လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ဆိုရင် ဒီတိုင်းရင်းသားတွေရဲ့ စာပေကိုလည်း ဖော်ထုတ်ခွင့် ပေးရမယ်

လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ဆိုရင် ဒီတိုင်းရင်းသားတွေရဲ့ စာပေကိုလည်း ဖော်ထုတ်ခွင့် ပေးရမယ်
March 9, 2017 Asian Fame

12:25 pm
လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ဆိုရင် ဒီတိုင်းရင်းသားတွေရဲ့ စာပေကိုလည်း ဖော်ထုတ်ခွင့် ပေးရမယ်

Myo Myint Nyein (Sar Pay Interview)

PEN Myanmar ဥက္ကဋ္ဌဖြစ်သူ ဆရာမျိုးမြင့်ညိမ်းနှင့် တွေ့ဆုံမေးမြန်းခြင်း

လွတ်လပ်စွာ ရေးသားဖော်ထုတ် ခွင့်ကိုကာကွယ်ရန်နှင့် သက်ဝင်ရှင်သန်သော စာပေယဉ်ကျေးမှုတစ်ရပ် ပြုစုပျိုးထောင်ရန် ဆောင်ပုဒ်ဖြင့် စာပေကဏ္ဍကို မြှင့်တင်လုပ်ဆောင်နေသည့် PEN Myanmar နှင့် BRITISH COUNCIL တို့ပူးပေါင်းကာ ဖန်တီးမှုအရေးအသားဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ယခုရက်အတွင်းက PEN Myanmar ရုံးခန်းတွင် သုံးရက်ကြာပြုလုပ်ခဲ့သည်။ ထိုဆွေးနွေးပွဲတွင် တိုင်းရင်းသားဒေသများမှလည်းပါဝင်ကြ ဆွေးနွေးခဲ့ကြသည်။ ထို့ကြောင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်များနှင့်တိုင်းရင်းသား စာပေ၊ဘာသာစကားနှင့်ပတ်သက်၍ အကြောင်းအရာများကို PEN Myanmar ဥက္ကဋ္ဌဖြစ်သူ ဆရာမျိုး မြင့်ညိမ်းနှင့် တွေ့ဆုံမေးမြန်းဖော်ပြပေးလိုက်ပါသည်။

ဒီဆွေးနွေးပွဲက ဆရာတို့ PEN Myanmar နှင့် BRITISH COUNCIL တို့ ပူးပေါင်းပြီးလုပ်တယ်လို့ သိရပါတယ်။ ဒီဆွေးနွေးပွဲ ပြုလုပ် ဖြစ်ပုံကို ပြောပြပေးပါဦးဆရာ။

ဒါက PEN Myanmar နှင့် BRITISH COUNCIL နဲ့ ပူးပေါင်းပြီး ၂ဝ၁၅တုန်းက H 2 Project ဆိုပြီး လုပ်ခဲ့တာရှိပါတယ်။ တိမ်မြုပ် ပျောက်ကွယ်နေတဲ့ စကားလုံးတွေ တိမ်မြုပ်ပျောက်ကွယ်နေတဲ့ စာပေတွေ၊ ဘာသာစကားတွေကို ပြန် လည်ဖော်ထုတ်မယ်ဆိုပြီး BRITISH COUNCIL က အဓိကဦး ဆောင်ပြီးလုပ်တဲ့နေရာမှာ PEN Myanmar က ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ပါတယ်။ အဲ့ဒီတုန်းက PEN Myanmar စာရေးဆရာတွေကနေ ပြည်နယ်နဲ့တိုင်း တွေသွားပြီး တိုင်းရင်းသားဘာသာ စကားတွေနဲ့ပတ်သက်ပြီး တိုင်းရင်းသားစာပေတွေကို ဖော်ထုတ်မှတ်တမ်းယူခဲ့ပါတယ်။ အဲ့ဒီတုန်းက လုပ်ခဲ့ဖူးတယ်။ ပြည်နယ်အနေနဲ့ ပြောမယ်ဆိုရင် ပြည်နယ် (၇) ခုလုံးမှာသွားပြီးတော့ အဲ့ဒီ ပြည်နယ်တွေမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့စာပေတွေကိုဖော်ထုတ်ခဲ့ဖူးတယ်။ စာအုပ်အနေနဲ့လည်း ထွက်ခဲ့ပါတယ်။ အဲ့ဒီကနေ နောက် ထပ် တစ်ဆင့်တက်လိုက်တာက အဲ့ဒီကနေပေါ်ထွက်လာတဲ့ စာရေး ဆရာတွေကို ရန်ကုန်မြို့ကိုခေါ်ပြီးတော့ ဝတ္ထုတစ်ပုဒ်ကို ဘယ်လိုဖန်တီးသလဲဆိုတာကို ဒီမှာရှိတဲ့ စာရေးဆရာမောင်ဒေးက ဦးဆောင် ပြီးတော့ သူ့ရဲ့အတွေ့အကြုံတွေကို ပြန်မျှတာပါ။ ဒီမှာ စာရေးဆရာမ စပယ်ဖြူနု၊ စာရေးဆရာ ဒီနိုဗို တို့ပါတယ်။ ဒီမှာက သင်တန်းသား တွေကို ပြည်နယ်(၇)ခုအတွက် ခုနှစ်ယောက်ခေါ်တာပါ။ ဒါပေမယ့်ဝေးလံတဲ့နေရာတွေဖြစ်နေတယ်။ သူတို့လာဖို့ အခက်အခဲရှိကြတယ်။ ဒါကြောင့်လာနိုင်တဲ့သူတွေလောက် ကိုပဲခေါ်လိုက်တာ။ ၇ ယောက် ခေါ်တာ ၄ ယောက်ပဲတက်နိုင်ပါ တယ်။ ကျန်တဲ့သူတွေကအရမ်းဝေးတယ်။ တချို့နေရာဒေသတွေက သိကြတဲ့အတိုင်းပဲ ပွင့်ပွင့်လင်းလင်း ပြောရရင် စစ်ဖြစ်နေတဲ့ဒေသတွေကသူတွေ မလာနိုင်ကြဘူး။ အဲ့ဒီအတွက်တော့ စိတ်မကောင်းဘူး။ ကျန်တဲ့သူတွေကတော့ PEN Myanmar က အဖွဲ့ဝင် စာရေးဆရာတွေ နဲ့စုစုပေါင်း ၁၃ယောက်ဖြစ်ပါတယ်။

ဆရာတို့တွေက တိုင်းရင်းသားဒေသ တွေကို ကိုယ်တိုင်သွားရောက် လေ့လာခဲ့ကြတယ်ဆိုတော့ အဲ့ဒီ ကနေ ကြုံတွေ့ရတဲ့အတွေ့အကြုံ ကိုလည်း ပြောပြပေးပါဦးဆရာ။

အတွေ့အကြုံကတော့ သွားရတဲ့အခါမှာ ဘာတွေ့ရသလဲဆို တော့ သူတို့ဆီမှာ တို့တွေမှတ်တမ်း မတင်ထားရသေးတဲ့ စာပေယဉ် ကျေးမှုတွေ အများကြီး ကဗျာတွေ စာတွေအများကြီး။သူတို့ရွတ်ဆို နေတဲ့သူတို့ရိုးရာ ယဉ်ကျေးမှုတွေ အများကြီး။ ဒါပေမယ့် ဘယ်သူက မှ မှတ်တမ်းတင်ထားတာမရှိသေး ဘူး။ အဲ့ဒါက အင်မတန်နှမြောဖို့ ကောင်းတယ်။ ဝမ်းနည်းဖို့ကောင်း တယ်။ အဲ့ဒါတွေကို ဖော်ထုတ်ရ မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘာသာစကားတစ်ခု ဖြစ်ထွန်းလာ ဖို့ဆိုတာ နှစ်ပေါင်းများစွာကြာပြီးမှ ဘာသာစကားဆိုတာ ဖြစ်တာပါ။ လူတွေကစစချင်းက စကားမပြော နိုင်ဘူး။ လက်ဟန်ခြေဟန်နဲ့ ပြော တယ်။ ကျောက်တုံးပေါ်မှာ စာ ရေးတယ် စသည်ဖြင့် ပြီးမှ စကား ပြောတတ်တာဖြစ်တဲ့အတွက် အဲ့ဒီ လိုနှစ်ပေါင်းများစွာ ကြာပြီးတော့ မှပေါ်လာတဲ့ ဘာသာစကားတစ်ခုက ပျောက်ကွယ်သွားတယ်ဆိုတာက အင်မတန်နှမြောဖို့ ကောင်းတယ်။ နောက်တစ်ခါ အဲ့ဒီဘာသာ စကားနဲ့အတူ စာပေယဉ်ကျေးမှုတွေ ပါကပ်ပါလာတယ်။ အဲ့ဒီ စာပေ ယဉ်ကျေးမှုတွေက ပျောက်ကွယ် နေတယ်။ တိမ်မြုပ်နေတယ်။ ဖုံး အုပ်နေတယ်။ ဒါတွေကိုဖော်ထုတ် ပေးမယ့်သူ မရှိဘူး။ လူတွေက စားဝတ်နေရေးအပေါ်မှာပဲ အား စိုက်ထုတ်ရတဲ့အခါမှာ စာပေတို့ ယဉ်ကျေးမှုတို့က တဖြည်းဖြည်း တိမ်မြုပ်ပျောက်ကွယ်သွားတာပေါ့။ ဒါတွေကို တိမ်မြုပ်ပျောက်ကွယ်ခြင်းမရှိအောင် အချိန်မီဆွဲ ထုတ်ဖို့လိုတယ်။ မှတ်တမ်းတွေ ရှိဖို့လိုတယ်။ တိုင်းရင်းသားတွေမှာလည်း တိုင်းရင်းသားစာပေတွေ ရှိတယ်။ မြန်မာစာတစ်ခုတည်း နဲ့တော့ တိုင်းရင်းသားတွေကို သွားပြီးတော့ ချုပ်ကိုင်ထားလို့ မရဘူး။ မြန်မာစာသည်တို့စာဆိုတာ မြန်မာတွေအတွက်တော့ ဟုတ်တယ်။ တိုင်းရင်းသားတွေ အ တွက်ကတော့ မြန်မာစာက သူတို့ အတွက် အင်မတန်ခက်ခဲပါတယ်။ သူတို့ ဘာသာစကား သူတို့မှာရှိ တယ်။ ဒါတွေကို မေ့လိုက်လို့မရ ပါဘူး။ တန်းတူညီမျှမှုကို ပြောမယ် ဆိုရင် အဲ့ဒါတွေလည်းပါတယ်။ လွတ်လပ်စွာရေးသားပြောဆိုခွင့် ဆိုရင် ဒီတိုင်းရင်းသားတွေရဲ့စာပေကိုလည်း ဖော်ထုတ်ခွင့်ပေးရမယ်။ သူတို့စာပေတွေလည်း သင်ရိုးညွှန်း တမ်းတွေမှာ ပါနေရမယ်။ သူတို့ ပညာတတ်ဖြစ်ရင် သူတို့စာနဲ့ သူတို့ ပညာတတ်ဖြစ်ရမယ်။ အခုချိန်မှာ တို့တိုင်းပြည်မှာ တရုတ်စာပေလည်း ဖွံ့ဖြိုးနေတယ်။ ကိုရီး ယားစာပေလည်း ဖွံ့ဖြိုးနေတယ်။ ဂျပန်စာပေ ဖွံ့ဖြိုးနေတယ်။ သို့ သော်လည်း တိုင်းရင်းသားတွေရဲ့ ဘာသာစကားတွေကတော့ ဖွံ့ဖြိုး တိုးတက်မှုမရှိဘူး။ ဒါကိုမဖြစ် ဖြစ် အောင်လုပ်သင့်တယ်လို့ယူဆတယ်။ အဲ့ဒါတွေအတွက် လုပ်တဲ့ အလုပ် တစ်ခုလည်း ပါပါတယ်။

အခုလုပ်တဲ့ ဆွေးနွေးပွဲကနေ တိုင်းရင်းသားစာပေအတွက် ဘယ်လောက်အထိ အကျိုးပြုနိုင်မယ်လို့ ပြောလို့ရမလဲ ဆရာ။

အကျိုးကျေးဇူးကတော့ ဝတ္ထု တစ်ပုဒ်ကို ဘယ်လိုရေးမလဲ ဆို တာပေါ့နော်။ လူတွေကပြောတယ်။ စာဖတ်တယ်။ စာရေးချင်လိုက်တာ ဆိုပြီးပြောတယ်။ စာကိုဘယ်လို စရေးရမှန်းမသိဘူး။ ဘယ်ကစာရေးရမလဲဆိုတာကို ပြောချင်တာပါ။ ဝတ္ထုတစ်ပုဒ်ကို ဘယ်လိုဖန်တီးသလဲဆိုတာကို ပြောချင်တာပါ။ ဝင်္ကပါလမ်းများဆိုတာ ဝတ္ထုရေး တဲ့အတတ်ပညာကို ပြောတာပါ။ စာဖတ်သူကို စာရေးသူ ဘာပြော သလဲဆိုတာကို မြင်သာအောင် ဖန်တီးရေးသားရတာ။ ဝတ္ထုမှာက ဝတ္ထုရေးတဲ့ အတတ်ပညာရှိတယ်။ ဒါတွေကို သင်ပေးတာပါ။ ဘယ် လောက်အထိ ပြန်ပြီးအကျိုးပြုနိုင်မလဲဆိုတာကတော့ တက်ရောက်တဲ့ သူတွေ ဘယ်လောက်လုပ်နိုင် သလဲဆိုတာအပေါ်မှာ မူတည်ပါ တယ်။ သင်တန်းတက်တဲ့သူတွေက ဘယ်လောက်အထိ စွမ်းဆောင်ရည်ရှိသလဲဆိုတာအပေါ်မှာ မူ တည်ပါတယ်။ ကလောင်သွေး ပေးလိုက်မှာပါပဲ။ သူတို့ဘယ် လောက်ရေးနိုင်မလဲဆိုတာအပေါ်မှာ မူတည်ပါတယ်။ သူ့ဒေသ ဖွံ့ဖြိုးရေးအတွက် ဘယ်လိုလုပ် နိုင်မလဲပေါ့။ ဆရာမောင်ဒေးဆိုရင် သူနိုင်ငံခြားကနေ ပြန်လာတယ်။ သူတတ်ထားတာတွေ သူလေ့လာ ထားတာတွေကို မြန်မျှတယ်။ ဒီတော့ တို့တွေရတယ်။ ဒီလိုပဲ။ ဒီမှာလာတဲ့သူတွေကလည်း သူ့ ဒေသအတွက် အကျိုးပြုဖို့တော့ လိုတယ်။ အဲဒါကိုတော့ မျှော်လင့် ပါတယ်။ သူတို့ ဘယ်လောက်လုပ် နိုင်သလဲဆိုတာမှာ သူတို့ဘယ် လောက်လုပ်ခွင့်ရှိသလဲဆိုတာတော့ ရှိပါတယ်။

ကျေးဇူးတင်ပါတယ်ရှင်။

အိမ်စည်စိုးစံ မေးမြန်းသည်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*