ပြည်သူတီးတဲ့တရားစည် ပီပီသသမြည်ပါစေ

ပြည်သူတီးတဲ့တရားစည် ပီပီသသမြည်ပါစေ
March 9, 2017 Asian Fame

2:21 pm
ပြည်သူတီးတဲ့တရားစည် ပီပီသသမြည်ပါစေ

Tayar Si (2)

ပဒါန်းရွာ လမ်းအသုံးပြုခကောက်ခံရေးဂိတ်၌ ပဒါန်းမြို့စည်ပင် ဘီးခွန်ဟု ပြောဆိုကောက်ခံနေမှုအား အမှန်အတိုင်း ဖြစ်စေချင်ပါသည်

ကျွန်တော်သည် မကွေးတိုင်း ဒေသကြီး၊ သရက်ခရိုင် အထက် မင်းလှမြို့၌ ကိုယ်ပိုင်ဆေးခန်း ဖွင့်လှစ်ထားသော ဆရာဝန်တစ်ဦး ဖြစ်ပါသည်။ ၂၁-၂-၂ဝ၁၇ နေ့ တွင် မိသားစုနှင့်အတူ မန်းရွှေ စက်တော်ရာဘုရားသို့ ဘုရားဖူး ထွက်ခဲ့ပါသည်။ 9F -3763 Toyota Ipsum ကားလေးအား ကိုယ်တိုင် မောင်းနှင်ကာ မင်းလှ-ရေနံမ- ကန်တုတ်-ပဒါန်းလမ်းအတိုင်း မန်းရွှေစက်တော်ရာ ဘုရားသို့ သွားခဲ့ပါသည်။ ပဒါန်းရွာအဝင်ဂိတ်တွင် လမ်းအသုံးပြုခ ၃ဝဝ ကျပ်နှင့် မြို့ဝင်ကြေးဟုဆိုကာ ၂ဝဝ ကျပ် ကောက်ခံပါသည်။

ပဒါန်းသည် ငဖဲမြို့နယ်အတွင်းမှ ‘ရွာ’ ဖြစ်ပါသည်။ အနီးဆုံး ငဖဲမြို့နှင့် ဆယ်မိုင်ခန့်ဝေးသည်။ ပဒါန်းသည် ယခုအချိန်အထိ ‘မြို့’ မဟုတ်သေးပါ။ ရွာကို မြို့ဝင်ကြေး ဟု ပြောဆိုကောက်ခံခြင်းကြောင့် မိမိစိတ်ထဲ စနိုးစနောင့် ဖြစ်မိ သော်လည်း ဘုရားသို့ရောက်ရန်အရေးကြီးသည်က တစ်ကြောင်း၊ ဖြတ်ပိုင်းမတောင်းမိသည်က တစ် ကြောင်းကြောင့် ဘာမှမပြောတော့ဘဲ သူတို့တောင်းသည့် ပိုက်ဆံ ၅ဝဝ ကျပ်ကိုထုတ်ပေးကာ ဆက် လက်မောင်းနှင်လာခဲ့သည်။ မန်းရွှေစက်တော်ရာ နမ္မဒါတည်းခို ဆောင်၊ အခန်း (G) တွင် တစ်ည တည်းခိုကာ နောက်နေ့ ၂၂-၂-၂ဝ၁၇ ရက်နေ့လယ်၌ လာလမ်းအတိုင်း ပြန်မောင်းလာခဲ့သည်။

ပဒါန်းရွာ တိုက်နယ်ဆေးရုံ၌ တာဝန်ကျနေသော သူငယ်ချင်း နှင့်အတူ ပဒါန်း လမ်းဆုံအနီးရှိ ‘ငွေကြယ်လင်း ထမင်းဆိုင်’၌ နေ့ လယ်စာထမင်း အတူစားကြသည်။ ထမင်းစားပြီးသောအခါ သူငယ်ချင်းဖြစ်သူအား နှုတ်ဆက်ကာ ကားပြန်မောင်းလာခဲ့သည်။ ပဒါန်းရွာလမ်းအသုံးပြုခ ကောက်ခံရေးစခန်းသို့ ရောက်သောအခါ နေ့လယ် ၁ နာရီ ၄၅ မိနစ်ခန့် ရှိနေပြီဖြစ်သည်။ ထုံးစံအတိုင်း ငါးရာကျပ်ကောက်သည်။ ဖြတ်ပိုင်းဖြတ်ပေးရန် ဂိတ်မှ ဝန်ထမ်းလေးအား ပြောလိုက်သည်။ အောက်ဖော်ပြပါပုံအတိုင်း စာရွက်နှစ်ရွက်ထုတ်ပေးသည်။ တစ်ရွက်မှာ လမ်းအသုံးပြုခသုံးရာ။ ဒါက ကိစ္စမရှိ။ နောက်တစ်ရွက် က ‘ငဖဲမြို့နယ်(ပဒါန်းမြို့) စည် ပင်ဘီးခွန်ဖြတ်ပိုင်း’ဟု ခေါင်းစဉ် တပ်ထားသည်။

မိမိ နားလည်ထားသည်မှာ မြန်မာနိုင်ငံ၌ မြို့ဟု အမည်တပ်နိုင်မှ ဘီးခွန်ကောက်သည်။ တစ်နည်း မြို့အဝင်ကြေးဟု အမည်တပ်သည်။ ရွာအဝင်ကြေးဟု ကောက် ခံမှုမျိုးမရှိပါ။ ထို့ကြောင့် အဆိုပါ ဝန်ထမ်းအား ပဒါန်းရွာကို ‘မြို့’ဟု ခေါင်းစဉ်တပ်ကာ ဘာ့ကြောင့် ဘီးခွန်ကောက်နေတာလဲ မေးလိုက်သည်။ အဆိုပါဝန်ထမ်း မဖြေနိုင်ပါ။ ထို့ကြောင့် ဂိတ်တာဝန်ခံအား မေးပေးရန် ပြောလိုက်သည်။ အဆိုပါ ဝန်ထမ်းမှ ဂိတ်တာဝန်ခံထံ သွားပြောသည်။ ဂိတ်တာဝန်ခံမှ ထိုကိစ္စရှင်းချင်လျှင် အောက်ဆင်းခဲ့ဟု လူမိုက်ဆန်ဆန် လှမ်းပြောသည်။ ကျွန်တော် ကား အောက်မဆင်းပါ။ အဆိုပါဂိတ်အား ဓာတ်ပုံလှမ်းရိုက်လိုက်သည်။ ခုနက တာဝန်ခံနှင့် ဝန်ထမ်းများ ကားနားအပြေးလာကာ သူတို့ ဂိတ်ကို ဓာတ်ပုံရိုက်ခွင့်မရှိဘူးဟု ပြောဆိုကာ ချထားသော ဒရိုင်ဘာဘက် မှန်တံခါးပေါက်မှတစ်ဆင့် ကျွန်တော့်ဖုန်းကို လာလုသည်။ ဂိတ်ထဲမှ ဝန်ထမ်းများ သံတုတ်ကိုင်သူကိုင်သည်။ လှမ်းဆဲကာ ရန်စကြသည်။ မိမိကားထဲ မှာက မိမိ၏မိသားစု မိန်းမသား နှင့်ကလေးများသာပါသည်။ အန္တ ရာယ်ဖြစ်မည်စိုး၍ ကားအားမှန်တင်၊ လော့ချကာ မောင်းထွက်ခဲ့သည်။

‘ရွာ’ကို ‘မြို့’ဟု ဖြတ်ပိုင်းတွင် ရေးသားကောက်ခံမှုသည် ဖြတ်သွားသမျှကားများကို မလှိမ့်တပတ်လုပ်ကာ လိမ်ညာကောက်ခံသည်ဟု ထင်မိပါသည်။ တစ်စီး နှစ်ရာမှာ မနည်းပါ။ ပုသိမ်-မုံရွာ လမ်းမှာ တစ်ရက်ကို ကားအစီး ရေ တစ်ထောင်ခန့်ဖြတ်သွားသည်။ ထို့ကြောင့် ပဒါန်းမြို့ စည်ပင်ဘီး ခွန်ဟုပြောဆိုကာ ကောက်ခံမှု တစ်ခုတည်းမှ အကြမ်းဖျင်း တစ် ရက်ကို နှစ်သိန်း၊ တစ်လကို သိန်း ခြောက်ဆယ်၊ တစ်နှစ်ကို သိန်း ခုနစ်ရာ့နှစ်ဆယ်ခန့် ကောက်ခံနေ ပါသည်။ အစိုးရကပဲ ကောက် ကောက်၊ ပုဂ္ဂလိကကပဲကောက် ကောက် ပွင့်လင်းမြင်သာမှုရှိဖို့ လိုသည်ဟု ထင်မိပါသည်။ အခွန် ဆောင်သည့် ပြည်သူပြန်မေးလျှင် လည်း တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရှိ ပြန်လည်ရှင်းပြသင့်သည်ဟု ယူဆမိပါသည်။ ပြန်မေးသူအား ရန်ရှာခံရသော အဖြစ်မျိုးများ အားလည်း မကြုံချင်တော့ပါ။ ထို့ ကြောင့်ပဒါန်းရွာ လမ်းအသုံးပြုခ
ကောက်ခံရေးဂိတ်၌ ပဒါန်းမြို့ စည်ပင်ဘီးခွန်ဟု ပြောဆိုကောက် ခံနေမှုအား အမှန်အတိုင်းဖြစ်စေ ချင်ပါသည်။လူအချင်းချင်း လှည့်ပတ် ခြင်းကင်းဝေးကြပါစေ…

ဆန္ဒမွန်ဖြင့်
ဒေါက်တာ ရဲထွန်းဇော်
အထက်မင်းလှမြို့။

Tayar Si (1)

တာဝန်ရှိသူတို့ သိရှိနိုင်ရန် တင်ပြအပ်ပါသည်

ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် အောင်မိဿာကျေးရွာအုပ်စု ဗိုမထားခေါ်သော တံခွန်တိုင်ရွာလေးမှာ ပင်လယ်ကမ်းပြိုသောဒဏ် ကြောင့် ကိုယ်ထူကိုယ်ထဖြင့် ရွာကိုစွန့်ခွာထွက်ပြေးသွားကြကုန်ပြီ။ တရားဝင် ဘကကျောင်းမှာလည်း စာသင်မရတော့သဖြင့် ဖျက်သိမ်းထွက်ခွာသွားကြပြီ။ မီးလောင်ပြင်ကဲ့သို့ ဖြစ်သွားသော ထိုနေရာထိုဒေသ သို့ သက်ဆိုင်ရာ လူကြီးမင်းများ မည်သူတစ်ဦးတစ်ယောက်မှ လာရောက်မကြည့်ကြ၊ အကြောင်းကြားသော်လည်း မမောက်ရွာဘက်သို့သာ သွားကြသည်။ ဘကကျောင်းမှ စတုတ္ထတန်းဖြေဆိုမည့် ကျောင်းသား ၈ ယောက်ရှိသော်လည်း မိဘများ ထွက်ပြေးရာနောက်သို့ လိုက်ပါသွားကြ သည့်အတွက် ၁ ယောက်သာ ဖြေဆိုနိုင်ခဲ့သည်။ မြေနိမ့်ရာလှံစိုက်ဆိုသကဲ့ သို့ ဝေးလံသောထိုခရီးကို မသွားချင်ကြ။ ထိုကလေးသူငယ်များ၏ပညာ ရေးသည် တစ်ပိုင်းတစ်စနှင့် ဒုက္ခရောက်ကြရ၏။ ကူညီမည့်သူ မရှိသော သူတို့၏ဘဝလေးများသည် နေဝင်ချိန်မဖြစ်ပါစေနှင့်ဟု ဆုတောင်းပါ သည်။ တာဝန်ရှိသူတို့ သိရှိနိုင်ရန် တင်ပြလိုက်ပါသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ အကြံပြု တင်ပြအပ်ပါသည်

သို့/
ဦးဖြိုးမင်းသိန်း
ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး

ကျွန်တော်သည် အက္ခရာ Taxi ကို မောင်းနှင်ပြီး မိသားစုဝမ်းရေးအတွက် သမ္မာအာဇီဝနည်းဖြင့် လုပ်ကိုင်ရှာဖွေ န သူဖြစ်ပါသည်။ များမကြာမီကာလတွင် Taxi များကို တစ်ဝက်လျှော့ချမည့်သတင်း ကြားသည့်အချိန်မှစ၍ အိပ်မပျော် စားမ ဝင်ဖြစ်နေရပါသည်။ ကျွန်တော့်မှာ မှီခိုသူ ဇနီးရယ် သမီးနှစ်ယောက်ရယ် အားလုံး မိသားစုဝင်လေးယောက် ရှိပါသည်။ သမီး အကြီးက ဆယ်တန်း၊ သမီးအငယ်က ရှစ် တန်း ကျောင်းသားများဖြစ်ကြပါသည်။ မိဘများ၏အမွေသိန်း ၅ဝ ရလို့ အက္ခရာ ကားလေးတစ်စီးကို အြေ<ွကးစနစ်နဲ့ဝယ်ပြီး တရားဝင် လုပ်ငန်းလိုင်စင် လျှောက်ကာ မိသားစု၏ စားဝတ်နေရေး၊ လူမှုရေး၊ ပညာရေး၊ နေထိုင်ရေးတို့အတွက် Taxi မောင်းခြင်းဖြင့် ကြိုးစားရှာဖွေနေပါသည်။ ကားလေးတစ်စီးပိုင်ဖို့အတွက် ကုမ္ပဏီကို အြေ<ွကးဆပ်ရန် တစ်နှစ်ကျန်ပါသေးသည်။ စားရင်းသောက်ရင်း အြေ<ွကးဆပ်ရင်းနဲ့ ငွေ ပိုငွေလျှံလည်း မစုမိပါ။ သမင်မွေး ရင်းကျား စားရင်းဖြစ်နေပါသည်။။ ကုန်ဈေးနှုန်းနဲ့ ကလေးပညာရေးစရိတ်တွေက သိတဲ့အတိုင်း ဖြစ်သည်။။ Taxi တွေကို လျှော့ချမယ်လို့ သတင်းလည်းထွက်ရော အမြဲတမ်း Taxi တွေ ဈေးခုန်တက်သွားတာ လိုက်လို့တောင် မမီတော့ပါ။ Toyota Felder တွေဆို ၁၃၅ သိန်း လောက်ကနေ ၁၈ဝ လောက် ဖြစ်သွားပါသည်။

ကိုယ့်ကားကိုယ်ရောင်းမယ်ဆိုတော့လည်း အက္ခရာ Taxi မို့လို့ သူခိုး ဈေးပဲပေးပါတော့သည်။ သတင်းတွေ အရ အမြဲတမ်း Taxi ကလေးသောင်းကျော်နဲ့ အက္ခရာ Taxi က နှစ်သောင်းငါး ထောင်လောက်ရှိတယ်လို့ သိရပါသည်။ ရန်ကုန်မြို့ယာဉ်ကြောပိတ်ရခြင်းအကြောင်း အရင်းမှာ Taxi တွေကြောင့်လို့ ပြောဆိုနေကြတာ အနည်းငယ်ပဲ မှန်ပါလိမ့်မည်။ အဓိကကတော့ မြို့လယ်ကောင်မှာ အစိုးရရုံးများတည်ရှိခြင်း၊ ဈေးကြီးများရှိခြင်း၊ Shopping Mall များ လမ်းမကြီးများဘေးတွင် ကပ်လျက်တည်ရှိခြင်း၊ တိုးပွားလာသော ကားအရေအတွက်နှင့် လုံလောက် သောလမ်းမကြီးများမရှိခြင်းကြောင့် ကား ကျပ်ရခြင်း ဖြစ်ပါသည်။ ကားကျပ်ခြင်းကို အခြားသော ဖြေရှင်းနည်းဖြင့် ဖြေရှင်းသင့် ပါသည်။ Taxi မောင်းနေကြသူများသည် အောက်ခြေလူတန်းစားများ ဖြစ်ကြပါသည်။ ကိုယ်ပိုင်ကားအနက် မောင်းနေကြသူများမှာ လူလတ်တန်စားနှင့် အထက်တန်းစားများ ဖြစ်ကြပါသည်။ ကိုယ်ပိုင်ကားအနက်များကို အုပ်စုခွဲပြီး တစ်ပတ်မှာ တစ်ရက်မထွက် ခိုင်းလျှင် သူတို့အတွက် ခက်ခဲမည်မဟုတ် ပါ။ နှစ်သောင်းငါးထောင်မျှရှိသော Taxi များကို လျှော့ချလိုက်လျှင် ၎င်းတို့နှင့်ဆက် နွှယ်နေသော မိသားစု စားဝတ်နေရေးအတွက် အထူးစဉ်းစားသင့်ပေသည်။ ရန်ကုန် မြို့ကြီး စည်ပင်သာယာဝပြောရေးအတွက် ဝန်ကြီးချုပ်ကြီး နေ့မအား ညမနားလုပ်နေသည်များကိုလည်း အားလည်းပေးပါသည်၊ ထောက်လည်း ထောက်ခံပါသည်။ ပညာရှိ သတိဖြစ်ခဲ ဆိုသလို အဓိကနှင့် သာမည ခွဲခြားပြီးလုပ်ပါလို့ အကြံပြုပါရစေ။ ကျွန် တော်တို့သည်လည်း မြန်မာပြည်ကြီး တိုး တက်ဖွံ့ဖြိုးစေချင်လို့ လက်သန်းတွေ မင် အစွန်းခံပြီး မဲပေးခဲ့ကြပါသည်။ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ဝန် ကြီးချုပ်ကြီးလည်း ကျွန်တော်တို့ရဲ့အိပ်မက် များနှင့် ဘဝများကို ဖျက်ဆီးပစ်လိမ့်မယ်လို့ လုံးဝ(လုံးဝ) မထင်မိပါကြောင်း ယုံကြည် လျက်ပါ။ စာလည်းရှည်သွားပြီ။

လေးစားစွာဖြင့် ဦးနိုင်

(မှတ်ချက်။ ။ ဖော်ပြပါတင်ပြစာများသည် ကာယကံရှင်များ၏ အာဘော်သာဖြစ်ပြီး ပေါ်ပြူလာနယူးစ်ဂျာနယ်၏ အာဘော်မဟုတ်ပါ။)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*