ထိုင်းရှိ မြန်မာလုပ်သားများ သင်္ကြန် ခွင့်ရက် ၂ဝ အထိ တိုးမြှင့်ရရှိ

ထိုင်းရှိ မြန်မာလုပ်သားများ သင်္ကြန် ခွင့်ရက် ၂ဝ အထိ တိုးမြှင့်ရရှိ
March 9, 2017 Asian Fame

12:24 pm
ထိုင်းရှိ မြန်မာလုပ်သားများ သင်္ကြန် ခွင့်ရက် ၂ဝ အထိ တိုးမြှင့်ရရှိ

(ရန်ကုန်၊ မတ် ၃)

ထိုင်းရောက်မြန်မာ ရွှေ့ ပြောင်းလုပ်သားများ သင်္ကြန်ကာ လ မြန်မာပြည် ပြန်ခွင့်ကို ထိုင်း အစိုးရက ရက် ၂ဝ ထိ တိုးမြှင့် ပေးကြောင်း ထုတ်ပြန်လိုက်သည်။

ယခင်နှစ်များက သင်္ကြန် ကာလ ထိုင်းရောက် မြန်မာလုပ် သားများ နေရပ်ပြန်ခွင့်ကို ဆယ် ရက်သာ ခွင့်ပြု ထားခဲ့ရာမှ ယခု ရက် ၂ဝ ထိတိုးမြှင့် ခွင့်ပြုပေးလိုက် ခြင်းဖြစ်ကြောင်း MWRN ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြောသည်။

”မနှစ်က ပေးခဲ့ဖူးတယ်။ ဆယ်ရက်လားပဲ။ ပန်းရောင်ကတ် သမားတွေ အတွက်ပေါ့။ ဒါပေ မယ့် အနီးကပ်မှ ကြေညာတာ။ ဒီနှစ်မှာတော့ ကြိုပြီး ကြေညာ တယ်။ ရက်နှစ်ဆယ် ပေးတယ်” ဟု ၄င်းက ဆိုသည်။

ယင်းကဲ့သို့ ရက် ၂ဝ ထိတိုး မြှင့်ပေးကြောင်းကို ထိုင်းအစိုးရ က ပြီးခဲ့သည့် ၂ ရက်ခန့်က ထုတ် ပြန်ကြေညာခဲ့ ခြင်းဖြစ်သည်။ ထို့ ကြောင့် ထိုင်းရောက် မြန်မာရွှေ့ ပြောင်းလုပ်သား များအနေဖြင့် သင်္ကြန်ကာလ နေရပ်ပြန်ခွင့် ကို ဧပြီလ ၁ဝ ရက်နေ့မှ ဧပြီလ ၃ဝ ရက်နေ့ ထိ ရရှိမည်ဖြစ်သည်။

ယင်းတွင် ပန်းရောင်ကတ် ကိုင်ဆောင်ထားသည့် အလုပ်သမားများ အနေဖြင့် နေရပ်ပြန်ခွင့် ကို ထိုင်းအစိုးရ ခွင့်ပြုချက်မလိုဘဲ နယ်စပ် တရားဝင်ဂိတ်များမှ ဖြတ် သန်းနိုင်မည် ဖြစ်ပြီး ယာယီပတ်စ် ပို့ ကိုင်ဆောင်သူများ အနေဖြင့် နယ်စပ်ဂိတ် များတွင် ပြန်လည် ဝင်ရောက်ခွင့် Re-entry (အိမ် ပြန်တံဆိပ်တုံး)ကို တစ်ခါတည်း ထု သွားရမည်ဖြစ်သည်ဟု ထိုင်း အစိုးရက ကြေညာထားသည်။

ထူးခြားချက်အနေဖြင့် ယခု နှစ်တွင် ထိုင်းအစိုးရက ပတ်စ်ပို့ သမားများ Re-entry ဗီဇာတုံးထု ခွင့်ကို အခမဲ့ သတ်မှတ်ပေးထား သည်။ လက်ရှိ ထိုင်းတွင် တရား ဝင် သွားရောက် လုပ်ကိုင်လျက်ရှိ သောမြန်မာ အလုပ်သမား ၂ သိန်း ကျော်ခန့်ရှိကြောင်း သိရသည်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*