ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်း ရာနှုန်းပြည့်မမှန်နိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဆို

ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်း ရာနှုန်းပြည့်မမှန်နိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဆို
March 8, 2017 Asian Fame

3:22 pm
ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်း ရာနှုန်းပြည့်မမှန်နိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဆို

ဖြိုးထက်အောင်
ရန်ကုန်၊ မတ် ၇

ကြားဖြတ်ရွေးကောက်ပွဲတွင် မဲစာ ရင်းမှန်ကန်မှုများအောင် လုပ်နေသော်လည်း လူများလုပ်နေခြင်းဖြစ်၍ အမှားအယွင်းများပါနေမည်ဖြစ်ပြီး ရာနှုန်းပြည့် မမှန်နိုင်ကြောင်း ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောသည်။

ဧပြီလ ၁ ရက်နေ့တွင်ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာ ရင်းများနှင့်ပတ်သက်၍ ယခုချိန်ထိ ကျေနပ်သည့်အဆင့် မရောက်သေး ကြောင်း၊ ရာခိုင်နှုန်း မည်မျှမှန်ကန်မည် ဆိုသည်ကို ကြိုပြော၍မရဘဲ ပိုကောင်းအောင်သာ ကြိုးစားနေကြောင်း ၎င်းက ပြောသည်။

”ဘယ်လောက်ထိ တိုးတက်လာ တယ်ဆိုတာ ရွေးကောက်ပွဲပြီးသွားရင် အဖြေပေါ်လာမှာပဲ။ နောက်ဆုံးသုံး သပ်ရင် ဘယ် လောက်ထိကောင်းလာ တယ်၊ တိုးတက်လာတယ်ဆိုတာ သိရ မှာပဲ။ အခုချိန် ကြိုပြောရင်မှန်းဆ ချက်ပဲရမှာ”ဟု ၎င်းကပြောသည်။ မတ် လ ၇ ရက်နေ့တွင် ရန်ကုန်မြို့ Park Royal ဟိုတယ်၌ ပြုလုပ်သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများတွေ့ဆုံပွဲ၌ ၎င်းက ထိုသို့ပြောခြင်းဖြစ်သည်။

မဲစာရင်းများ မှန်ကန်မှုရှိစေရန် ကော်မရှင်အနေဖြင့် အိမ်တိုင်ရာရောက် (Door to Door) မဲစာရင်းကောက်သည့် စနစ်ကိုကျင့်သုံးခဲ့သော်လည်း မဲစာ ရင်းမှန်ကန်ပြီဟု ပြောမရကြောင်း ကော်မရှင်ဥက္ကဋ္ဌက ပြောသည်။ ”ဥပမာ လှိုင်သာယာလိုနေရာမျိုး ကျွန်တော်တို့သွားတယ်။ သူတို့က ၇ နာရီမတိုင်ခင် အိမ်ကထွက်သွားတယ်။ ကျွန်တော်တို့သွားတာ ၉ နာရီ၊ ၄ နာရီဆို သိမ်းပြီ။ သူတို့က ၆ နာရီမှ အိမ်ပြန်ရောက်တယ်။ ဒီလူကို ရုံးချိန် ကြီးအိမ်မှာ ထိုင်စောင့်နေပါ ပြောရ အောင် ကျွန်တော်တို့က ပိုက်ဆံပေး ထားတဲ့လူလည်းမဟုတ်။ လခပေးထားတာလည်းမဟုတ်။ ဒီလိုနေရာမျိုးတွေ မှာ မဲစာရင်းမှန်ဖို့ဆိုတာ သိကြားမင်း ဆင်းကောက်လည်း မမှန်ဘူး” ဟု ၎င်းက ပြောသည်။ ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီလ ၁ ရက်နေ့တွင်ကျင်းပသွား မည်ဖြစ်ပြီး မဲဆန္ဒနယ်အတွင်းမှ ကြိုတင်မဲပေးမည့် သူများ မတ်လ ၂၂ ရက်နေ့မှ ၃၁ ရက် နေ့အတွင်း မဲပေးနိုင်ကြောင်းကော်မရှင် မှ သိရသည်။

အဆိုပါ ကြိုတင်မဲပေးလိုသူများအ တွက် ၁ဝ ရက်ကြိုတင်မဲနှင့်၂ ရက်ကြို တင်မဲဟူ၍ နှစ်မျိုးရှိပြီး ၁ဝ ရက်ကြိုတင် မဲကို မတ်လ ၂၂ ရက်နေ့မှ ၃၁ ရက် နေ့အထိလည်းကောင်း၊ ၂ ရက်ကြိုတင် မဲကို မတ်လ ၃ဝ ရက်နေ့နှင့် ၃၁ ရက်နေ့တို့တွင်လည်းကောင်း နံနက် ၈ နာရီမှ ည ၆ နာရီ အထိ သွားရောက် မဲပေးထားနိုင်ကြောင်း သိရသည်။ ကြားဖြတ်ရွေးကောက်ပွဲအတွက် အပြီးသတ် မဲစာရင်းများကို မတ်လ ၁၇ ရက်နေ့တွင် သက်ဆိုင်ရာဒေသများ ၌ ကပ်ထားပေးမည်ဖြစ်ပြီး မတ်လ ၂၅ ရက်နေ့ ညနေ ၄ နာရီအထိ ပြင်ဆင် ချက်၊ ကန့်ကွက်ချက်များ ပြုလုပ်နိုင် ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*