လျှပ်စစ်မီးရရှိသောသူများအတွက် အရှုံးခံရောင်းချ ပေးနေရခြင်းသည် လျှပ်စစ်မီးမရသော ကျေးလက်ပြည်သူများကို အားနာစရာဖြစ်နေဟု လျှပ်စစ်နှင့်စွမ်းအင်ဒုတိယဝန်ကြီး ပြော

လျှပ်စစ်မီးရရှိသောသူများအတွက် အရှုံးခံရောင်းချ ပေးနေရခြင်းသည် လျှပ်စစ်မီးမရသော ကျေးလက်ပြည်သူများကို အားနာစရာဖြစ်နေဟု လျှပ်စစ်နှင့်စွမ်းအင်ဒုတိယဝန်ကြီး ပြော
March 8, 2017 Asian Fame

3:52 pm
လျှပ်စစ်မီးရရှိသောသူများအတွက် အရှုံးခံရောင်းချ ပေးနေရခြင်းသည် လျှပ်စစ်မီးမရသော ကျေးလက်ပြည်သူများကို အားနာစရာဖြစ်နေဟု လျှပ်စစ်နှင့်စွမ်းအင်ဒုတိယဝန်ကြီး ပြော

ဖြိုးထက်အောင်
ရန်ကုန်၊ မတ် ၃

တိုင်းပြည်တွင် လျှပ်စစ်မီးသုံးစွဲ ခွင့်ရနေသူများအတွက် အစိုးရက ဘဏ္ဍာငွေ အရှုံးခံရောင်းချပေး နေရခြင်းမှာ လျှပ်စစ်မီးမရသေးသော ကျေးလက်နေပြည်သူများအတွက် အင်မတန်အားနာစရာကောင်း ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ပြောသည်။ တိုင်းပြည်တွင်လျှပ်စစ် မီးသုံး စွဲခွင့်ရနေသည့် သုံးဆယ့်ငါးရာ ခိုင်နှုန်းသော ပြည်သူလူထုကို တစ် ယူနစ်ရောင်းတိုင်း တိုင်းပြည်ဘဏ္ဍာ တွင် နှစ်ဆယ့်သုံးကျပ် အရှုံးပေါ်နေ၍ ဓာတ်အားမရရှိသေးသော ကျေးလက်နေပြည်သူများအတွက် ပံ့ပိုးမှုနှေးကွေးနေကြောင်း၊ ယင်းမှာ ကျေးလက်နေပြည်သူများကို အားနာစရာကောင်းကြောင်း ၎င်းက ပြောသည်။

”ဓာတ်အား မထောက်ပံ့နိုင်သေးတဲ့ ဝေးလံတဲ့နေရာက ပြည်သူတွေဟာ အင်မတန်ကြီးမြင့်တဲ့ နှုန်းနဲ့ပေးသုံးနေရတယ်။ သူတို့ တစ်တွေလည်း သူတို့ဒေသမှာ ဝင် ငွေအလျောက် အခွန်တွေဆောင် နေရတယ်။ အဲဒီအခွန်တွေက နိုင်ငံတော်ရဲ့ဘတ်ဂျက်အဖြစ်နဲ့ လျှပ်စစ်မီးရတဲ့သူတွေအတွက် မီး မရတဲ့သူတွေက စိုက်ပေးနေရ တယ်ဆိုရင် ဘယ်လိုများသာတူညီမျှဖြစ်မှာလဲ” ဟု ပြည်ထောင်စု ဒုတိယဝန်ကြီးက ပြောသည်။

မတ်လ ၃ ရက်နေ့က ရန်ကုန် မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ်ရုံးတွင် ပြုလုပ်သော လျှပ်စစ် နှင့်စွမ်းအင်ကဏ္ဍဖွံ့ဖြိုး တိုးတက် ရေးဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ကထိုသို့ပြောသည်။ ”အသုံးစရိတ် တွေကို နိုင်ငံတော်ကနေ နှစ်တိုင်း စိုက်ထုတ်နေရမယ်ဆိုရင် ဒီ (ဓာတ်အားပေးလိုင်းများ တိုးချဲ့ ခြင်း၊ ဓာတ်အားပိုမိုဖြန့်ဖြူးခြင်း) လုပ်ငန်းတွေအတွက် ငွေမရှိတော့ပါဘူး။ ငွေမရှိရင် လျှပ်စစ်ဓာတ်အား ကဏ္ဍတိုးတက်မှု ပိုနှေးကွေး နေမှာဖြစ်ပါတယ်”ဟု ဒေါက်တာ ထွန်းနိုင်က ဆိုသည်။

အစိုးရ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမှုမှာ ကိုးဆယ့် နှစ်ကျပ်အသားတင် အရင်းရှိနေ ၍ အနိမ့်ဆုံး တစ်ယူနစ်လျှင် သုံးဆယ့်ငါးကျပ်နှုန်းဖြင့် ပြည်သူ များကို ပေးရောင်းနေမှုကြောင့် တစ်ယူနစ်ရောင်းတိုင်းနိုင်ငံဘဏ္ဍာတွင် နှစ်ဆယ့်သုံးကျပ်အရှုံးပေါ် နေကြောင်း၊ ကုန်ကျစရိတ်ကိုကာ မိစေမည့်ဝင်ငွေမျိုးရရှိပါမှ လျှပ်စစ် ဓာတ်အားကို ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆွေးနွေး ပွဲတွင် ပြောသည်။ ”လာမယ့်နှစ်အတွက် ကြိုတင်ခန့်မှန်းတွက်ချက်လိုက်တဲ့အခါမှာ ငွေကျပ် ၃၇၈ ဘီလျံ အရှုံးပေါ်နိုင်တယ်လို့သိရတယ်။ ဒီတော့ နိုင်ငံ တော်ကရင်းနှီးမြှုပ်နှံမှုတွေတိုးပြီး မလုပ်နိုင်ဘဲနဲ့ တိုင်းပြည်မှာ ၃၅ ရာ ခိုင်နှုန်းသော လျှပ်စစ်ဓာတ်အား အသုံးပြုခွင့်ရနေသူတွေအတွက် ကွက်ပြီး အရှုံးခံစိုက်ထုတ်ပေးနေရသလိုဖြစ်နေပြီ”ဟုဒုတိယဝန်ကြီး ကဆက်ပြောသည်။ လက်ရှိတွင် အစိုးရကလျှပ်စစ်ဓာတ်အားကို အိမ်သုံးတစ်ယူနစ်လျှင် ၃၅ကျပ်မှ ကျပ် ၅ဝအထိ၊ စီးပွားရေးလုပ်ငန်းသုံး တစ်ယူနစ်လျှင် ၇၅ကျပ်မှ ၁၅ဝကျပ် နှုန်းဖြင့် ဖြန့်ဖြူးရောင်းချနေသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*