မြန်မာ့အသေး စားနှင့် အလတ်စား လုပ်ငန်းများအတွက် လိုအပ်သော ရင်းနှီးမြှုပ်နှံ မှုနှင့် နည်းပညာများ ဂျပန် ကူညီမည်

မြန်မာ့အသေး စားနှင့် အလတ်စား လုပ်ငန်းများအတွက် လိုအပ်သော ရင်းနှီးမြှုပ်နှံ မှုနှင့် နည်းပညာများ ဂျပန် ကူညီမည်
March 8, 2017 Asian Fame

3:33 pm
မြန်မာ့အသေး စားနှင့် အလတ်စား လုပ်ငန်းများအတွက် လိုအပ်သော ရင်းနှီးမြှုပ်နှံ မှုနှင့် နည်းပညာများ ဂျပန် ကူညီမည်

HEZ
ရန်ကုန်၊ မတ် ၇

ပြည်တွင်း SME များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကကျသည့် ရင်းနှီးမြှုပ်နှံမှုနှင့်နည်းပညာများရရှိရန် ဂျပန်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်မှုများတိုးမြှင့်သွားတော့ မည် ဖြစ်သည်။

မြန်မာနှင့် ဂျပန်အစိုးရတို့သည် နှစ်နိုင်ငံပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးရေးအတွက် နှစ်ဖက်ဆွေးနွေးထားခဲ့ကြသည့် အလျောက် စီးပွားရေးလုပ်ငန်း၏ ၉၅ ရာခိုင်နှုန်းသော SME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ် သည်။ ပြည်နယ်နှင့်တိုင်းများရှိ SME များ ဖွံ့ဖြိုးရေးကိုပါ ပိုမိုထိရောက် အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ၎င်းတို့နှင့် ဆက်သွယ်ရေးအဆင် မပြေမှုများကြောင့် SME များ အခွင့်အလမ်း အင်မတန်မှ နည်းပါးခဲ့သည့်အတွက် စီးပွားရေးတွေ့ဆုံပွဲ များမှတစ်ဆင့် တစ်နိုင်ငံလုံးအနေအထားဖြင့် အကျိုးရှိအောင်မြင်စေ ရန် ဆောင်ရွက်သွားမည်ဟုလည်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်က ပြောသည်။

မြန်မာ SME များ တွေ့ကြုံနေ ရသည့် စိန်ခေါ်မှုများ ဖြေရှင်းရန်အတွက် အကြံÓဏ်ကောင်းများ ဖြည့်ဆည်းရန်နှင့် SME များ ပိုမို အားကောင်းစေမည့်Myanmar- Japan SME Business Matching ကို မတ်လ ၆ ရက်နေ့က ပြုလုပ်ရာတွင် ဂျပန်-မြန်မာစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ တာဝန်ရှိသူများက ပြောဆိုသည်။

”ဂျပန် SME မှာ လေးသန်းခန့်ရှိပြီး မြန်မာ SME မှာ ခန့်မှန်း ခြေငါးသောင်းကျော်သာရှိသည့်အတွက် မြန်မာ SME များ ပိုမိုဖွံ့ဖြိုးဖို့ ကျွန်တော်တို့ ကူညီဖို့အဆင်သင့် ရှိပါတယ်” ဟု Japan-Myanmar Economy & Investment Center ညွှန်ကြားရေးမှူးချုပ် Mr.Noriyuki Yonemura ကပြောသည်။ ဂျပန်စီးပွားရေး နယ်ပယ်မှ ဆောက်လုပ်ရေး၊ လျှပ်စစ်ပစ္စည်း ကိရိယာများ၊ သစ်အချောထည် လုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း များမှ လုပ်ငန်းရှင်များကလည်း မြန်မာနိုင်ငံ SME ကဏ္ဍဖွံ့ဖြိုးရေး အတွက် ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းမှုများ ရှိနေသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*