3:19 pm

အောင်ပြည့်စုံ
နေပြည်တော်၊ မတ် ၇
ယခုဘဏ္ဍာနှစ်အတွင်း မတ်လ ၁ ရက်နေ့အထိ ပြည်ပပို့ကုန်ကဏ္ဍများတွင် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ အမေရိကန် ဒေါ်လာသန်း ၁၂ဝဝ ကျော် လျော့နည်းခဲ့ ပြီး စိုက်ပျိုးရေးကဏ္ဍထွက်ကုန်များမှ အ မေရိကန် ဒေါ်လာသန်း ၅ဝဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်နှင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်ကာလတူအတွင်း ပြည်ပပို့ကုန်စာရင်းများအရ သဘာဝ ဓာတ်ငွေ့တင်ပို့မှု အပိုင်းတွင် သိသာစွာ လျော့နည်းခဲ့ပြီး လယ်ယာစိုက်ပျိုးရေး ကဏ္ဍထွက်ကုန်များ ပိုမိုတင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။ သဘာဝဓာတ်ငွေ့တင်ပို့မှုတွင် ယခင် နှစ်ကအမေရိကန် ဒေါ်လာသန်း ၄ဝဝဝ ကျော်ရရှိခဲ့ပြီး ယခုနှစ်တွင်သန်း ၂၈ဝဝ ကျော်သာရရှိခဲ့သည့်အတွက် ကန်ဒေါ်လာ သန်း ၁၂ဝဝ ကျော် လျော့နည်းခဲ့ပါသည်။ သဘာဝဓာတ်ငွေ့တင်ပို့မှုမှဝင်ငွေလျော့ ကျစေခဲ့သည့် အဓိကအချက်မှာ အစိုးရ၏ စီးပွားရေးပေါ်လစီနှင့် နိုင်ငံတကာတွင် သဘာဝဓာတ်ငွေ့ဈေးနှုန်းများ ကျဆင်းနေ ခြင်းကြောင့်ဖြစ်သည်ဟု စီးပွားကူးသန်း ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကဆိုသည်။
၂ဝ၁၆ ခုနှစ် ဧပြီလတွင်အစိုးရ အ ပြောင်းအလဲဖြစ်ပေါ်လာပြီးနောက် သဘာဝ သယံဇာတ ထုတ်ယူရောင်းချခြင်းများကို ကန့်သတ်ထားသည့် စီးပွားရေးမူဝါဒများ ကြောင့် ယခုကဲ့သို့ လျော့နည်းခဲ့ခြင်း ဖြစ် သည်။ လယ်ယာစိုက်ပျိုးရေးထွက်ကုန်များ သည် ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု နည်းပါးသည့် ထွက်ကုန်များ ဖြစ်နေပြီး ပြည်ပ ရင်းနှီးမြှုပ်နှံမှုများသာ အလုံးအရင်းနှင့် ဝင်ရောက်လာပါက သဘာဝသယံဇာတ ပို့ကုန်များနေရာတွင် အစားထိုးနိုင်မည့် အခြေအနေကောင်းများ ရှိနေကြောင်း စီးပွားရေးလုပ်ငန်းရှင်များ က သုံးသပ်ထားကြသည်။ တိုင်းပြည်၏ ရာသီဥတုနှင့် လိုက်ရော ညီထွေရှိသော လယ်ယာထွက်ကုန်များကို ပြည်ပနိုင်ငံများနှင့် ဖက်စပ်လုပ်ကိုင်နိုင်စေ ရန် အစိုးရအပိုင်းမှ လိုအပ်သည့်ဥပဒေများ၊ အကာအကွယ်များ အမြန်ဆုံး ပြဋ္ဌာန်းပေး စေရန် စိုက်ပျိုးရေးလုပ်ငန်းရှင်များက အလိုရှိနေကြသည်။