သမိုင်းထဲက မြန်မာပြည်သား (၃)

သမိုင်းထဲက မြန်မာပြည်သား (၃)
March 10, 2017 Asian Fame

11:03 am
သမိုင်းထဲက မြန်မာပြည်သား (၃)

Thin-Lu-Articleယခင်အပတ်မှအဆက် …
(၆)
အုတ်ကျစ်ကျော်အေး မန္တလေးနှင့်
သိမှတ်စရာ အချက်များ
၁၈၅၃ စက်တင်ဘာလ ၁၁ ရက်နေ့

အမရပူရ မင်းနေပြည်တော်မှ မပြောင်း သင့်ကြောင်း ရဟန်းပညာရှိ၊ လူပညာရှိ အပေါင်းက မစိုးရိမ်တိုက်မှာ စည်းဝေးဆုံး ဖြတ်ပြီး မင်းတုန်းမင်းထံ မေတ္တာစာ ရေး သွင်းပါတယ်။

၁၈၅၆ အောက်တိုဘာ ၃ဝ ရက်နေ့

မြို့သစ်တည်မယ့်နေရာကို မင်းကိုယ် တိုင် သွားရောက်ကြည့်ရှုပါတယ်။

၁၈၅၆ အောက်တိုဘာ ၃၁ ရက်နေ့

မြို့သစ်နေရာရဲ့ အသေးစိတ်  Town Plan  ကို ရေးသားတင်သွင်းစေပါတယ်။

၁၈၅၇ ဇန်နဝါရီ ၁၃ ရက်နေ့

‘မန္တလေးမြို့တော်သစ်တည်စေ’ အ မိန့်တော်ကို ချမှတ်ပါတယ်။

၁၈၅၇ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၁၈၅၉ ဇူလိုင်လ ၁၆ ရက်နေ့ထိ

မြို့တော်သစ်တည်ဆောက်ရန် ပြင် ဆင်မှုများ ဆောင်ရွက်ပါတယ်။

၁၈၅၉ ဧပြီ ၂၈ ရက်နေ့

မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ် တန်ခူး လပြည့်ကျော် ၁ဝ ရက်နေ့မှာ မန္တလေး ရတနာပုံ မြို့တော်သစ်ကို တည်ဆောက် ပြီးစီးလို့ အုတ်ကျစ်ကျော်အေး မန္တလေးလို့ မှတ်သားရ လွယ်အောင် ကင်ပွန်းတပ်ခဲ့ပါ တယ်။ ဒီလောက် ရဟန်းရှင်လူ ပြည်သူအ ပေါင်း ကန့်ကွက်နေကြတဲ့ အထဲက ဘာပြု လို့များ မြို့တော်သစ်ကို ဒီလောက်တည်ချင် ရတာလဲ။ အကြောင်းအရင်း အတိအကျကို သိချင်ရင်တော့ မင်းတုန်းမင်း ကို သူရှိတဲ့ နေရာ လိုက်မေးမှပဲ သိလိမ့်မယ်။

ဖြစ်နိုင်ဖွယ်များကို သုံးသပ်ကြရာမှာ တော့-

(၁)၁၈၅၂ ခုနှစ်မှာ ဒုတိယအင်္ဂလိပ်-မြန် မာစစ်ကို နေပြည်တော်ဖြစ်တဲ့ အမရပူရ ကနေ ခံတိုက်ပြီး ရှုံးနိမ့်ခဲ့တယ်။

(၂)စစ်ရှုံးတဲ့ ပုဂံမင်း နန်းကျပြီး ဘုရင်သစ် အဖြစ် မင်းတုန်းမင်း နန်းတက်ခဲ့တယ်။ (အမှန်တော့ နန်းကျတာက စစ်ရှုံးတာနဲ့ သိပ်မဆိုင်ပါ။ စစ်ရှုံးပြီး ဂယောက်ဂယက် ဖြစ်နေတာကို အခွင့်ကောင်း ယူပြီး ပုန်ကန် ထောင်လွှားနိုင်လို့ မင်းတုန်းက နန်းရတာ ဖြစ်တယ်)

(၃)အသစ်တက်တဲ့ မင်းဟာ စစ်ရှုံးထား လို့ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ အသေ ရေညှိုးနေတဲ့ နေပြည်တော်မှာ ဘယ်နေ ချင်ပါ့မလဲ။

(၄)အလောင်းဘုရားလက်ထက်ကစလို့ ဘုရင်တစ်ပါး နန်းတက်တိုင်း မြို့သစ်တည် နန်းမြို့ပြောင်းတဲ့ အစဉ်အလာကြီးကလည်း ရှိခဲ့တယ်။ (ရွှေဘို၊ အင်းဝ၊ အမရပူရ လှည့် ပတ်ပြောင်းနေကြတယ်)

(၅)သာသနာတော်ဟာ ပု၊ ပ၊ စ၊ ဝ၊ မ၊ တ၊ က၊ က၊ င ဆိုတဲ့ ပုဂံ၊ ပင်းယ၊ စစ်ကိုင်း၊ အင်းဝ၊ မန္တလေး၊ တကောင်း၊ ကောင်းတုံ၊ ကောင်းစင်၊ ငဆောင်ချမ်းစသည်ဖြင့် ဧရာ ဝတီမြစ်ရိုး တစ်လျှောက် မြောက်ကနေ တောင်ကို တဖြည်းဖြည်းရွေ့ပြီး ကိုးနေရာ ထွန်းကားမယ် ဆိုတဲ့ ရှေးသိုက်စာအရ အင်းဝပြီးရင် မန္တလေးပဲဆိုပြီး မန္တလေးရူး ရူးနေတဲ့ရောဂါ ကုန်းဘောင်နှောင်းဆက် ဘုရင်တွေဆီမှာ ရှိတယ်။ ဘိုးတော်ဘုရား ခေါ် ဘုရင်ဦးဝိုင်း ကလည်း အမရပူရမြို့ သစ်ကို တည်ပြီး အဲဒါ မန္တလေးဆိုပြီး လုပ် ခဲ့တာပဲ။ မင်းတုန်းက သူ့လက်ထက်မှာ ဘုန်းလက်ရုံး ပြချင်တော့ အမရပူရနဲ့ မနီး မဝေးတောင်ပူစာနဲ့ မြစ်ချောင်းအင်းအိုင် ပေါပြီး စိမ်းလန်း စိုပြည်တဲ့နေရာကို ထပ်ပြီး မန္တလေး လုပ်ချင်တဲ့ သဘောနဲ့ မရရအောင် တည်တယ်။

(၆)သာသနာ ၂၄ဝဝ ရောက်ရင် (၁၂၁၈ ခုနှစ် သို့မဟုတ် ခရစ်နှစ် ၁၈၅၆) အင်္ဂါနံ မင်းက မြို့သစ်တည်မယ်။ ဒီအခါ သာသ နာတော်ဟာ မကြုံစဖူး ထူးကဲစွာ စည်ပင် ပြန့်ပွားပြီး မင်းဆက် ၄၇ ဆက်ကြာအောင် မြို့သက်ရှည်မယ် ဆိုတဲ့ တဘောင် ပေါ် ပေါက် လာတယ်။ (တကယ်တော့ တဘောင် ဆိုတာ တက်လာတဲ့ မင်းအပေါ် မူတည်ပြီး အခြေအနေ ကြည့် မြှောက်ပင့် ရေးထားတဲ့ ဘုန်းတော် ဖွဲ့စာတစ်မျိုး မဟုတ်လား)။ ဒီ တဘောင်ကြောင့် သူနန်းစတက်တဲ့ ၁၈၅၃ ခုနှစ်ကစလို့ မြို့သစ် တည်ချင်လွန်းလို့ မင်း တုန်းဟာ ထွန့်ထွန့် လူးနေပါတယ်။

ဒီလိုမြို့သစ် တည်တဲ့ မင်းအပေါ် ပြည်သူလူထုက ဘယ်လို မြင်ကြသလဲ။ လူသိများတဲ့ ပါးစပ် ရာဇဝင်တစ်ခုကို ကြည့် တဲ့အခါ- မဟာ သကျမာရဇိန် ကျောက် တော်ကြီးဘုရား မျက်နှာတော် ဖွင့်ပွဲကို ၁၈၆၅ ခုနှစ် မေလ ၁ဝ ရက်နေ့မှာ ကျင်း ပတော့ ဇာတ်ပွဲတွေအများကြီးနဲ့ အကြီးအ ကျယ်ဝှဲချီးကျင်းပဆိုပဲ။ ဘုရားပွဲကို လူတစ် ယောက် လှည်းနဲ့ ပွဲလာကြည့်တုန်း အိမ် ရှေ့စံ ကနောင်က သာမန်အဝတ် နဲ့ထွက် လာပြီး လှည်းကြုံ လိုက်စီးသတဲ့။ လှည်းပေါ် ရောက်တော့ ”ဘယ့်နှယ့်၊ ဘကြီး၊ ပျော်ရဲ့ လား” လို့ စကားစသတဲ့။ ”ပျော်သယ်လို့ ဘယ်ဟုတ်ပါ့မလဲကွယ်။ ပွဲဆိုတော့လည်း ကြည့်ချင်သာပ။ မြို့ဆောက်ရ၊ ကျုံးတူးရ၊ မြေသယ်ရ၊ မြောင်းသွယ်ရ၊ ကျောက်သယ် ရနဲ့ ငတို့မှာ နားရတယ် မရှိပါဘူး”လို့ ပြန် ဖြေတော့ ”ဒီမင်းက မြို့သစ်တည်ချင်လို့ပါ ဗျ။ နောက်မင်းလာရင် သက်သာမှာပါ” (နောက်မင်းက သူလေ)လို့ ကနောင်က ဆွယ် ပြောလေးပြောတဲ့အခါ လှည်းဆရာကြီးက ဒေါထပြီး ”မထင်ပါနဲ့ မောင်ရယ်၊ နောက် လူလည်း ဒီလိုပဲနေ မှာပဲ” လို့ တုတ်လိုက်သ တဲ့။ တကယ် မဟုတ်ဘဲ ပါးစပ်ပြောဆို ဦးတော့၊ အဲဒီခေတ် လူတွေရဲ့ ဒုက္ခကြောင့် ညည်း တွားရာ က ပေါ်ပေါက်ခဲ့တဲ့ ပဲ့တင်သံလို့ ယူဆနိုင်ပါတယ်။ ဘုရင်ကို ဒီလို ပြောတာ ကို ဘုရင် ဖြစ်တော့မယ့် ကနောင်က အပြုံး မပျက် ခံခဲ့တာကတော့ အံ့သြစရာ …

(၇)
ဒို့ဗမာရွှေနှုတ်တော်ထွက် နိုင်ငံခြားသား အမည်များ
၁။Father Paulo Abbona -ဒေါင်ပေါက် လူ၊ ဘုရင်ဂျီဘုန်းကြီး၊ မင်းတုန်းမင်း လက်ထက် ခရစ်ယာန်သာသနာပြု
၂။ Father Domingo Tarolly- ဒေါင် ဒမိန်ကူ၊ ဘုရင်ဂျီဘုန်းကြီး
၃။  John Laird Mair Lawrence- ဇံလယ်မင်းလာရင်း၊ အိန္ဒိယဘုရင်ခံချုပ်
၎။ Thomas Spear- သာမစပြစ်ရာ၊ အင်္ဂလိပ်ကုန်သည်
၅။ Major Arthur Purnes Phayre- မေဇာအာရတာပါရဝီဘွေရာ၊ အင်္ဂလိပ်အရေးပိုင်
၆။ Edward- ဧတွက်
၇။ Marquislord Dalhousie- မာရ်ကွီ သလပ်ဒါလဦးသီး၊ အိန္ဒိယဘုရင်ခံချုပ်
၈။Russia- ရွတ်နိုင်ငံ
၉။Turkey- ရွံနိုင်ငံ
၁ဝ။Capt. Newmarch ညိုမတ်၊ ယန္တယားစက်ဗိုလ်
၁၁။ Lt. Rolland- လက်တင်လှော်တံ
၁၂။ Capt. Young Husband ဗိုလ်ရောင် အစပင်၊ ဂေါ်ရာဗိုလ်
၁၃။ Dr. Douglas- ဆရာဝန် ဒါကလာ
၁၄။ Rev. H.W. Clofton- ကလော်တင်၊ အင်္ဂလိပ်ကျမ်းစာဆရာ
၁၅။Horace Albert Brown- သရက် ပြောင်း၊ သရက်အရေးပိုင် အင်္ဂလိပ်
၁၆။David Brown- တနင်္သာရီပြောင်း၊ တနင်္သာရီအရေးပိုင်
၁၇။ Major Henry Burney- မယ်ဇယ် ဘော်ရနီ
၁၈။ Richard Southwall Bourke Mayo- – ရငွးရိုးစိုင် ကောင်း မေးရိုး အာရုံနတ်၊ အိန္ဒိယ ဘုရင်ခံချုပ်၊ ၁၈၇၂ ခုနှစ် ဖေဖော်ဝါရီ ၈ ရက် မှာ အကျဉ်းသား တစ်ယောက် သတ်လို့ အက်ဒမန်ကျွန်းမှာ သေတယ်၊ ဝမ်းသာတဲ့ ကဗျာရေးလို့ အချုပ်တန်း ဆရာဖေ အချုပ်ခံရတယ်။
၁၉။ Lord Napier of Merchistoun- မာ ယာချစ်စတုံး အာရုံနီပြီရာ၊ အိန္ဒိယ ဘုရင်ခံချုပ်၊ အထက်က မေးရိုးရဲ့ နေရာဆက်ခံသူ
၂ဝ။William Ewart Gladstone- ဝီလျှံ စူဝက်ဂါလက်စတုံ၊ အင်္ဂလိပ်နန်းရင်း ဝန်
၂၁။Andrino- အိနြ္ဒိနော၊ အီတာလျှံကိုယ် စားလှယ်
၂၂။ Albert Racchia – အာရတိုက်ရိုက် ကျား၊ မင်းတုန်းမင်းထံ ၁၈၇၂ မှာ အခစားဝင်တဲ့ အီတာလျှံ သံအရာရှိ
(ဆက်ပါဦးမည်)

သင့်လူ

ကိုးကား
၁။    သန်းထွန်း၊ ဒေါက်တာ၊ ပါးစပ် ရာဇဝင်
၂။    သန်းထွန်း၊ ဒေါက်တာ၊ နယ်လှည့် ရာဇဝင်
၃။    သိန်း၊ ဆရာ၊ မှော်ဘီ၊ အရူး လွယ်အိတ်
၁၈၈၅ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့က မန္တလေးမြို့ ရွှေကျောင်းဝင်းအတွင်းရှိ အင်္ဂလိပ်စစ်တပ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*