တောင်ကိုရီးယား နိုင်ငံအတွက် ဒုံးကျည် ကာကွယ်ရေး အဆင့်မြင့်စနစ် တစ်ခုကို အမေရိကန် စတင် ဆောင်ရွက်

တောင်ကိုရီးယား နိုင်ငံအတွက် ဒုံးကျည် ကာကွယ်ရေး အဆင့်မြင့်စနစ် တစ်ခုကို အမေရိကန် စတင် ဆောင်ရွက်
March 8, 2017 Asian Fame

2:25 pm
တောင်ကိုရီးယား နိုင်ငံအတွက် ဒုံးကျည် ကာကွယ်ရေး အဆင့်မြင့်စနစ် တစ်ခုကို အမေရိကန် စတင် ဆောင်ရွက်

iting-North-Korean(ဆိုးလ်၊ မတ် ၇)

တောင်ကိုရီးယား နိုင်ငံအတွက် ဒုံးကျည် ကာကွယ်ရေး အဆင့်မြင့် စနစ်တစ်ခုကို အမေရိကန် တပ်မ တော်က တနင်္လာနေ့က စတင်တပ် ဆင် ဆောင်ရွက်ပေးပြီ ဖြစ်သည်။

မြောက်ကိုရီးယား နိုင်ငံ၏ ရန်စမှုများကို ကြုံရပြီးနောက် တွင် တောင်ကိုရီးယား နိုင်ငံနှင့် အမေရိ ကန်နှစ် နိုင်ငံတို့ သဘောတူညီမှု အရ ယခုကဲ့သို့ စတင်ဆောင်ရွက် လိုက်ခြင်းဖြစ်သည်။

အဆိုပါ ဒုံးကျည် ကာကွယ် ရေးစနစ်ကို  Terminal High Altitude Area Defense (THAAD) ဟုခေါ်ဆိုပြီး ပေါက်ကွဲ စေတတ်သည့် ဒုံးထိပ်ဖူး တပ်ဆင် ထားခြင်း မရှိကာ၊ တနင်္ဂနွေနေ့က ဂျပန် ပင်လယ်ပြင် အတွင်းသို့ မြောက်ကိုရီးယားတို့ စမ်းသပ်ပစ် လွှတ်ခဲ့သော ဒုံးကျည်မျိုးကို ပစ်ချ နိုင်စေရန် စီစဉ် ဖန်တီးထားခြင်း ဖြစ်သည်။

ဒုံးကျည်လေးခုကို ပစ်လွှတ် ခဲ့သော အဆိုပါ စမ်းသပ် ပစ်လွှတ် မှုသည် ဂျပန်အခြေစိုက် အမေရိ ကန်တပ် များကို တိုက်ခိုက်ရန်အ တွက် မြောက်ကိုရီးယား တို့၏ စစ် ရေးလေ့ကျင့်မှု တစ်ရပ် ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် မီဒီယာ များက ဆိုကြသည်။

PN002
Ref: U.S. military deploys advanced defensive missile system to South Korea, citing North Korean threat

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*