်း ကျောင်း၊ ကြတ်ဂူ၊ တောင် ကွဲစေတီ၊ မြို့နာမ် စေတီ၊ စော်ဘွားများ နေထိုင် ခဲ့ရာ ကန္ဒရ ဝတီဟော်နန်း တို့သို့ သွားရောက်ခဲ့သည်။

ကယားပြည်နယ် သို့ လာရောက် သော ပြည်ပ ဧည့်များသည် ရက် ကန်းကျောင်းတွင် သဘာဝအသီး အရွက်များအသုံးပြုကာ ချည်ခင် များအားဆေး ဆိုးခြင်းကို ကိုယ်တိုင် ဝင်ရောက် ပြု လုပ်နိုင်မည် ဖြစ်သည်။ သင်္ဘောရွက်၊ မဲဇလီရွက်၊ သစ်ဆိမ့် သီး၊ ပေါက်ပွင့် တို့ကို အသုံးပြုကာ သဘာဝ ဆိုး ဆေးပြု လုပ်ခြင်း ဖြစ် ပြီး ကုန်ကြမ်း အတွက် အပင်များကို လည်း ကျောင်း ပတ်ဝန်းကျင်တွင် ပင် စိုက်ပျိုးထားခြင်းဖြစ်သည်။

နာမည်ကျော် ကယား ဝက်အူချောင်း ကို ကိုယ်တိုင် ပြုလုပ်ကြစဉ်

နာမည်ကျော် ကယား ဝက်အူချောင်း ကို ကိုယ်တိုင် ပြုလုပ်ကြစဉ်

နာမည်ကြီး ကယားဝက်အူချောင်း

ထို့အပြင် ရန်ကုန်မှ ဝက်အူ ချောင်း များနှင့်မတူ တမူ ထူးခြား သော ကယား ဝက်အူချောင်း ပြုလုပ် ပုံကိုလည်း ကိန္ဒရာ နန်းတော် စား သောက်ဆိုင်တွင် သွားရောက် လေ့ လာခွင့်ရခဲ့ သည်။ ဝက်သား အသား များကို နုတ်နုတ်စင်း၍  နနွင်းမှုန့်၊ ဆား၊ ကြက်သွန်ဖြူထောင်း၊ ငရုတ် သီးမှုန့်၊ မက်ခါသီးထောင်း (ငရုတ် ကောင်း ကဲ့သို့ပင် ဟင်းခတ် အတွက် အသုံးပြုသော အသီး)၊ သကြား၊ ဆန်အရက် အနည်းငယ် တို့ဖြင့် သ မအောင် ရောနယ်ကာ ရေဆေး သန့်စင် ထားသော ဝက်အူ ထဲထည့် သွင်းရသည်။ ထို့နောက် ဝက်အူကို သွားကြားထိုးတံဖြင့် အပေါက် ကလေးများ လိုက်ဖောက် ကာ ပေါင်းအိုး ထဲ ထည့် ပေါင်း ပြီးမှ ကြပ်တင် ရခြင်းဖြစ်သည်။ သဘာ ဝ ပစ္စည်း များဖြင့်သာ ပြုလုပ်ထားပြီး ယမ်း စိမ်းကဲ့သို့သော ဓာတု ပစ္စည်း မပါဝင်သဖြင့် အရသာ တမူထူးခြား လှသည်။ ကယားဝက် အူချောင်း နှင့်အတူ ကယားပြည်နယ် CBT လုပ်ငန်းများ လုပ် ဆောင်မှုကို ၂ဝ၁၆ ခုနှစ် ဘာလင် အပြည် ပြည်ဆိုင်ရာ ခရီးသွား ပြပွဲ တွင် ဈေးကွက်မြှင့် တင်ကြော်ငြာခဲ့ရာ နိုင်ငံတကာ ခရီး သွားများ၏ စိတ်ဝင်စားမှုကို ရရှိခဲ့ သည်။ ကယားပြည်နယ် CBTလုပ်ငန်း တွင် ပြည်ပ ဧည့်များက ကယားဝက်အူချောင်းကို ကိုယ် တိုင် ဝင်ရောက် ပြုလုပ်နိုင်ရန် လည်း စီစဉ်ပေးထားရာ နိုင်ငံခြားသား ဧည့်သည် များ အတွက် အတွေ့အကြုံ သစ်များ ရရှိစေမည်ဖြစ်သည်။

ကန့်သတ်မှုများ ဖြေလျှော့စေချင်

သို့ဖြစ်ရာ ကျွန်မတို့ သွားရောက် ခဲ့သောခရီးစဉ်သည် ကယားပြည် နယ်၏ လူထု အခြေပြု ခရီးသွား လုပ်ငန်း လုပ်ဆောင်နေမှုကို အသေး စိတ်သိရှိ နားလည်ခဲ့ရုံသာမက ထို ခရီးသွား လုပ်ငန်း၏ ဒေသခံများ အပေါ် တိုက်ရိုက် အကျိုးပြုမှုကို လည်း ကိုယ် တိုင် တွေ့မြင်ခဲ့ရသည်။ သို့သော် ခရီးသွား လုပ်ငန်းကို အရှိန် တန့်စေသည့် အချက်တစ်ခုမှာ နိုင်ငံ ခြားသား ဧည့်သည်များအား အဆိုပါ CBT ကျေးရွာ များသို့ သွားရောက် ခွင့်ပိတ်ထားခြင်း ဖြစ်သည်။

နိုင်ငံခြားသား ဧည့်သည်များ အနေဖြင့် ကယားပြည်နယ် လွိုင် ကော်၊ ဒီးမော့ဆို၊ ဖရူဆိုမြို့ပေါ်သို့ သာ သွားရောက်နိုင်ပြီး ပန်ပက်နှင့် တနီးလာလဲကျေးရွာများသို့မူ သမ္မတ ရုံးသို့ခွင့်ပြုချက် တင်ပြီးမှသာ သွား နိုင်မည်ဖြစ်သည်။ သို့သော်လည်း လက်ရှိတွင် လုံခြုံရေး အခြေအနေ အရဟုဆိုကာ သမ္မတရုံးက ခွင့်ပြု ချက် တင်ခွင့်ကို ပိတ်ထားခြင်းကြောင့် CBT ဖော်ဆောင်နေသော ကျေး ရွာများ အတွက် နှမြောဖွယ်ဖြစ်သည်။

လက်ရှိတွင် ကယားပြည်နယ်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များအနက် KNPP အဖွဲ့တစ်ဖွဲ့ သာ အပစ်ရပ် လက်မှတ်ထိုးရန် ကျန်ပြီး ဒေသကလည်း တည်ငြိမ် နေပြီဖြစ်သည်။ ထို့ပြင် ခရီးသွား လုပ်ငန်း၏ အကျိုးရှိပုံကို လက်တွေ့ တွေ့မြင်လာသောကြောင့် တိုင်း ရင်းသား လက်နက်ကိုင်များပါ လူထု အခြေပြု ခရီးသွားလုပ်ငန်း တွင်ပူးပေါင်း ဆောင်ရွက်နေပြီဖြစ် ၍ နှစ်ဖက် ပဋိပက္ခများ ထပ်ဖြစ်လာ မည့်အခြေအနေလည်း မရှိတော့ ကြောင်း ဒေသခံလုပ်ငန်းရှင်များ က အခိုင်အမာဆိုသည်။ သို့ဖြစ်ရာ အဆိုပါ ကျေးရွာများသို့ ပြည်ပ ဧည့်များ အားသွားရောက်လည် ပတ်ခွင့်ပြုလိုက်ပါက CBT ဖော် ဆောင်ရေးကို တစ်ဖက်တစ်လမ်း မှ အထောက်အကူပြုမည်မှာလည်း အသေအချာပင်ဖြစ်သည်။

မေဇင်ဝင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*