ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် လေးနှစ်အတွင်းအပြီး ဆောက်မည်

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် လေးနှစ်အတွင်းအပြီး ဆောက်မည်
March 9, 2017 Asian Fame

11:12 am
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် လေးနှစ်အတွင်းအပြီး ဆောက်မည်

စိုင်းလမင်း
နေပြည်တော်၊ မတ် ၇

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို လာမည့်လေးနှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောသည်။

”၂ဝ၂၁ ၊ ၂ဝ၂၂ အတွင်း မှာ အပြီးတည်ဆောက်ဖို့ စီမံ ချက်တွေ ရေးဆွဲထားတယ်။ ရန်ကုန်ကို ဝင်တဲ့ ပြည်ပခရီး သည်တွေ ဝင်ရောက်နှုန်းက လည်း အရမ်းများနေတယ်။ အဲ ဒီလိုဝင်လာရင် ရန်ကုန်အနေနဲ့ ဝင်ရောက်မှုနှုန်းကိုထိန်းနိုင်မှာ မဟုတ်ဘူး။ အခုလည်း တတ်နိုင်သမျှတော့ ရန်ကုန်လေဆိပ်ကို တိုးချဲ့နေတယ်” ဟု ၎င်းက ပြောသည်။

မတ်လ ၇ ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေးအပြီးတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က ပေါ်ပြူလာနယူးစ်သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ဆောက်လုပ် ရန်အတွက် ဂျပန်နိုင်ငံမှချေးငွေရယူကာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

”ဒီလေဆိပ်ကို ပုဂ္ဂလိက ကုမ္ပဏီကနေတာဝန်ယူတည် ဆောက်မှာပါ။ အရင်အစိုးရ လက်ထက်ကတည်းက ပုဂ္ဂလိက ကုမ္ပဏီက ရရှိပြီးသား။ အဲ့ဒီ ကုမ္ပဏီကနေ အမေရိကန်ဒေါ် လာ ၁ဘီလျံလောက်ပဲ ကုန်ကျခံနိုင်မယ်။ ကျန်တဲ့လိုတဲ့ငွေကိုတော့ အစိုးရက ဂျပန်နိုင်ငံက နေချေးရမှာပါ” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နှစ်စဉ်လူဦးရေ ၁၁ သန်းနီးပါး ဝင်ရောက်မှု ရှိနေကြောင်း ပို့ ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ မြန်မာနိုင်ငံတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် နေပြည်တော် အ ပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ ရှိနေပြီး ဟံသာဝတီအပြည် ပြည်ဆိုင်ရာ လေဆိပ်ကို ဆောက်လုပ်ပြီးစီးပါက လေးခု မြောက် အပြည်ပြည်ဆိုင်ရာ လေဆိပ် ဖြစ်လာမည်ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*