လောက်ကိုင်တိုက်ပွဲဖြစ်ပြီး ၂ ရက်အကြာမှာပင် စစ်ရှောင်ပြည်သူ ၃ဝဝ နီးပါးအထိ ရှိလာ

လောက်ကိုင်တိုက်ပွဲဖြစ်ပြီး ၂ ရက်အကြာမှာပင် စစ်ရှောင်ပြည်သူ ၃ဝဝ နီးပါးအထိ ရှိလာ
March 8, 2017 Asian Fame

10:49 am
လောက်ကိုင်တိုက်ပွဲဖြစ်ပြီး ၂ ရက်အကြာမှာပင် စစ်ရှောင်ပြည်သူ ၃ဝဝ နီးပါးအထိ ရှိလာ

Louk Kai

လင်းဟိန်း
လောက်ကိုင်၊ မတ် ၇

လောက်ကိုင်မြို့နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လူဦးရေ ၃ဝဝ နီးပါး လာရှိုးမြို့နယ်သို့ လာရောက်တိမ်းရှောင်နေကြရကြောင်း လားရှိုးမြို့ နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုးမြင့်အောင်က ပြောသည်။ အများစုမှာ လောက်ကိုင်မြို့ နယ် အတွင်းသို့လာရောက် အလုပ်လုပ်နေကြသည့် ကြံခုတ်တောင်သူတို့ ဖြစ်ကြပြီး ကလေး များနှင့် အမျိုးသမီးများလည်း ပါဝင်သည်ဟု ၎င်းကပြောသည်။ ”ပိုများလာဖို့ ရှိပါတယ်”ဟု ဦးစိုးမြင့်အောင်က ပြောသည်။

လတ်တလော စာရင်းများအရ စစ်ရှောင် ပြည်သူများသည် တိုက်ပွဲဖြစ်နေသည့် လောက်ကိုင်မှနေ၍ မိုင် ၁ဝဝ ကျော်ဝေးသည့် လားရှိုး သို့ မတ်လ ၆ ရက် ညသန်းခေါင်းယံ လောက်ခန့်ကစပြီး လာရောက် တိမ်းရှောင်နေကြရာ မတ်လ ၇ ရက်နေ့ ညနေ ၅ နာရီအရောက်၌ ၂၈၄ ယောက်ရှိနေသည်။လက်ရှိတွင် ယင်းစစ်ပွဲရှောင် ဒုက္ခသည်များကို လာရှိုး မြို့ပေါ်ရှိ သီရိမင်္ဂလာမန်ဆူ ဘုန်းကြီး ကျောင်းထိုင်ဆရာတော်က တည်းခိုနေထိုင်ရေး ဆောင်ရွက် ပေးထားကြောင်း ဦးစိုးမြင့်အောင်က ပြောသည်။ အဆိုပါစစ်ဘေးရှောင်ရင်း လားရှိုးမြို့သို့ ပြေးလာကြသူများသည် မန္တလေး၊ ဆင်ပေါင်ဝဲ၊ တောင် တွင်းကြီး၊ အောင်လံ၊ နတ်မောက် မြို့နယ်တို့မှ လောက်ကိုင်မြို့ နယ်သို့ ကြံလာခုတ်ကြသူများ ဖြစ် သည်ကိုတွေ့ရသည်ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ယင်းစစ်ဘေး ရှောင်များကို လာရှိုးမြို့မှ မန္တလေး အထိ ပို့ဆောင်ပေးလျက် ရှိနေပြီး စစ်ဘေးရှောင်များမှာ မန္တလေးသို့ ရောက်ပါက အရပ်ဘက်ဖွဲ့အစည်း များ၏ အကူအညီကို အားကိုးကြ ရမည်ဖြစ်သည်။ လောက်ကိုင်မြို့နယ်မှ နေရပ် တိမ်းရှောင်ထွက်ပြေးလာ ကြသည့် စစ်ဘေးရှောင် ဒုက္ခသည်များထဲ တွင် လောက်ကိုင်ဒေသခံများပါ ဝင်ခြင်းမရှိသေးကြောင်း ၎င်းက ပြောသည်။ MNDAA လက်နက်ကိုင် အဖွဲ့ ဝင်ရောက်တိုက် ခိုက်မှု ကြောင့် ဆရာမတစ်ဦး အပါအဝင် မီးရှို့ထားသည့် အလောင်း ၂ဝ၊ ကိုးကန့်ယာဉ်ထိန်းရဲ ၅ ဦး၊ ပြည်သူ ၅ ဦးသေဆုံးကြောင်းနှင့် ကိုးကန့် ယာဉ်ထိန်းရဲ ၄ ဦးအား ဓားစာခံ အဖြစ် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန်ထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*