အာဖဂန်-ပါကစ္စတန်နယ်စပ်ဝင်ပေါက်ကို ပါကစ္စတန်ဘက်မှ ယာယီ ပြန်ဖွင့်ပေးလိုက်ပြီ

အာဖဂန်-ပါကစ္စတန်နယ်စပ်ဝင်ပေါက်ကို ပါကစ္စတန်ဘက်မှ ယာယီ ပြန်ဖွင့်ပေးလိုက်ပြီ
March 8, 2017 Asian Fame

2:23 pm
အာဖဂန်-ပါကစ္စတန်နယ်စပ်ဝင်ပေါက်ကို ပါကစ္စတန်ဘက်မှ ယာယီ ပြန်ဖွင့်ပေးလိုက်ပြီ

Pakistan-temporarily

(တော်ခန်း၊ မတ် ၇)

ပါကစ္စတန် နှင့် အာဖဂန်နစ္စ တန်နယ်စပ် တော်ခန်းဝင်ပေါက် ကို ပါကစ္စတန် ဘက်မှ မတ်လ ၇ ရက်နေ့ မှစ၍ ယာယီ ပြန် ဖွင့် ပေး လိုက်ကြောင်း သိရသည်။

ထိုသို့ ပြန်လည် ဖွင့်ပေးလိုက် ခြင်းကြောင့် အကြမ်းဖက် တိုက် ခိုက်မှုများကို ရှောင်ရှားနေကြရ သည့် နှစ်နိုင်ငံနေ ပြည်သူများ ထောင်နှင့် ချီ၍ မိမိ တို့၏ မိခင် နိုင်ငံ အသီးသီး ဆီသို့ ပြန်လာနေ ကြပြီ ဖြစ်သည်။

”ကျွန်တော့်မှာ တရားဝင်စာ ရွက်စာတန်း အထောက်အထား တွေရှိပါတယ်။ ကျွန်တော့် မိခင် နိုင်ငံကိုပဲ ပြန်ချင်ပါတယ်။ ဒီကို ဘယ်တော့မှ ပြန်မလာတော့ပါ ဘူး။ ကျွန်တော့်ကို အိမ်ပြန်ခွင့် ပေးပါ”ဟု အာဖဂန်ဘက်သို့ ရောက် ရှိနေသော အသက် ၅၂နှစ် အရွယ် မာတီလာခန်းကပြောသည်။ သူ့ မိသားစုသည် နယ်စပ်ဂိတ်တွင် သူ့အား စောင့်နေကြသည် ဆို၏။

အဆိုပါ နယ်စပ် တော်ခန်း ဝင်ပေါက်ကို ပြီးခဲ့သည့် တစ်လ ခန့် အကြမ်းဖက်တိုက်ခိုက်မှု များ ဆက်တိုက် ဖြစ်ပွားခဲ့စဉ်က ပိတ်ထား ခဲ့ခြင်း ဖြစ်ပြီး ယခုသော် တရားဝင် စာရွက်စာတမ်း အ ထောက်အထား ကိုင်ဆောင် ထားသူများအား နှစ်နိုင်ငံစလုံး က ပြန်လည် လက် ခံနေကြပြီ ဖြစ် သည်။

PN002
Ref: Pakistan temporarily reopens its border with Afghanistan

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*