ဟံသာဝတီ ဦးဝင်းတင် အသက် ၈၇ နှစ်ပြည့် အမှတ်တရ အခမ်းအနား ကျင်းပမည်

ဟံသာဝတီ ဦးဝင်းတင် အသက် ၈၇ နှစ်ပြည့် အမှတ်တရ အခမ်းအနား ကျင်းပမည်
March 9, 2017 Asian Fame

5:28 pm
ဟံသာဝတီ ဦးဝင်းတင် အသက် ၈၇ နှစ်ပြည့် အမှတ်တရ အခမ်းအနား ကျင်းပမည်

(ရန်ကုန်၊ မတ်  ၆ )

ဟံသာဝတီ ဦးဝင်းတင်၏ အသက် ၈၇ နှစ်ပြည့် အမှတ်တရ အခမ်းအနားကို PEN Myanmar  နှင့် Yangon Book Plaza တို့ ပူး ပေါင်း၍ ‘ဘယ်သူလဲဟဲ့ ဦးဝင်းတင်’ အစီအစဉ် အဖြစ် မတ်လ ၁၂ ရက် တွင် ရန်ကုန်မြို့ Yangon Book Plaza ၌  ကျင်းပမည်ဖြစ် သည်။

”ဆရာက မြန်မာ့နိုင်ငံရေး အရရော သတင်းစာ ဆရာတစ် ယောက်အနေ နဲ့ရော စာရေးဆရာ တစ်ယောက် အနေနဲ့ရော အင်မ တန် အရေးကြီးတဲ့ ပုဂ္ဂိုလ်ကြီးဖြစ် တယ်။ နိုင်ငံ အတွက် အရေးကြီး တဲ့အခန်းကဏ္ဍ ရဲ့ ထောင့်တစ် ထောင့်မှာပါတဲ့ ဆရာကြီး တစ် ယောက် ဖြစ်တယ်။ ဒါကြောင့် မို့လို့ ဆရာကြီးနဲ့ ပတ်သက်တာတွေ မှန်သမျှကို အားထုတ်ခဲ့တာတွေ မှန်သမျှကို အမြဲအမှတ်ရလေး စားနေဖို့ လိုတယ်။ ပြီးရင်မျိုးဆက် သစ်တွေ ကိုလည်း လက်ဆင့်ကမ်း ပေးဖို့ လိုအပ်တယ်။ ဒါကြောင့် အထိမ်းအမှတ် အခမ်းအနားကို ကျင်းပတာပါ” ဟု PEN Myanmmar  မှ အတွင်းရေးမှူး ဆရာ ဟန်ဆန်းက ပြောသည်။

အဆိုပါ အစီအစဉ်တွင် သတင်း စာလောက၊ စာပေလောက၊ နိုင်ငံ ရေး အကျဉ်းသား အသိုင်းအဝိုင်း တို့တွင် အတူ ဖြတ်သန်းခဲ့သော ရဲဘော်များ၊ မိတ်ဆွေများ၊ လုပ် ဖော် ကိုင်ဖက်များ ဖြစ်ကြသည့်  ဆရာ ဦးအောင်ဝင့် (ဦးအုန်း ကြိုင်)၊ ဆရာမောင်မိုးသူ၊ ဆရာ မျိုးမြင့်ညိမ်း၊ ဆရာမ မသီတာ (စမ်းချောင်း) နှင့် ဆရာဂျင်မီ တို့က ဆရာနှင့် ပတ်သက်၍ ၄င်းတို့၏ အမှတ်တရများကို ပြောကြားသွား မည်ဖြစ်သည်။

ထိုအစီအစဉ်တွင် တက် ရောက်လာသူများ ကိုယ်တိုင်ပါ ဝင်နိုင်သည့် အစီအစဉ် များလည်း ပါဝင်မည်ဖြစ်ပြီး ဆုရသူများကို လည်း ဆုများ ချီးမြှင့်ပေးသွားမည် ဖြစ်သည်။

ထို့ပြင် ဆရာကြီးဟံသာဝတီ ဦးဝင်းတင်ရေးသားခဲ့သည့်  ‘ဘာ လဲဟဲ့ လူ့ငရဲ’ စာအုပ်ကိုလည်း တတိယ အကြိမ်အဖြစ် ‘ငါတို့စာပေ’ မှ မိတ်ဆက်သွားမည်ဖြစ်သည်။

အဆိုပါ အစီအစဉ်နှင့် ပတ် သက်၍ ငါတို့စာပေနှင့် Yangon Book Plaza   မှ ကိုစန်းမွန်အောင်က ”ကျွန်တော်တို့ရဲ့ ပလာဇာ မှာက စာရေးဆရာတွေ ၁၂ ဦးအတွက် အထိမ်းအမှတ် နေရာလေးတွေ ရှိတယ်။ ၁၂  ဦး ရွေးထားတဲ့ နေရာမှာ ဘဘ ဦးဝင်းတင်လည်း အပါအဝင် ဖြစ်တယ်။ ၁၂ ယောက် စလုံးရဲ့ မွေးနေ့ အမှတ်တရတွေကို အလျဉ်းသင့်သလို ကျင်းပ သွားမှာ ဖြစ်တယ်။ ပထမဦးဆုံး တိုက် တိုက်ဆိုင်ဆိုင် ပလာဇာ ဖွင့်ပြီးပြီး ချင်း ၁၂ ရက်က  ဘဘဦးဝင်းတင် မွေးနေ့ဖြစ်တယ်။ အစ်ကိုကလည်း ဘဘ ဦးဝင်းတင်မွေးနေ့ အမှတ် တရ ကျင်းပပေးချင်တယ်။ အဲဒီ အတွက် PEN Myanmmar ကနေ ကူညီပေးဖြစ်တယ်။ ဘဘက PEN Myanmmar  ရဲ့ ဂုဏ်ထူးဆောင် နာယကလည်း ဖြစ်ပါတယ်။ အဲဒီ နေ့မှာပဲ ဘဘရေးထားတဲ့ ‘ဘာ လဲဟဲ့ လူ့ငရဲ’ စာအုပ်ကိုလည်း ပြန် ထုတ်သွားပါမယ်”  ဟုပြောသည်။

ဟံသာဝတီ ဦးဝင်းတင်ကို ၁၉၃ဝ ပြည့်နှစ် မတ်လ ၁၂ ရက် တွင် မွေးဖွားခဲ့ပြီး ၂ဝ၁၄ ဧပြီလ ၂၁ ရက်တွင် ရန်ကုန် ဆေးရုံကြီး၌ ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

အိမ်စည်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*