ဆောက်လုပ်ရေး လုပ်ငန်းများကို ကြီးကြပ်မည့် ကြားနေ အဖွဲ့အစည်း တစ်ခု ယခုနှစ် အတွင်း ဖွဲ့စည်းမည်

ဆောက်လုပ်ရေး လုပ်ငန်းများကို ကြီးကြပ်မည့် ကြားနေ အဖွဲ့အစည်း တစ်ခု ယခုနှစ် အတွင်း ဖွဲ့စည်းမည်
March 9, 2017 Asian Fame

2:38 pm
ဆောက်လုပ်ရေး လုပ်ငန်းများကို ကြီးကြပ်မည့် ကြားနေ အဖွဲ့အစည်း တစ်ခု ယခုနှစ် အတွင်း ဖွဲ့စည်းမည်

(ရန်ကုန်၊ မတ် ၃)

စည်ပင်သာယာရေး ကော်မတီ တစ်ခုတည်းဖြင့် ဆောက်လုပ်ရေး လုပ်ငန်းများ၏ စည်းကမ်း ဖောက်ဖျက် မှုကို ထိန်းသိမ်းနိုင်ခြင်း မရှိသော ကြောင့် ဆောက်လုပ်ရေး လုပ်ငန်း များ ဥပဒေနှင့် အညီ စည်းကမ်းလိုက် နာမှုရှိစေရန်အတွက် ကြီးကြပ်ပေး မည့် ကြားနေ အဖွဲ့အစည်းတစ်ခု ယခုနှစ်အတွင်း ဖွဲ့စည်းမည်ဖြစ် ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောသည်။

”တချို့လုပ်ငန်း တွေက စည်း ကမ်းမလိုက်နာကြဘူး။ သူတို့တွေ ကြောင့် ထိခိုက်မှုတွေ ရှိတယ်။ ဒါ တွေ မဖြစ်အောင် ကြားကနေစောင့် ကြည့်ဖို့ အတွက် ပညာရှင်တွေနဲ့ ဖွဲ့ စည်းထားတဲ့ Third Party အဖွဲ့ အစည်းတစ်ခု လိုအပ်တယ်”ဟု ဦးအောင်မြင့်က ပြောသည်။

ဆောက်လုပ်ရေး လုပ်ငန်းများ က အဆောက်အအုံ များကို စည်းမဲ့ ကမ်းမဲ့ ဆောက်လုပ်နေကြသော ကြောင့် သဘာဝ ပတ်ဝန်းကျင်ဆုံး ရှုံးမှု၊ ရှေးဟောင်း အမွေအနှစ် အ ဆောက်အအုံများ ပျောက်ကွယ်သွား ခြင်းတို့ရှိနေကြောင်း ၄င်းကဆက် ပြောသည်။ အဆိုပါ ဆောက် လုပ် ရေး လုပ်ငန်းများကို ကြီးကြပ်မည့် ကြားနေ အဖွဲ့အစည်း တစ်ခုရှိပါက ဆောက်လုပ်ရေး လုပ်ငန်းများ၏ စည်းကမ်း ဖောက်ဖျက်မှု၊ ဥပဒေချိုး ဖောက်မှုများကို ကာကွယ်နိုင်မည် ဖြစ်ကြောင်း ၄င်းက ပြောသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ အဆိုပါ ကြားနေ အဖွဲ့အစည်း ကို ဖွဲ့စည်းရန် ပြင်ဆင်နေပြီ ဖြစ်ကာ ယင်းအဖွဲ့တွင် ပညာရှင်များ၊ အစိုးရ အဖွဲ့ဝင်များ ပါဝင်မည် ဖြစ်ပြီး ယခုနှစ် အတွင်း ဖွဲ့စည်းပြီးနိုင်ခြေ ရှိကြောင်း ဦး အောင်မြင့်က ပြောသည်။

ဆောက်လုပ်ငန်းရေး လုပ်ငန်း များ၏ အဆောက်အအုံ ဆောက် လုပ်မှုကို စည်ပင် သာယာရေးကော် မတီက ခွင့်ပြုချက် ပေး ရသော်လည်း စည်ပင်သာယာ တစ်ခုတည်းဖြင့် ဆောက်လုပ်ရေး လုပ်ငန်းများ၏ စည်းကမ်း ဖောက်ဖျက်မှုကို ထိန်း သိမ်းနိုင်ခြင်း မရှိကြောင်း ဦးအောင်မြင့် က ဆက်ပြောသည်။

”မူကောင်းပေမယ့် လူ မ ကောင်းဘူး။ လူကောင်းပေမယ့် မူ မကောင်းဘူးပေါ့။ အဲဒီလို ရှိပါ တယ်။ ဒါကြောင့် ထိန်းသိမ်းဖို့ မလွယ်ဘူး” ဟု ၄င်းက ပြောသည်။

ရန်ကုန်တိုင်း အတွင်းဆောက် လုပ်ရေး လုပ်ငန်းများက ခွင့်ပြု ချက်မဲ့ အဆောက်အုံ များဆောက် လုပ်ခြင်းတို့ ပြုလုပ်လျက် ရှိသော ကြောင့် အဆောက်အအုံများ ခိုင် မာမှုမရှိခြင်း၊ ရေပိုက်လိုင်းများ ပျက်စီးခြင်း တို့ဖြစ်နေကြောင်း ဒေါ ပုံမြို့နယ် လွှတ်တော် ကိုယ်စား လှယ် ဦးဟန်စိုးက ပြောသည်။

”ဆောက်လုပ်ရေး လုပ်ငန်းတွေ က ဥပဒေ နဲ့အညီ စနစ်တကျမလုပ် ကြတဲ့ အတွက် ထိခိုက်ဆုံးရှုံးမှုတွေ အများကြီး ရှိပါတယ်။ ပတ်ဝန်းကျင် ကိုထိခိုက်မှုတွေ အများကြီး ရှိပါ တယ်” ဟု ဦဟန်စိုးက ပြောသည်။

လင်းဟိန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*