ရွှေစာရံ ဘုရားပွဲ ယာဉ်ဝင်ကြေး သတ်မှတ်နှုန်းထက် ပိုကောက်ပါက ဂေါပကသို့ တိုင်ကြားနိုင်

ရွှေစာရံ ဘုရားပွဲ ယာဉ်ဝင်ကြေး သတ်မှတ်နှုန်းထက် ပိုကောက်ပါက ဂေါပကသို့ တိုင်ကြားနိုင်
March 8, 2017 Asian Fame

12:19 pm
ရွှေစာရံ ဘုရားပွဲ ယာဉ်ဝင်ကြေး သတ်မှတ်နှုန်းထက် ပိုကောက်ပါက ဂေါပကသို့ တိုင်ကြားနိုင်

shwesaryan(မန္တလေး၊ မတ် ၇)

ရွှေစာရံ ဘုရားပွဲတော်လာ ယာဉ် များအား ယာဉ်ဝင်ခွင့်ကြေးကောက်ခံနေ ခြင်းသည် ဂေါပကအဖွဲ့၏ တရားဝင် ခွင့် ပြုချက်ဖြစ်ပြီး သတ်မှတ်ကြေး ထက်ပို ကောက်ခြင်းကိုသာ လက်သင့် မခံရန်နှင့် တိုင်ကြားပါက ထိရောက်စွာ အရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။

”ပွဲတော် ပြီးဆုံးတဲ့အထိ ကောက်သွား မယ်။ မော်တော်ကား အသေးတစ်စီး တစ် ထောင်ကျပ်၊ မော်တော် ဆိုင်ကယ်တစ်စီး ငါးရာကျပ်၊  ဖြတ်ပိုင်း နဲ့တကွ ကောက်ဖို့ ညွှန်ကြားထားတယ်။ ကားကြီးဆိုရင်တော့ နှစ်ထောင် ကောက်ပါမယ်။ သတ်မှတ်နှုန်း ထက် ပိုကောက်တယ် လို့သိတာနဲ့ တရားစွဲ တဲ့အထိ လုပ်သွားမှာပါ” ဟု ဘုရားဂေါပက ဥက္ကဋ္ဌ ဦးပြေငြိမ်းက ပြောသည်။

မန္တလေး ပုသိမ်ကြီးမြို့နယ် ရွှေစာရံ ကျေးရွာမှ  ရှေးဟောင်းသမိုင်းဝင် ရွှေစာရံ ဘုရားပွဲတော်ကို တပေါင်း လပြည့်နေ့မှ လပြည့်ကျော် ၉ ရက်အထိ ကျင်းပပြုလုပ် သွားမည် ဖြစ်သော်လည်း ဖေဖော်ဝါရီလ ကုန်ရက်ပိုင်း မှစကာ  ပွဲတော်လာသူများဖြင့် စည်ကား လျက်ရှိသည်။

ယခုလဆန်းပိုင်းက ဘုရားမုခ်ဦးအနီး ယာဉ်သွား လမ်းအား ပိတ်ဆို့ကာ ယာဉ်ဝင် ခွင့်ကြေး ၁၅ဝဝ ကျပ် ကောက်ယူနေသဖြင့် ပွဲတော်လာ ယာဉ်အများစု က မကျေမနပ် ဖြစ်လျက် ရှိကြောင်း သိရသည်။

”၁၅ဝဝ ကောက်တဲ့ကိစ္စ ကျွန်တော်တို့ ဖြေရှင်းပြီးပါပြီ၊ သတ်မှတ်နှုန်း အတိုင်း ကောက်ရမယ်၊  ဖြတ်ပိုင်းနဲ့ကောက်ရမယ်၊ဖြတ်ပိုင်း နဲ့မဟုတ်ရင် မလုပ်ရဘူးလို့ပြော ထားတယ်။ အမိန့်လည်း ထုတ်ထားပါ တယ်။ ဒါကိုမှ သတ်မှတ်နှုန်းထက် ပို ကောက်နေမယ်ဆိုရင် တရားစွဲတဲ့အထိ လုပ်မယ်” ဟု ၄င်းကဆိုသည်။

သတ်မှတ် ယာဉ်ဝင်ခွင့်ကြေး ပေး ဆောင်ပြီးပါကလည်း ယာဉ်ရပ်နားခွင့် ပေးရန် မလိုတော့ကြောင်း ၄င်းကဆက်  ပြောသည်။

ယာဉ်ဝင်ခွင့်ကြေး ကောက်ခံရခြင်း သည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အတွက်  အထောက်အပံ့တစ်ခု ဖြစ်စေရန် ခွင့်ပြု ထားခြင်းသာဖြစ်ပြီး  ဂေါပကအဖွဲ့ အနေဖြင့် ဘုရားပွဲတော်နှင့် ပတ်သက်၍ မည်သည့် လေလံစနစ်ဖြင့်မှ ခွင့်ပြုဆောင် ရွက်ထားခြင်း မရှိကြောင်း၊ လေလံစနစ်ဖြင့် ငွေကြေး ကောက်ခံသည်ဟု ပြောဆို တောင်းယူပါက တိုင်ကြားနိုင်ကြောင်း၊ တရားစွဲဆို အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*