အွန်လိုင်းမှ အလုပ်ရှာဖွေမှုတွင် ဆက်သွယ်ရေးနည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူများကို ပိုမိုခေါ်ယူနေ

အွန်လိုင်းမှ အလုပ်ရှာဖွေမှုတွင် ဆက်သွယ်ရေးနည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူများကို ပိုမိုခေါ်ယူနေ
March 8, 2017 Asian Fame

3:39 pm
အွန်လိုင်းမှ အလုပ်ရှာဖွေမှုတွင် ဆက်သွယ်ရေးနည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူများကို ပိုမိုခေါ်ယူနေ

ရဲလွင်
ရန်ကုန်၊ မတ် ၆

လက်ရှိ အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးကဏ္ဍ၌ ဆော့ဖ်ဝဲ၊ ဝက်ဘ်ဆိုက်နှင့် မိုဘိုင်းအက်ပလီ ကေးရှင်းရေးသားဖန်တီးသည့် အလုပ်အကိုင်ခေါ်ယူမှု မြင့်တက်လျက် ရှိကြောင်း အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးဆိုက် work.com.mm ၏ လစဉ်စစ်တမ်းတွင် ဖော်ပြထားသည်။

လက်ရှိခေါ်ယူနေသော အလုပ်အကိုင်များအတွက် အတွေ့ အကြုံရှိသူများကို အိုင်တီမန်နေဂျာရာထူးဖြင့် ခေါ်ယူလျက်ရှိကြောင်း ထို့အပြင် IT Networking အလုပ် အကိုင်များ၊ အန်းဒရွိုက်နှင့် iOS အတွက် မိုဘိုင်းဖုန်းဂိမ်းဖန်တီးရေးသားနိုင်သူများ၊ Hardware ပိုင်းကျွမ်းကျင်သူ အိုင်တီပညာရှင်များ၊ ဆက်သွယ်ရေးနည်းပညာပိုင်း ကျွမ်းကျင်သူများကိုလည်း ခေါ်ယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ အလုပ်အကိုင်များကို လျှောက်ထားသူများအသက် ၂ဝ မှ၃ဝနှစ်အကြား လူငယ်အများ စုဖြစ်ပြီး အခြားသောလုပ်ငန်းများတွင် လျှောက်ထားသူ အရေအ တွက်ထက်ထက်ဝက်ကျော် မြင့်တက်နေခြင်း ဖြစ်သည်။ ထိုသို့ အိုင်တီကဏ္ဍ၏ အလုပ်အကိုင်များသည် အတွေ့အကြုံမရှိသေးသူများကို On Job Training (OJT) ခေါ် အလုပ်လုပ်ရင်းသင် ပြပေးသည့်အနေအထားဖြင့် ခေါ်ယူမှု၊ ဂျူနီယာအနေဖြင့် ခေါ်ယူပြီး လုပ်ငန်းကို လေ့လာသင်ယူခွင့်ပေးထားမှုများကြောင့် လူငယ်များစိတ် ဝင်စားမှု အများဆုံးဖြစ်သည့်ကဏ္ဍ ဖြစ်နေကြောင်း work.com.mm က သုံးသပ်ထားသည်။

လက်ရှိတွင် အိုင်တီနှင့်ပတ် သက်သည့် အလုပ်အကိုင်ဝင်ရောက် ရှာဖွေသူအများစုအနေနှင့် အန်းဒရွိုက်စနစ်အတွက် အက်ပလီ ကေးရှင်း ရေးသားဖန်တီးသည့် အ လုပ်အကိုင်၊ Networking အပိုင်းခေါ်ယူသည့် အလုပ်များ၊ ဝက်ဘ်ဆိုက်ဖန်တီးရေးသားသည့် အလုပ်အကိုင်များနှင့် အိုင်တီနှင့်ဆက်စပ်သည့် ပရောဂျက် အများစုအတွက် မန်နေဂျာအပိုင်း ခေါ်ယူမှုများကို အများဆုံး ရှာဖွေ လျှောက်ထားကြလျက်ရှိသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*