ရေဆိုး စွန့်ထုတ်မှုဆိုင်ရာ စည်းကမ်း မလိုက်နာသော စက်ရုံများကို မန်းစည်ပင် အရေးယူတော့မည်

ရေဆိုး စွန့်ထုတ်မှုဆိုင်ရာ စည်းကမ်း မလိုက်နာသော စက်ရုံများကို မန်းစည်ပင် အရေးယူတော့မည်
March 8, 2017 Asian Fame

12:20 pm
ရေဆိုး စွန့်ထုတ်မှုဆိုင်ရာ စည်းကမ်း မလိုက်နာသော စက်ရုံများကို မန်းစည်ပင် အရေးယူတော့မည်

water(မန္တလေး၊ မတ် ၇)

စက်မှုဇုန်အသီးသီးမှ စက်ရုံများ အနေ နှင့်ရေဆိုး စွန့်ထုတ်မှုနှင့်ပတ်သက်၍ သတ် မှတ် စည်းကမ်းချက်များကို လိုက်နာခြင်း မရှိပါက အရေးယူ ဆောင်ရွက်သွားတော့ မည်ဖြစ်ကြောင်း မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။

မတ် ၃ ရက်မွန်းလွဲပိုင်းက မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် မန္တလေး မြို့ရှိ စက်ရုံများမှ ထွက်ရှိသော  ရေဆိုးများ စွန့်ထုတ်နေမှု ကိစ္စ စက်ရုံပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ တွင် မြို့တော်ဝန် ဒေါက်တာ ရဲလွင်က အထက်ပါအတိုင်း သတိပေး ပြောကြားခြင်း ဖြစ်သည်။

”လောလောဆယ်မှာ လုပ်ငန်းပိတ်ဖို့ အထိ မလုပ်သေးပေမယ့် စည်ပင်နည်း ဥပဒေနဲ့ အရေးယူသွားပါမယ်။ ဆက်မ လုပ်ဖို့ သတိပေးထားပြီး ဖြစ်တဲ့အတွက် ဒီအတိုင်း ဆက်လုပ်နေရင် အရေးယူရ တော့မှာပါ” ဟု ၄င်းက ဆိုသည်။

မန္တလေး စက်မှုဇုန်များမှ စက်ရုံအ များစုသည် မန္တလေးမြို့တော် စည်ပင်သာ ယာရေးကော်မတီမှ ချမှတ်ထားသော ရေ ဆိုးသန့်စင် စနစ် အသုံးပြုခြင်းမရှိဘဲ စည်း ကမ်းမဲ့ လုပ်ဆောင်နေသည့် အတွက် စက်ရုံ အနီးအနားနေသူများက တိုင်ကြားမှုများရှိ လာသလို မြို့တော်စည်ပင်၏ ကွင်းဆင်း စစ်ဆေးမှုများ အရ စည်းကမ်းလိုက်နာခြင်း မရှိသည်ကို တွေ့ရသည့် အတွက် ရေဆိုး စနစ်တကျ စွန့်ထုတ်ရန် မြို့တော်စည်ပင်က အကြိမ်ကြိမ် ညွှန်ကြားချက် ထုတ်ပြန်နေရ ကြောင်း သိရသည်။

စက်ရုံပိုင်ရှင်များ အနေနှင့် ရေဆိုးစွန့် ထုတ်ရာတွင် ညနေ ၆ နာရီမှ နောက်တစ် နေ့ နံနက် ၅ နာရီအတွင်း စွန့်ထုတ်ရန်နှင့် သတ်မှတ်ထားသော Biochemical Oxygen Demand အဖြစ် ရောက်ရှိအောင် သန့်စင်ပြီးမှ စွန့်ထုတ်ရန် မြို့တော်စည်ပင် က ညွှန်ကြားထားသည်။

”ညွှန်ကြားထားတာကို မလိုက်နာဘဲ ဆက်လုပ်နေမယ် ဆိုရင်တော့ အရေးယူရ တော့မှာပါ။ ဒီလို အရေးယူမယ့် ကိစ္စကို နောက် နှစ်လ သုံးလလောက်မှာ စတင် တော့မှာပါ” ဟု စက်ရုံ ပိုင်ရှင်များအား မြို့တော်ဝန်က သတိပေးသည်။

မန္တလေး စက်မှုဇုန် အသီးသီးရှိ စက်ရုံ ၆၃ ခုအနက် ၁၃ ခုသာ ရေဆိုးသန့်စင် စနစ် အသုံးပြုထားကြောင်း မြို့တော်စည်ပင်၊ ရေနှင့် သန့်ရှင်းရေး ဌာနမှ သိရသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*