ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးတွေကို ငွေကြေး ထောက်ပံ့ပေးတယ်။ တစ်ပြိုင်နက်တည်းမှာပဲ အာဟာရဆိုင်ရာ ပညာပေးဟောပြောမှု လုပ်ငန်းတွေကို လုပ်သွားမှာပါ …

ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးတွေကို ငွေကြေး ထောက်ပံ့ပေးတယ်။ တစ်ပြိုင်နက်တည်းမှာပဲ အာဟာရဆိုင်ရာ ပညာပေးဟောပြောမှု လုပ်ငန်းတွေကို လုပ်သွားမှာပါ …
March 9, 2017 Asian Fame

2:47 pm
ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးတွေကို ငွေကြေး ထောက်ပံ့ပေးတယ်။ တစ်ပြိုင်နက်တည်းမှာပဲ အာဟာရဆိုင်ရာ ပညာပေးဟောပြောမှု လုပ်ငန်းတွေကို လုပ်သွားမှာပါ …

kyawlin

ကလေးသူငယ်များ သေဆုံးမှုနှင့် ပုညှက်မှုနှုန်းအမြင့်ဆုံးဖြစ်နေသော ချင်းပြည်နယ်တွင် လာမည့်ဧပြီလမှစ၍ ကိုယ်ဝန်ဆောင်မိခင်များအား လစဉ် ထောက်ပံ့ကြေး ပေးသွားမည်ဖြစ်သည်။ ထို့ပြင် အဆိုပါ ကိုယ်ဝန်ဆောင်မိခင်များကမွေးဖွားလာသည့် ကလေးငယ်ကိုလည်း အသက်နှစ်နှစ်အထိ တစ်လလျှင် ကျပ်တစ်သောင်းခွဲနှုန်း ထောက်ပံ့ကြေး ပေးအပ်သွားမည်ဖြစ်သည်။ ထိုအစီအစဉ်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနနှင့် Livelihoods and Food Security Trust Fund (LIFT) တို့ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်သည်။ သို့ဖြစ်ရာ အဆိုပါ အစီအစဉ်နှင့် ပတ်သက်၍ အသေးစိတ်အကြောင်းအရာများကို လူမှုဝန်ထမ်း ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လင်းထင်နှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လင်းထင် နှင့် တွေ့ဆုံမေးမြန်းခြင်း

ချင်းပြည်နယ်မှာ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ကလေးတွေကို အာဟာရ ဖွံ့ဖြိုးမှုဆိုင်ရာ ငွေကြေးထောက်ပံ့ မယ့်အစီအစဉ်အကြောင်းလေး အ သေးစိတ်ပြောပြပေးပါခင်ဗျ။

ဒီအစီအစဉ်က ကိုယ်ဝန်ဆောင် မိခင်များနဲ့ ၎င်းတို့မှ မွေးဖွားလာသော အသက်နှစ်နှစ်အောက်ကလေး သူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်ပါ။ လောလောဆယ်က ချင်းပြည်နယ် မှာ လုပ်တာပေါ့။ ဒီအစီအစဉ်ဟာ ကျွန်တော်တို့ ၂ဝ၁၇ ဧပြီလကစပြီးတော့ အကျုံးဝင်ပါတယ်။ အဲဒီအချိန်မှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင် တွေ အကျုံးဝင်သွားတာပေါ့နော်။ ကိုယ်ဝန်ဆောင် မိခင်တစ်ယောက် ကို လစဉ်ကျပ်တစ်သောင်းခွဲထောက် ပံ့ ကြေးပေးမယ်။ သူတို့ကလေးမွေး ပြီးသွားတဲ့အခါကျရင် သူတို့ကလေး တွေကို ဆက်ပြီးပေးမယ်။ အဲဒီဟာက တစ်လကို တစ်သောင်းခွဲနဲ့ နှစ်လကိုတစ်ကြိမ် သုံးသောင်းစီ ထောက်ပံ့ပေးမှာပေါ့။ ထောက်ပံ့ ကြေး စပေးတဲ့အချိန် ဧပြီ ၁ ရက် နေ့မှာရှိနေတဲ့အသက်နှစ်နှစ်အောက် ကလေးတွေ ထောက်ပံ့ကြေးငွေကို ခံစားခွင့်မရှိပါဘူး။ ဧပြီ ၁ ရက်နေ့ မှာ ကိုယ်ဝန်ရှိနေတဲ့ မိခင်တွေဆီက မွေးလာတဲ့ အသက်နှစ်နှစ်အောက် ကလေးတွေသာ ခံစားခွင့်ရှိမှာပါ။

ဒီအစီအစဉ်ရဲ့ ရည်ရွယ်ချက်ကို လည်း သိပါရစေခင်ဗျ။

အဓိကရည်ရွယ်ချက်က ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးတွေ အာဟာရဆိုင်ရာ ရလဒ်ကောင်း တွေရရှိဖို့။ ဒါက အဓိက ရည်ရွယ်ချက်ပေါ့။ ပြီးတဲ့အခါမှာ ဒီအစီအ စဉ်မှာ အကျိုးခံစားခွင့်က နှစ်ပိုင်း ရှိတာပေါ့။ တစ်ခုက ခုနကပြောတဲ့ ငွေကြေး၊ နောက်တစ်ခုက အာဟာ ရဆိုင်ရာအသိပညာပေးတဲ့ လုပ်ငန်းတွေပါ။ အဲဒီတော့ ငွေကြေး ပေးမယ်၊ တစ်ပြိုင်နက်တည်းမှာပဲ အာဟာရဆိုင်ရာ ကိုယ်ဝန်ဆောင် ကျန်းမာရေး စောင့်ရှောက်မှုဆိုင် ရာပညာပေးလုပ်ငန်းတွေလုပ်မယ်။

အစ်ကိုတို့အနေနဲ့ အစီအစဉ်ကို ဘယ်တော့ထိလုပ်မှာပါလဲ။ စီမံ ကိန်းအတွက် အချိန်ကန့်သတ်ထားတာမျိုး ရှိပါသလားခင်ဗျ။

ဒီအစီအစဉ်ကို ပထမနှစ် နှစ်မှာကတော့ Livelihoods and Food Security Trust Fund (LIFT) ကထောက်ပံ့မယ်။ နောက်ပိုင်း တတိယမြောက်နှစ်က စပြီး တော့ နိုင်ငံတော်အစိုးရရဲ့ ရန်ပုံ ငွေနဲ့ ထောက်ပံ့ကြေး ပေးပါမယ်။ လောလောဆယ်ထိတော့ ဒီထောက်ပံ့ကြေးပေးတဲ့ အစီအစဉ်ကို ဘယ်တော့ရပ်မလဲဆိုတဲ့ကာလ ကန့်သတ်ချက်တွေ မရှိသေးဘူး။

ဒီအစီအစဉ်ကို ချင်းပြည်နယ် အပြင်အခြားဘယ်ဒေသတွေမှာ လုပ်ဖို့ရှိပါသလဲ။

အလှူရှင် ရန်ပုံငွေနဲ့တော့ ချင်းပြည်နယ်တစ်ခုတည်းပဲ။ ဒါပေ မယ့် နိုင်ငံတော်အစိုးရရဲ့ရန်ပုံငွေနဲ့တော့ လာမယ့် ဘတ်ဂျက်နှစ်မှာ ရခိုင်နဲ့ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာလုပ်ဖို့ အစီအစဉ်ရေးဆွဲ နေပါတယ်။

အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ် တွေထဲကမှ ဒီပြည်နယ်တွေကိုရွေး ပြီးလုပ်တာ ဘာကြောင့်ပါလဲခင်ဗျ။

အဓိကတော့ ကျွန်တော်တို့က ကလေးတွေရဲ့ အာဟာရဆိုင်ရာ ညွှန်းကိန်းတွေနိမ့်ကျလွန်းတဲ့ တိုင်း ဒေသကြီး ပြည်နယ်တွေကို ပထမ ဆုံး ဦးစားပေးအနေနဲ့ ပေးဖို့ စဉ်း စားတဲ့ အခါမှာကျတော့ ဒီ ရခိုင်၊ ချင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေက အခြားတိုင်းဒေသကြီး ပြည်နယ်တွေနဲ့စာရင် သူတို့ကနည်း နည်းလေး တိုးတက်အောင်လုပ်ဖို့ လိုသေးတဲ့ အခြေအနေမှာ ရှိနေ သေးတာပေါ့နော်။ နည်းနည်းလေး နိမ့်ကျနေတာပေါ့။ အဲဒါကြောင့်မို့ လို့ သူတို့ကို ဦးစားပေးတာပါ။

အဲဒီပြည်နယ်တွေက ကလေးတွေ ရဲ့အာဟာရဆိုင်ရာညွှန်းကိန်း အ ချက်အလက်တွေကို သိပါရစေ။

ရခိုင်ပြည်နယ်မှာဆိုရင် အ သက် ငါးနှစ်အောက်ကလေးတွေ ရဲ့ ၃၈ ရာခိုင်နှုန်းဟာ ပုညှက်မှုတွေ ဖြစ်နေပြီးတော့ အသက် ငါးနှစ် အောက်ကလေးတွေရဲ့ ၁၃ ဒသမ ၉ ရာခိုင်နှုန်းက ပိန်လှီမှုတွေ ဖြစ် နေပါတယ်။ ချင်းပြည်နယ်မှာဆို ရင် အသက်ငါးနှစ်အောက်ကလေး တွေရဲ့ ၄၁ ရာခိုင်နှုန်းဟာ ပုညှက် မှုတွေဖြစ်နေပြီး အသက် ငါးနှစ် အောက် ကလေးတွေရဲ့ ၃ ဒသမ ၃ ရာခိုင်နှုန်းက ပိန်လှီမှုတွေ ဖြစ် နေကြပါတယ်။

ကလေးတွေရဲ့ ပုညှက်မှုတွေ၊ ပိန် လှီမှုတွေ၊ ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုတွေ၊ ကလေးသေဆုံးမှု တွေ နည်းပါးလာအောင် လူမှုဝန် ထမ်းဦးစီးဌာနအနေနဲ့ ဘာတွေ လုပ်ဖို့ရှိပါသလဲ။

တစ်ခုက ကုယ်ဝန်ဆောင်မိခင် တွေ ကလေးတွေကို ငွေကြေး ထောက်ပံ့ပေးတယ်။ တစ်ပြိုင်နက် တည်းမှာပဲ အာဟာရဆိုင်ရာပညာ ပေး ဟောပြောမှုလုပ်ငန်းတွေကို လုပ်သွားမှာပါ။ ဒီနှစ်ခုနဲ့ အာဟာရ ဆိုင်ရာ ညွှန်းကိန်းတွေကို ပို ကောင်းလာအောင် ကျွန်တော်တို့ လုပ်သွားမှာပါ။

ကလေးပုညှက်မှု ၊ ကိုယ်ဝန်ဆောင် မိခင်သေဆုံးမှု၊ ကလေးသေဆုံးမှု တွေဟာ ဘယ်လိုအကြောင်းရင်း တွေကြောင့် ဖြစ်တာပါလဲ ခင်ဗျ။

ဒါကတော့ အကြောင်းရင်း များစွာရှိတာပေါ့။ ဒီဒေသတွေမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ တို့၊ ပြီးတော့ အခြားသော ကျန်း မာရေးဆိုင်ရာ ဝန်ဆောင်မှုတွေ ဒီအာဟာရ အသိပညာပေးဆိုင်ရာ လုပ်ငန်းတွေ ဒါတွေဟာ အောက် ခြေမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ချင်းစီကို လောလော ဆယ်မှာ မရောက်နိုင်သေးတာ ပေါ့။ ဒီဟာတွေကတော့ အခြေခံ အကြောင်းရင်းတွေပါ။

အာဟာရဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်း တွေလုပ်တဲ့အခါ အစ်ကိုတို့အတွက် ဘယ်လိုမျိုး အခက်အခဲတွေ စိန် ခေါ်မှုတွေ ရှိပါသလဲ။

ဒီဟာကတော့ ကျွန်တော်တို့ အခုဆောင်ရွက်မယ့် ဒေသတွေက သွားလာရခက်ခဲတဲ့ ဒေသတွေ ဖြစ်တယ်။ ဒါကလည်း စိန်ခေါ်မှု တစ်ရပ်ပဲ။ ပြီးတဲ့အခါမှာ ကျွန် တော်တို့ ဒီအစီအစဉ်က အခုမှစ ပြီး အကောင်အထည်ဖော်တာဖြစ် တဲ့အတွက်ကြောင့် တခြားသော အသိပညာဆိုင်ရာ ဒီဟာတွေလည်း ကျွန်တော်တို့အတွက် စိန်ခေါ်မှု တွေဖြစ်ပါတယ်။ စာရင်းကောက်ရ တဲ့ကိစ္စ၊ စာရင်းပြန်သွင်းတဲ့ကိစ္စ၊ စိစစ်တဲ့ကိစ္စ၊ နောက် ငွေကြေးထောက် ပံ့တဲ့ကိစ္စ ဒီဟာတွေအားလုံးက စိန်ခေါ်မှုတွေ။ ကျွန်တော်တို့က အ ခုမှစပြီးဆောင်ရွက်ရတာ ဖြစ်တဲ့ အတွက် အားလုံးကတော့ ကျွန်တော်တို့အတွက် စိန်ခေါ်မှုတွေ ဖြစ်ပါတယ်။ အဲဒီတော့ ဒီစိန်ခေါ် မှုတွေကနေပြီးတော့ တစ်နှစ်ထက် တစ်နှစ် ကောင်းအောင် သင်ယူ သွားရမှာပဲလေ။

အာဟာရ ဖွံ့ဖြိုးမှုဆိုင်ရာ အစီအ စဉ်တွေနဲ့ပတ်သက်ပြီး တခြားဖြည့် စွက်ပြောချင်တာရှိရင် ပြောပေးပါ ဦးခင်ဗျ။

အဓိကကတော့ ကျွန်တော်တို့ ဝန်ကြီးဌာနကတော့ ကလေးတစ် ယောက် တစ်နည်းအားဖြင့် လူ သားတစ်ယောက်ရဲ့ ပထမဦးဆုံး ရက်တစ်ထောင် ဒါဟာ လူသား ဘဝရဲ့ အရေးကြီးဆုံးအချိန်ကာလ ပေါ့။ လူ့ဘဝတစ်ခုလုံးရဲ့ အရေး ကြီးဆုံးဖောင်ဒေးရှင်း အခြေခံအုတ် မြစ်လို့ ပြောလို့ရတာပေါ့။ အဲတော့ ဒီရက်တစ်ထောင်မှာ အာဟာရ ပြည့်ဝစွာ ကြီးထွားလာမယ်။ မှန် မှန်ကန်ကန် ဖွံ့ဖြိုးတိုးတက်လာ မယ်ဆိုရင် လူ့ဘဝတစ်လျှောက်လုံး အတွက် အခြေခံအုတ်မြစ်ကောင်း ကြီးဖြစ်သွားမယ်။ ဒီအပေါ်မှာဘဝ ကို ဆက်တည်ဆောက်သွားလို့ ရ တာပေါ့။ ဒီအခြေခံဖြစ်တဲ့ ရက်တစ် ထောင်ကို ကျွန်တော်တို့က တတ် နိုင်သလောက် ထောက်ပံ့ပေးလိုက် ခြင်းအားဖြင့် သူ့ရဲ့အနာဂတ်အ တွက်ကို ကျွန်တော်တို့က အများ ကြီးရင်းနှီးမြှုပ်နှံပေးလိုက်ရာရောက် တာပေါ့။အဲဒီတော့ ကလေးတစ် ယောက်ချင်းစီရဲ့ အနာဂတ်ကောင်း မွန်ဖို့ဆိုတာ ဒါနိုင်ငံတစ်ခုလုံးရဲ့ အနာဂတ်ကောင်းမွန်မှုပဲလေ။ လို အပ်တဲ့ဒေသတွေမှာရှိတဲ့ ကလေး တွေရဲ့ ပထမဆုံးရက်တစ်ထောင် မှာ နိုင်ငံတော်အနေနဲ့ ဒီလိုဖြည့် ဆည်း ဆောင်ရွက်ပေးခြင်းဖြင့် အ နာဂတ် နိုင်ငံကို ပိုမိုကောင်းမွန် အောင် တည်ဆောက်ခြင်းဖြစ်ပါတယ်။

လင်းဟိန်း မေးမြန်းသည်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*