ယခုနှစ်အတွက် 7 Day Hero ဆုချီးမြှင့်

ယခုနှစ်အတွက် 7 Day Hero ဆုချီးမြှင့်
March 8, 2017 Asian Fame

4:12 pm
ယခုနှစ်အတွက် 7 Day Hero ဆုချီးမြှင့်

7 Day 2

ဖြိုးထက်အောင်
ရန်ကုန်၊ မတ် ၇

တစ်နှစ်တာအတွင်း သူရဲကောင်းဆန်စွာ စွမ်းဆောင်ခဲ့သူများကို နှစ်စဉ်ချီးမြှင့်နေကျဖြစ်သော 7 Day Hero ဆုကို ယနေ့ကျင်းပသည့် 7Day News ဂျာနယ် ၁၅ နှစ်ပြည့်အခမ်းအနားတွင် တက္ကစီယာဉ်မောင်း ကိုနေဝင်း အပါအဝင် ၇ ဦးအား ချီးမြှင့်ပေးခဲ့သည်။

အဆိုပါ Hero ဆုများကို ပုဏ္ဏားကျွန်းကူးတို့ လှေမှောက်ရာတွင် အသက်စွန့်ကာ ကူညီကယ်ဆယ်ပေးခဲ့ကြသည့် ကျောင်းသား နှစ်ဦးဖြစ်သော မောင်ရီဝေလင်းနှင့် မောင်စိုးအောင်လင်း၊ ကနီမြို့နယ် အတွင်းရှိ ချင်းတွင်းမြစ်အတွင်း အမြန်ရေယာဉ်တိမ်းမှောက်ရာတွင် လူပေါင်း ၁၅ဝ ကျော်အား ကူညီကယ်ဆယ်ပေးခဲ့သည့် မိကျောင်းတွင်း ကျေးရွာ၊ အထက်ကင်းကျေးရွာနှင့် ကင်းကျေးရွာတို့မှ ကျေးရွာသူ ကျေးရွာသားများ၊ မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာ ထွန်းလွင်၊ အင်းဝအပ် ချုပ်ဆိုင် အိမ်အကူနှစ်ဦးအမှုနှင့် ဦးကိုနီအမှုတို့နှင့် ပတ်သက်ပြီး သတင်းဖော်ထုတ်ရေးသားခဲ့သည့် Myanmar Now မှ ကိုဆွေဝင်း နှင့် Myanmar Now ဝိုင်းတော် သားများ၊ နာဂဒေသတွင် ရောဂါဆိုး ထိန်းချုပ်နိုင်ရေးနှင့် ပတ်သက်ပြီး အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သူ တစ်ဦးဖြစ်သည့် ကျန်းမာရေးမှူး ဦးသန့်ဇင်ဦးနှင့်မတူညီသည့်အဖွဲ့အစည်းနှစ်ခုအကြား ယုံကြည်မှုတည်ဆောက်ပေးနေသည့် ဘူးသီးတောင် မြို့နယ်ပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက် တာခင်သူဇာ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဦးကိုနီအား လုပ်ကြံသတ်ဖြတ်ခဲ့သည့် ကြည်လင်းအား မိမိအသက်ကို ပဓာနမထားဘဲ အသက်စွန့်ကာ ဝိုင်းဝန်းဖမ်းဆီးခဲ့သည့် အငှားယာဉ် မောင်းဦးနေဝင်းနှင့် လေဆိပ်မှ အငှားယာဉ်မောင်းများက ရရှိခဲ့ကြသည်။

အဆိုပါ Hero ဆုရရှိသူများထဲမှ ပုဏ္ဏားကျွန်းကူးတို့လှေမှောက်ရာတွင် ရေမကူးတတ်သူများကို အသက်စွန့်ကာ ကူညီကယ်ဆယ်ပေးခဲ့ကြသည့် ကျောင်းသားနှစ်ဦးထဲမှ မောင်ရီဝေလင်းမှာ ရေနစ်သူများ ကိုကယ်ဆယ်ရင်း အမောလွန်သေဆုံးခဲ့သကဲ့သို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့သော ကြည်လင်းကို ကူညီဖမ်းဆီးပေးခဲ့သော ဦးနေဝင်းလည်း သေဆုံးခဲ့သည်။ ထို့ ကြောင့် မောင်ရီဝေလင်း၏ကိုယ်စား ၎င်း၏အစ်ကိုဖြစ်သူက တက်ရောက် ဆုလက်ခံရယူပြီး ဦးနေဝင်း၏ ကိုယ်စား၎င်း၏ မိသားစုက တက်ရောက်ဆုလက်ခံ ရယူခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*