လောက်ကိုင်တွင်တိုက်ပွဲ ပြင်းထန်နေပါက ထိုဒေသတွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို အစိုးရက နောက်ဆုတ်သွားမည်

လောက်ကိုင်တွင်တိုက်ပွဲ ပြင်းထန်နေပါက ထိုဒေသတွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို အစိုးရက နောက်ဆုတ်သွားမည်
March 8, 2017 Asian Fame

11:29 am
လောက်ကိုင်တွင်တိုက်ပွဲ ပြင်းထန်နေပါက ထိုဒေသတွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို အစိုးရက နောက်ဆုတ်သွားမည်

Lauk Kai 3PNews
လောက်ကိုင်၊ မတ် ၆

လက်ရှိဖြစ်ပွားနေသည့် တိုက် ပွဲအခြေအနေ ပိုမိုပြင်းထန်လာလျှင် လောက်ကိုင်စာစစ်ဌာနများ မှနေ၍ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသူ၊ ကျောင်းသားများကို အစိုးရက နောက်ဆက်တွဲ မေးခွန်းအသစ်နှင့် အချိန်ပြောင်းပြီး သင့်တော်သည့် အချိန်တစ်ခု၌ အစားထိုးစစ်ဆေး ပေးမည်ဟု ပညာရေးဝန်ကြီးဌာန ပြောခွင့်ရ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခိုင်မြဲက ပြောသည်။

၂ဝ၁၇ တက္ကသိုလ်ဝင် စာမေး ပွဲ ဖြေဆိုရန် ၅ ရက်အလို မတ်လ ၂ ရက်နေ့ ညနေပိုင်းက လောက် ကိုင်မြို့ထဲသို့ ဖုန်ကြားရှင်အဖွဲ့ ပါဝင်သည့် မြောက်ပိုင်းမဟာမိတ် အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အစိုးရတပ်မတော်က ပြန်လှန်နှိမ် နင်းရင်း မြို့အတွင်းပြင်းထန်သည့် တိုက်ပွဲများဖြစ်ခဲ့သည်။ တက္ကသိုလ်ဝင် စာမေးပွဲသည် မတ်လ ၈ ရက်နေ့တွင် စတင်စစ် ဆေးမည်ဖြစ်ပြီး ပိတ်ရက်များကိုပါ ထည့်ပေါင်းပါက မတ်လ ၁၇ ရက် နေ့ကျမှသာ စာမေးပွဲစစ်ဆေးမှု ပြီးဆုံးမည်ဖြစ်သည်။ဒေါက်တာခိုင်မြဲက”ဒီအတွက်လည်း အားလုံးကိုပညာရေးဝန်ကြီး ဌာနက ညွှန်ကြားထားပြီးပါပြီ” ဟု ပေါ်ပြူလာနယူးစ်ကို ပြောသည်။

ပြီးခဲ့သည့် တစ်နှစ်ကျော်ကလည်း လောက်ကိုင်တွင် ထိုကဲ့သို့ သောတိုက်ပွဲဖြစ်ခဲ့၍အချိန်ပြောင်းကာ စစ်ဆေးခဲ့ရဖူးသည်ဟု သူက ဆိုသည်။ယခုနှစ် လောက်ကိုင်အထက စာစစ်ဌာနမှနေ၍ ကျောင်းသား၊ ကျောင်းသူ ၁ဝဝ ဝင်ဖြေမည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ စာရင်းပေးထားသည်ဟု ရှမ်းပြည် နယ်မြောက်ပိုင်း ပညာရေးမှူးရုံးက ပြောသည်။ ဒေသဆိုင်ရာ ပညာရေးဌာန က လက်ရှိအခြေအနေအရ လောက်ကိုင် အထကကျောင်းတွင်ဖွင့် ထားသည့် လောက်ကိုင်စာစစ်ဌာန ကို ပိုမိုလုံခြုံသည့် လောက်ကိုင် စစ်ဒေသကွပ်ကဲရေးရုံးအတွင်း ပြောင်းရွှေ့ဖွင့်လှစ်သွားရန် စီစဉ်နေသည်။ ”ဖြေလိုသူတွေရှိရင် ဖြေနိုင် အောင်လို့ပါ”ဟု လောက်ကိုင်ဒေသပညာရေးမှူးရုံးက ပြောသည်။ ထိုနေရာတွင် ဖြေဆိုသူမရှိ လျှင် အစိုးရက စီစဉ်ပေးသည့် နောက်ဆက်တွဲအစီအစဉ်နှင့် ဖြေခွင့် ရမည်ဖြစ်သည်။ နေပြည်တော်အခြေစိုက် ပညာရေးဝန်ကြီးဌာနဘက်က လောက်ကိုင်ဒေသမှ ကျောင်းသား၊ ကျောင်းသူများအတွက် နောက်ထပ်အစီ အစဉ်တစ်မျိုးကို လုပ်ဆောင်ထား ပြီး ယင်းမှာလောက်ကိုင်ဘက်မှ စစ်ဘေးရှောင်လာသည့် တက္ကသိုလ် ဝင်တန်းဖြေမည့်သူတိုင်းမည်သည့် စာစစ်ဌာနတွင်မဆို သွားရောက် ဖြေ ဆိုခွင့်ရှိမည့် အစီအစဉ်ဖြစ်သည်။ ဒေါက်တာ ခိုင်မြဲက ”လောက်ကိုင်အနီးတစ်ဝိုက်က မြို့တွေရော၊ တစ်တိုင်းပြည်လုံးကိုရော အမိန့် ထုတ်ထားပါတယ်” ဟု ပြောသည်။လောက်ကိုင် တိုက်ပွဲသည် အရပ်သားများ ထိခိုက်သေဆုံးမှု ရှိသည်အထိ ပြင်းထန်နေပြီး မတ်လ ၆ရက်နေ့တွင်ဖြစ်ခဲ့သည့် တိုက်ပွဲ ကြောင့် အမက လောင်အဲချီ ကျောင်းမှ မူလတန်းပြ ဆရာမ ဒေါ်ပြာမှီ သေဆုံးခဲ့ရသည်။ ပြီးခဲ့သည့် ၂ဝ၁၃ မတ်လကလည်း မိတ္ထီလာမြို့၌ ဘာသာရေး ပဋိပက္ခဖြစ်ပွားခဲ့သဖြင့် မိတ္ထီလာ မြို့ရှိ တက္ကသိုလ်များ၏ စာမေးပွဲများကို ရပ်ဆိုင်းလိုက်ရပြီး တက္ကသိုလ်ဝင်တန်း ဘောဂဗေဒစာမေးပွဲ ကို နေရာရွှေ့ပြောင်းဖြေဆိုစေခဲ့ရဖူးသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*