သခင်ဗဟိန်း နှစ်တစ်ရာပြည့် အခမ်းအနား နှင့်အတူ မော်ကွန်းကမ္ပည်း ကျောက်စာတိုင် တစ်ခု စိုက်ထူမည်

သခင်ဗဟိန်း နှစ်တစ်ရာပြည့် အခမ်းအနား နှင့်အတူ မော်ကွန်းကမ္ပည်း ကျောက်စာတိုင် တစ်ခု စိုက်ထူမည်
March 8, 2017 Asian Fame

12:21 pm
သခင်ဗဟိန်း နှစ်တစ်ရာပြည့် အခမ်းအနား နှင့်အတူ မော်ကွန်းကမ္ပည်း ကျောက်စာတိုင် တစ်ခု စိုက်ထူမည်

(မန္တလေး၊ မတ် ၆)

သခင်ဗဟိန်းနှစ် ၁ဝဝ ပြည့်တွင် မန္တ လေးအာဇာနည် ၁၇ ဦးဗိမာန်ဝင်း အတွင်း အထိမ်းအမှတ် အခမ်းအနား တစ်ခု ကျင်းပသွားမည်ဖြစ်ပြီး ရာပြည့်အထိမ်းအ မှတ်အဖြစ် မော်ကွန်း ကမ္ပည်းကျောက် စာတိုင်တစ်ခု စိုက်ထူသွားရန် စီစဉ်ထား ကြောင်း ချမ်းမြသာစည် မြို့နယ် နိုင်ငံရေး အကျဉ်းသားဟောင်းများ ကွန်ရက် (အ ထက်ဗမာပြည်)က ပြုလုပ်သည့် သတင်း စာ ရှင်းလင်းပွဲအရ သိရသည်။

”သခင်ဗဟိန်း ကိစ္စပြန်ဖော်ထုတ်ဖို့ က အခုအချိန်မှာ အားကောင်းမောင်း သန်နဲ့ မဖြစ်မနေ လုပ်ကြရမယ် ဆိုတဲ့ အ နေအထား မျိုး ရောက်လာပါပြီ။ ကံအား လျော်စွာနဲ့ပဲ ကျွန်တော်တို့ ရဲဘော်များ မြို့မိမြို့ဖများနဲ့ နီးစပ်တဲ့ ပုဂ္ဂိုလ်များက လွှတ်တော်မှာ စည်ပင်ကော်မတီမှာ တာ ဝန်အသီးသီး ယူနေကြ ရပြီဖြစ်တဲ့ အချိန် မှာ သူတို့နဲ့က အရင်ကထက် စာရင်တော့ ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် ပြောဆို ဆွေးနွေးခွင့်ရလာပါပြီ။ ဒါ ကြောင့်မို့လို့ လာမယ့် သခင်ဗဟိန်း နှစ် ၁ဝဝပြည့်မှာ မန္တလေး အာဇာနည်ဗိမာန် ဝင်း အတွင်း အခမ်းအနားနဲ့တကွ ဂုဏ်ပြု မော်ကွန်း ကမ္ပည်း ကျောက်တိုင် စိုက်ထူဖို့ စီစဉ်လိုက်တာပါ”ဟု စာရေးဆရာဆူး ငှက်က သတင်းစာ ရှင်းလင်းပွဲတွင် ပြော သည်။

မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် အသက်ကို ပဓာနမထားဘဲ ရဲရဲတောက် တိုက်ပွဲ ဝင်ခဲ့သည့် သခင် ဗဟိန်း၏ စိတ်ဓာတ် ရဲရင့်မှုကို နှောင်းလူ များ သိရှိ ဂုဏ်ပြုတတ်စေရန် ရည်ရွယ် ခြင်းဖြစ်ပြီး တခြားသော အစီအစဉ်များ လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

သခင်ဗဟိန်းကို အင်းဝမြို့၌ မြန်မာ နှစ် ၁၂၇၉ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက်၊ ခရစ်နှစ် ၁၉၁၇ ခုနှစ် ဇွန်လ ၂၇ ရက် ဗုဒ္ဓဟူးနေ့တွင် အဖ ပွဲစားကြီး ဦးမှင်၊ အမိ ဒေါ်ဒေါ်ဦး တို့က မွေးဖွားခဲ့ပြီး မွေး ချင်း ၇ ယောက်အနက် ဒုတိယအငယ် ဆုံး ဖြစ်သည်။

မူလတန်း ပညာရေးကို အင်းဝမြို့ တွင် သင်ကြားခဲ့ပြီး ဗဟိုအမျိုးသား အ ထက်တန်းကျောင်း၊ မန္တလေး ဥပစာ ကောလိပ် တို့တွင် ဆက်လက်ပညာ သင် ယူခဲ့သည်။

ထို့နောက် ရန်ကုန်တက္ကသိုလ်၌ ဘီ အေ သင်တန်းတက်ရောက်စဉ် ၁၉၃၈ ခုနှစ်တွင် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်း သားများ သမဂ္ဂဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့ ပြီးနောက် ချောက်ရေနံမြေ အလုပ်သမား ထုခရီးရှည် ချီတက်ပွဲကို အစိုးရကမတရား တားဆီးသဖြင့် မကွေးမြို့အထိ သွား ရောက် တရားဟောခဲ့ရာမှ ဖမ်းဆီးထောင် ချခံခဲ့ရသည်။

ထောင်ထဲ၌နေစဉ် ဓနရှင်လောက စာအုပ်ကို ပြုစုခဲ့ပြီး ထောင်မှ ထွက်လာ ပြီးနောက်ပိုင်း ၁၉၃၉ ခုနှစ်တွင် ကျောင်း သား ဘဝကို စွန့်လွှတ်ကာ သခင်အောင် ဆန်း၊ သခင်စိုး၊ ရဲဘော်ဂိုရှယ် တို့နှင့်အတူ ဗမာပြည် ကွန်မြူနစ်ပါတီ ကို လျှို့ဝှက် တည်ထောင်ခဲ့သည်။ ၁၉၄၁ ခုနှစ်၌ တို့ဗမာ အစည်းအရုံးတွင် အမှုဆောင်လူ ကြီးအဖြစ် လည်းကောင်း၊ ဂျပန်တော်လှန် ရေးအပြီး ဖဆပလ ပြန်လည် ထူထောင် သူတစ်ဦးအဖြစ် လည်းကောင်း၊ ဗမာပြည် ကွန်မြူနစ် ပါတီကို စနစ်တကျပြန်လည် စည်းရုံးဖွဲ့စည်းရာတွင် ပေါလစ်ဗျူရိုလူကြီး အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။

နိုင်ငံရေး ခရီးကြမ်း တစ်လျှောက် ပင်ပန်းဆင်းရဲမှု များကြောင့် ကျန်းမာရေး ချို့ယွင်းလာသည့် သခင်ဗဟိန်းသည် ဗမာ ပြည် ကွန်မြူနစ် ပါတီမှ ခွင့်ယူ၍ မန္တလေး သို့ပြန်လာကာ  ဆေးဝါး ကုသမှုခံယူရင်း ၁၉၄၆ ခုနှစ် နိုဝင်ဘာ ၂ဝ ရက် နံနက် ၅ နာရီခွဲတွင် ကွယ်လွန်ခဲ့သည်။

သခင်ဗဟိန်း ကွယ်လွန်ချိန်တွင် အ သက် ၂၉  နှစ်သာ ရှိသေးပြီး ၄င်းအား မန္တလေး မဟာအောင်မြေမြို့နယ် ယခု ကျောက်မျက် ရတ နာဈေး အပါအဝင် အားကစားကွင်း နှင့် ဆိုင်ခန်းများ ဖွင့်လှစ် ထားသည့် ရွာဟိုင်းသုသာန်တွင် ဂူသွင်း သင်္ဂြိုဟ်ခဲ့ကြောင်း၊ ၁၉၉ဝ ပြည့်နှစ် ရွာ ဟိုင်းသုသာန် ဖျက်သိမ်းခံရစဉ် ၄င်း၏ အုတ်ဂူအား ရဟန်းပြည်သူ ကျောင်းသား များက မပျက်စီးအောင် ကာကွယ်ခဲ့ကြ ကြောင်း၊ သို့သော် နောက်ပိုင်းတွင် ကျောက်မျက် ရတနာဈေး အားကစား ကွင်းနှင့် ဆိုင်ခန်းများ တည်ဆောက်ပြီး နောက် ပျက်စီး ပျောက်ဆုံးသွားခဲ့ ကြောင်း စာရေးဆရာ ဆူးငှက် ရေးသား ဖော်ပြချက်များအရ သိရသည်။

ယခုအခါတွင် မန္တလေး မြို့တော်စည် ပင်သာယာရေးကော်မတီက ဦးဆောင်ပြီး သခင်ဗဟိန်း အုတ်ဂူပျက် အစအနများ အား ရှာဖွေနေ ပြီး  နိုင်ငံရေး အကျဉ်းသား ဟောင်းများ ကွန်ရက် (အထက်ဗမာ ပြည်)ကလည်း မန္တလေးမြို့ခံ တတ်သိ ပညာရှင်များ၊ မြို့မိမြို့ဖများနှင့် ပူးပေါင်း ကာ နှစ် ၁ဝဝ ပြည့် အထိမ်းအမှတ် အတွက် စီစဉ် ဆောင်ရွက်လျက် ရှိသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*