အစိုးရသစ်လက်ထက်တွင် သစ်တောဝန်ထမ်း ၁၂၉ ဦးကို အရေးယူခဲ့

အစိုးရသစ်လက်ထက်တွင် သစ်တောဝန်ထမ်း ၁၂၉ ဦးကို အရေးယူခဲ့
March 9, 2017 Asian Fame

11:31 am
အစိုးရသစ်လက်ထက်တွင် သစ်တောဝန်ထမ်း ၁၂၉ ဦးကို အရေးယူခဲ့

ဝေရှိုင်းကျော်
ရန်ကုန်၊ မတ် ၆

ယခုအစိုးရသစ် လက်ထက်အတွင်း သစ်ခိုးထုတ်မှုများဖမ်းဆီးရန် တာဝန်ပေါ့လျော့မှုကြောင့် သစ်တောဝန်ထမ်း ၁၂၉ ဦးကို အရေးယူခဲ့ကြောင်း သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းက ပြောသည်။

အရေးယူခဲ့မှုတွင် ဒုတိယ ညွှန်ကြားရေးမှူး အဆင့်ရှိသူများ၊ အောက်ခြေသစ်တောဝန်ထမ်းများအထိ ပါဝင်ခဲ့ပြီး တရားမဝင်သစ် ဖမ်းဆီးရာတွင် တာဝန်ပေါ့လျော့မှုကြောင့် အရေးယူခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ ၎င်းတို့ကို တာဝန်မှ ရပ်စဲခြင်း၊ ရာထူးလျှော့ချခြင်း၊ ရာထူးတိုးရပ်ဆိုင်းခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

”တောအုပ် တောခေါင်းတွေက ကြိုးဝိုင်းကြိုးပြင်ကို ကာကွယ်ရတာ ရှိပါတယ်။ တရားမဝင်သစ် ခိုးထုတ်တယ်။ မသိလိုက်ဘူး။ သစ်ပင်ကြီးတွေ လဲသွား တယ်။ အဲ့ဒီတော့ ကင်းလှည့်စစ်ဆေးတဲ့ ကိစ္စမှာ ပေါ့လျော့ပါတယ်။ ဥပမာ ပြော မယ်ဆိုရင် သူတို့နယ်မြေထဲမှာ တရား မဝင်သစ်တွေ မသိဘဲ မိတယ်ဆိုရင် ဒါ မျိုးတွေက တာဝန် ပေါ့လျော့မှု ဖြစ်ပါ တယ်။ ခိုးဝင်လာတာ။ ဒါတွေကို စုံစမ်းမှုမရှိဘူး။ ပေါ့လျော့မှုကြောင့် ဖြစ်တယ်။ ဒါမျိုးတွေကို အရေးယူပါတယ်” ဟု သစ်တောဦးစီးဌာနမှ ဒုတိယညွန်ကြားရေး မှူးချုပ် ဦးဇော်မင်းက ပြောသည်။

ယခုနှစ်တွင် တရားမဝင်သစ်ခိုး ထုတ်ရာ၌ သစ်တောဝန်ထမ်းများ ပါဝင်ပတ်သက်မှု မရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။ သစ်ထုတ်လုပ်မှုများသော ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တ လေးတိုင်း နှင့် ကယားပြည်နယ် စသည့် နေရာများတွင်သာမက သစ်ထုတ်လုပ် မှု ရှိသော နေရာများမှ တာဝန်ပေါ့ ဝန်ထမ်းများကို အရေးယူခြင်းဖြစ်ကြောင်း ဦးဇော်မင်းက ဆိုသည်။ အစိုးရသစ်လက်ထက် အရေးယူခဲ့ သူများတွင် သစ်တောဦးစီးဌာနမှ ညွှန် ကြားရေးမှူးအဆင့်ရှိသူ ၁ဝ ဦး၊ ဦးစီး အရာရှိအပါအဝင် အောက်ခြေသစ်တော ဝန်ထမ်း ၁၁၉ ဦးအား တရားမဝင်သစ် ဖမ်းဆီးရာ၌ တာဝန်ပေါ့လျော့စွာ ဆောင်ရွက်ကြောင်း စစ်ဆေး တွေ့ရှိရ သဖြင့် ဝန်ထမ်း နည်းဥပဒေများအရ အရေးယူခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

ယခင်အစိုးရလက်ထက် ၂ဝ၁၅ – ၂ဝ၁၆ ဘဏ္ဍာနှစ်၌ အရေးယူ၊ ထုတ်ပယ် ခဲ့သူ သစ်တောဝန်ထမ်း ၂၁ဝ ကျော်ရှိပြီး သစ်ခိုးထုတ်မှု လုပ်ငန်းနှင့် ဆက်စပ် အရေးယူခဲ့သူများရှိခဲ့ကြောင်း သစ်တော ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းက ပြောကြားထားသည်။ သစ်ခိုးထုတ်မှုများကို ဖမ်းဆီးရမိ ချက်အရ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်တွင် တန်ချိန် ၃ဝ၃၂၇၊ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာ နှစ်တွင် တန်ချိန် ၃၁၅၇၁၊ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ၄၅၄၆၅၊ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် တန်ချိန် ၅၁၇၂၅နှင့် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် တွင် တန်ချိန် ၄၆ဝဝဝ ကျော် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။ ယခု အစိုးရ လက်ထက် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွင်း၌ တရား မဝင်သစ် စုစုပေါင်း ၄၁၇၅၈ ဒသမ ၁၁၃၇ တန်၊ နိုင်ငံခြားသား ၁၁ ဦး၊ တရားခံနိုင်ငံသား ၆၃၆၃ ဦး၊ ယာဉ် ယန္တရား ၂၁၁ဝ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ ကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်ထားသည်။ လက်ရှိတွင် သစ်တောဦးစီးဌာန၌ ရုံးဝန်ထမ်း ၂ဝ၂၁ ဦးနှင့် သစ်တော လုပ်ငန်းများတွင် ဆောင်ရွက်နေသော ဝန်ထမ်း ၅၉ဝ၉ ဦးရှိပြီး စုစုပေါင်းဝန်ထမ်းအင်အား ၇၉၃ဝ ဦးရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*