နိုင်ငံသား အကျိုးစီးပွားအတွက် ရလဒ်ကောင်းများ မရခဲ့သဖြင့် နိုင်ငံပိုင်စက်ရုံ ၄၄ ရုံကို ရပ်ဆိုင်းရန် အဆိုတင်သွင်း

နိုင်ငံသား အကျိုးစီးပွားအတွက် ရလဒ်ကောင်းများ မရခဲ့သဖြင့် နိုင်ငံပိုင်စက်ရုံ ၄၄ ရုံကို ရပ်ဆိုင်းရန် အဆိုတင်သွင်း
March 9, 2017 Asian Fame

11:49 am
နိုင်ငံသား အကျိုးစီးပွားအတွက် ရလဒ်ကောင်းများ မရခဲ့သဖြင့် နိုင်ငံပိုင်စက်ရုံ ၄၄ ရုံကို ရပ်ဆိုင်းရန် အဆိုတင်သွင်း

စိုင်းလမင်း
နေပြည်တော်၊ မတ် ၆

နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက် ရလဒ်ကောင်းများ ဖော်ဆောင်နိုင်မှုမရှိ ခြင်းနှင့် စီးပွားရေးတွက်ခြေကိုက်မှု မရှိခြင်း တို့ကြောင့် နိုင်ငံပိုင်စက် ရုံ ၄၄ ရုံကို လတ်တလောတွင် ရပ်ဆိုင်းထားရန် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက တင်သွင်းခဲ့သည်။

မတ်လ ၆ ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီမှအတွင်းရေးမှူး ဒေါက်တာ မြတ်ဥာဏစိုးက တင်သွင်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စု လွှတ်တော် ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီ ဒုဥက္ကဋ္ဌဦးအောင်မင်းက ”အလကား ရပ်ဆိုင်းခိုင်း တာမဟုတ်ဘူး။ ရပ်ဆိုင်းခိုင်းတဲ့ စက်ရုံတွေနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာ ပြည်ထောင်စု အစိုးရအဖွဲ့အနေနဲ့ စနစ်တကျ ပြန်လုပ်ပြီးတော့ လေ့လာသုံးသပ်ရမယ်။ ပြီးရင် ဘယ်လို ဆက်လုပ် ကြမလဲ။ ဆက်လုပ်နိုင်မယ့် နည်းလမ်းတွေကို ရှာကြံပြီးတော့ ဆက်လုပ်ဖို့ ဖြစ်ပါတယ်။ နောက် တစ်ခုက ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု ခေါ်ယူ ပြီးတော့ လုပ်ရမယ့်လုပ်ငန်းတွေရှိတယ်။ နောက်တစ်ခုက နိုင်ငံတော်အစိုးရကလုပ်ရမယ့် လုပ်ငန်း တွေအဖြစ် ခွဲခြားသတ်မှတ်ထားတာတွေ ရှိပါ တယ်။ ဒါတွေဟာ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက တွေ့ရှိချက်တွေဖြစ်ပါတယ်” ဟု ပြောသည်။

ရပ်ဆိုင်းရန် တင်ထားသော စက်ရုံများတွင် စက်မှုဝန်ကြီးဌာန အောက်ရှိ အမှတ် (၁) သံမဏိ စက်ရုံ (မြင်းခြံ)၊ ပလတ်စတစ်စက်ရုံ (ကျောက် ဆည်)၊ အမှတ်(၆) အထည်စက်ရုံ (မုံရွာ)၊ အမှတ် (၇) အထည်စက်ရုံ (မြစ်သား)၊ အမှတ် (၁ဝ) အထည်စက်ရုံ (တောင်သာ)တို့ အပါအဝင် စက်ရုံ ၃၄ ရုံနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အောက်မှစက်ရုံ ၁ဝ ရုံတို့ပါဝင်သည်။ ထို့အပြင် စက်မှုဝန်ကြီးဌာန လက်အောက်ရှိ စက်ရုံ ၄ ခုကို ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ် လုပ်ဆောင်သင့်ကြောင်း၊ မြင်းနှင့် သိုး မွေးမြူရေးစခန်းနှင့် ရေနံဓာတုဗေဒစက်ရုံ (သံပု ရာကန်)တို့ကိုမူ ပြည်ထောင်စုအစိုးရအဖွဲ့က ကြပ်မတ်ပြီး ဆက်လက် လုပ်ကိုင်သင့်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီမှ တင်သွင်းခဲ့သည်။ ထို စက်ရုံများ ပိတ်သင့်/ မသင့် ရင်းနှီးမြှုပ်နှံ မှု ခေါ်သင့် /မခေါ်သင့်နှင့် ပတ်သက်၍ ဆွေးနွေးလိုသော ကိုယ်စားလှယ်များအနေဖြင့် မတ်လ ၉ ရက်နေ့ နောက်ဆုံးထား စာရင်းသွင်းရမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က ကြေညာခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*