”အကျဉ်းထောင်ဆိုတာမျိုးက စာရိတ္တပြန်လည်ပြုပြင်ရေးစခန်းဗျ။ ပျော်အောင်ထားတဲ့စခန်းမဟုတ်ဘူး။ ဒီလိုပြောလို့ စိတ်ညစ်အောင်ထားတယ်လို့ပြောတာမဟုတ်ဘူး။ စည်းကမ်းအတိုင်းပဲထားတယ်။ မညှဉ်းပန်းဘူး”

”အကျဉ်းထောင်ဆိုတာမျိုးက စာရိတ္တပြန်လည်ပြုပြင်ရေးစခန်းဗျ။ ပျော်အောင်ထားတဲ့စခန်းမဟုတ်ဘူး။ ဒီလိုပြောလို့ စိတ်ညစ်အောင်ထားတယ်လို့ပြောတာမဟုတ်ဘူး။ စည်းကမ်းအတိုင်းပဲထားတယ်။ မညှဉ်းပန်းဘူး”
March 3, 2017 Asian Fame

2:52 pm
”အကျဉ်းထောင်ဆိုတာမျိုးက စာရိတ္တပြန်လည်ပြုပြင်ရေးစခန်းဗျ။ ပျော်အောင်ထားတဲ့စခန်းမဟုတ်ဘူး။ ဒီလိုပြောလို့ စိတ်ညစ်အောင်ထားတယ်လို့ပြောတာမဟုတ်ဘူး။ စည်းကမ်းအတိုင်းပဲထားတယ်။ မညှဉ်းပန်းဘူး”

MTA Interview-2

ခရစ်နှစ် ၁၈၉၂ ခုနှစ် ဇူလိုင်လမှာ စတင်ဖွင့်လှစ်အသုံးပြုခဲ့တဲ့ အင်းစိန်အကျဉ်း ထောင်ဟာ ခုဆိုရင် သက်တမ်း ၁၂၅ နှစ်ကျော်ခဲ့ပါပြီ။ အရှေ့တောင်အာရှမှာ ဧရိယာ အကျယ်ဝန်းဆုံးအကျဉ်းထောင်ဖြစ်သလို နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ အကျဉ်း ထောင်လည်း ဖြစ်ပါတယ်။ ရာဇဝတ်မှုကျူးလွန်သူတွေသာမက နိုင်ငံရေးသမားတွေပါ ခေတ်အဆက်ဆက် အကျဉ်းချခံခဲ့ရတဲ့ အကျဉ်းထောင်ကြီးဟာ ခုလို စနစ်သစ် ခေတ် သစ်မှာ ဘာတွေ ဘယ်လို ဘယ်လောက်ပြောင်းလဲခဲ့ပြီလဲ။ အနှောင်အဖွဲ့ပြုရာ နှိပ်စက် ရာ ‘ထောင်’ဆိုတဲ့ အသွင်ကနေ ‘စာရိတ္တပြုပြင်ရေးနဲ့ ပြန်လည်ထူထောင်ရေး’အသွင် ဆောင်လာပြီလား။ လက်ရှိ အာဏာပိုင်တွေအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဘယ် လိုဖော်ဆောင်နေလဲ စတဲ့မေးခွန်းတွေနဲ့ပတ်သက်လို့ အင်းစိန်ဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဦးကို သီးသန့်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

အင်းစိန်ဗဟိုအကျဉ်းထောင်တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဦးနှင့် တွေ့ဆုံခြင်း

ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့အတိုင်း အကျဉ်းထောင်တွေဘက်ကရော အပြောင်းအလဲတွေ ရှိနေပြီလား။

အချို့တွေက အရင်ဟာတွေချည်းပဲ ရေးနေကြတယ်။ ဒီတော့ ကျွန်တော့စိတ်ထဲ ဘယ်လိုတွေးမိ လဲဆိုရင် ဒီလောက်ပြောင်းလဲနေ တာကို၊ ဒီလောက်ကောင်းနေတာ ကို ဘာလို့ မကောင်းပြောနေကြတာ လဲလို့။ ကျွန်တော်တို့ အကျဉ်းထောင် ဆိုတာမျိုးက စာရိတ္တပြန်လည်ပြု ပြင်ပေးတဲ့စခန်းဗျ။ ပျော်အောင် ထားတဲ့စခန်း မဟုတ်ဘူး။ ဒီလို ပြောလို့ စိတ်ညစ်အောင်ထားတယ် လို့ ပြောတာမဟုတ်ဘူး။ စည်းကမ်း အတိုင်းပဲထားတယ်။ ပျော်အောင် မထားနိုင်ဘူးလို့ ပြောတယ်ဆိုတဲ့ စကားအဓိပ္ပာယ်က ကျွန်တော်တို့ မညှဉ်းပန်းဘူး။ ကျွန်တော် ပြော မယ်ဗျာ။ ကျွန်တော်တို့ အကျဉ်း ထောင်ဟာ အပြင်လောကနဲ့က အုတ်တံတိုင်းတစ်ခုပဲ ခြားတယ်။ အပြစ်ဒဏ်စေ့တဲ့ အကျဉ်းသား တစ်ဦးဟာ အုတ်တံတိုင်းအပြင်ကို ထွက်လိုက်တာနဲ့ သူဟာ ပြည်သူ ဖြစ်သွားပြီ။ သူဟာ နိုင်ငံ၊ မိသားစု ဒါကို အကျိုးပြုရတော့မယ်။ သူ ပြည်သူထဲကို
ပြန်ဝင်တဲ့အခါ စိတ် ဒဏ်ရာ ဒဏ်ချက်တွေနဲ့ မပြန်စေ ချင်ဘူး။ မိမိအမှားကို မိမိသိမြင် ပြီး ကောင်းတဲ့ပြောင်းလဲမှုတွေနဲ့ ကိုယ့်အသိုင်းအဝိုင်းကို ပြန်လည် အကျိုးပြုမယ်ဆိုတဲ့ ခံယူချက်တွေ နဲ့ သွားစေချင်တယ်။ ဒါကို အဓိ ကထားပြီး အခုလုပ်ပေးနေတယ်။ ဒါဟာ ပြောင်းလဲမှုပဲဗျ။ အခုဆိုရင် အကျဉ်းထောင်ဝန်ထမ်းတွေ လက် ထဲ တုတ် မကိုင်ထားဘူး။ ကျွန် တော်တို့ ဝန်ထမ်းတွေက အကျဉ်း သားတွေကို ပြောပြီးသွားပြီ။ ငါတို့ တွေ ညှဉ်းပန်းမှာမဟုတ်ဘူး။ အေး- မင်းတို့လည်း ဥပဒေနဲ့အညီနေကြ၊ ဒါပဲဗျ။ ကျွန်တော်တို့ဟာ မ တစ် ရာသားတွေ ထိန်းရတာပါ။ အဲဒီ မ တစ်ရာသားတွေကို စည်းကမ်းနဲ့ ထိန်းရပါတယ်။ တအားကြီး အခွင့် အရေးတွေ ပေးနေလို့တော့ မရ ဘူး။ သူတို့က ပြစ်ဒဏ်ကျခံနေရတဲ့ သူတွေပါ။ အနှစ်ချုပ်ပြောရရင် အ ကျဉ်းထောင်တွေမှာလည်း ပြောင်း လဲမှုတွေ ရှိလာပါပြီ၊ ရှိနေပါပြီ။

အကျဉ်းထောင်တွေဟာ စာရိတ္တ ပြုပြင်ရေးစခန်းအသွင် မဆောင် နေဘူး။ ထောင်ကျဖူးတဲ့သူတစ် ယောက် ထောင်ကထွက်လာရင် မူလအလုပ်တွေပဲ ပြန်လုပ်နေတယ်။ အဲဒီကိစ္စအတွက် အကျဉ်းထောင် တွေမှာ တာဝန်ရှိတယ် စသဖြင့်ပေါ့ လေ။ ပြင်ပမှာ ဒီလိုဝေဖန်သံတွေ က မတိတ်သေးပါဘူး။ ဒီအပေါ် ထောင်တာဝန်ခံ အရာရှိတစ်ဦးအ နေနဲ့ ဘာပြောချင်ပါသလဲခင်ဗျ။

လူတစ်ဦးရဲ့စိတ်ကို အပြောင်း လဲနိုင်ဆုံးက စာအုပ်တွေပဲ ရှိတယ် ဗျ။ အကျင့်စာရိတ္တကောင်းဖို့ကို အဓိကစာပေကပဲ ပြောင်းလဲပေး နိုင်တယ်။ ဒါကို အင်းစိန် အကျဉ်း ထောင်က အကောင်အထည် ဖော် နေပါတယ်။ လစဉ် စာအုပ်လှူသူ တွေ ရှိတယ်။ အလှူရှင်တစ်ဦးဆို ၂ သိန်းခွဲဖိုး တန်ဖိုးရှိတဲ့စာအုပ်တွေ လှူတယ်။ ကဏ္ဍမျိုးစုံစာအုပ်တွေ ပေါ့ဗျာ။ ဘာသာပြန်တွေပါတယ်၊ အင်္ဂလိပ်စာတွေ ပါတယ်၊ တရား စာတွေပါတယ် အစုံပါပဲ။ ဥပဒေ တွေကိုလေ့လာနိုင်အောင် ဥပဒေ စာအုပ်တွေပါ ဖတ်စေတယ်ဗျာ။ ဒါတင် မကသေးဘူး။ ပြင်ပဗဟုသု တတွေ သိနိုင်အောင်လို့ တီဗီတွေ လည်း ထားပေးထားပါတယ်။ ဒါ့ ကြောင့် ခုနောက်ပိုင်း အကျဉ်း ထောင်က ထွက်သွားသူ အများစု ဟာ နူးညံ့သိမ်မွေ့သွားကြတယ်၊ မိမိအမှားကိုလည်း မိမိသိမြင်သွား ကြတယ်။ ဒါပေမယ့် တစ်ခုတော့ ရှိတယ်ဗျ။ အကျဉ်းထောင်က ထွက် သွားပြီးတိုင်းလည်း နူးညံ့သိမ်မွေ့ သွားတာ မဟုတ်ပါဘူး။ သို့သော် အားလုံးတော့ မဟုတ်ဘူး။ ကောင်း သွားတဲ့ သူတွေလည်း အများကြီးရှိ ပါတယ်။ ဆိုးတဲ့သူတွေကတော့ အနည်းအကျဉ်းလောက်တော့ ပါ မှာပေါ့ဗျာ။ ဘာဖြစ်လို့ အဲဒီစကား ကို ကျွန်တော် ခုလိုပြောနိုင်ရလဲ ဆိုရင် ကျွန်တော် လေ့လာအကဲ ခတ်မိရသလောက် ထောင်ကထွက် ပြီး ပြန်ဆိုးတဲ့ရာခိုင်နှုန်း နည်းနည်း ပဲရှိပါတယ်။

စာအုပ်စာပေအပြင် အခြားသော နည်းလမ်းတွေ အသုံးပြုပြီး စာရိတ္တ ပြုပြင် ပြောင်းလဲမှုတွေရော လုပ်ဆောင်တာမျိုး ရှိပါသလားခင်ဗျ။

ကျွန်တော်တို့ အပတ်စဉ် အ ကျဉ်းသူ အကျဉ်းသားတွေနဲ့ ဆွေး နွေးတာမျိုး လုပ်ပါတယ်။ ကျွန်တော်တို့ ပြောင်းလဲရမယ့်အပိုင်းတွေ၊ သူတို့တွေ ပြောင်းလဲလာတဲ့ ကိစ္စတွေ ဒါတွေကို ပွင့်ပွင့်လင်း လင်းဆွေးနွေးတယ်။ ပြုပြင်သင့် တာတွေကိုလည်း အပြန်အလှန်ထောက်ပြကြပါတယ်။ နောက်တစ်ခု ကိုယ့်စိတ်တွေကို ကိုယ်စစ်နိုင် အောင် ကျွန်တော် တရားစခန်းတွေ လုပ်ပေးပါတယ်။ တချို့ဆို သုံးလေးကြိမ်ထက်မနည်း တရားစခန်းဝင်ဖူးတဲ့သူတွေ ရှိပါတယ်။ အကြိမ်အ ရေအတွက်တွေလည်း အတော် များနေပြီဗျ။ အကျိုးရလဒ်ကတော့ဗျာ နှစ်ကြီးသမားတွေ၊ အမှုကြီး သမားတွေ တော်တော် ငြိမ်သွားတယ်ဗျ။ အဲဒီလို ပြောင်းလဲမှုတွေ ရှိသလို စည်းကမ်းဖောက်ဖျက်မှု တွေရှိလို့ရှိရင်လည်း ဥပဒေအတိုင်း အရေးယူပါတယ်။

ထောင်အကြောင်း ရေးတဲ့စာအုပ်တွေမှာတော့ အကျဉ်းထောင်ရဲ့ ကျွေးမွေးမှုပုံစံဟာ ဆိုးတယ်ဆိုတဲ့ အဓိပ္ပာယ်ဖော်မှုတွေ တွေ့နေရပါတယ်။

ခုခေတ်မှာ လုံးတီးဆန်မရှိ တော့ဘူး။ ဆန်ဆိုရင် ဖွေးနေတာ ပဲ။ သတင်းစာတွေထဲမှာ တင်ဒါ ခေါ်ပြီး တင်ဒါအောင်တဲ့ဆန်ကို ထောင်သားတွေကို ကျွေးပါတယ်။ မနက်အစောကြီး တစ်ကြိမ်၊ မနက် စာတစ်ကြိမ်နဲ့ ညနေစာတစ်ကြိမ် ကျွေးပါတယ်။ ကျွန်တော်တို့ အင်း စိန်ထောင်မှာ ဆိုရင် အကျဉ်းသား တစ်သောင်းကျော်ရှိပါတယ်။ နိုင်ငံ တော်က အကျဉ်းသားတစ်ယောက် အတွက် တစ်နေ့စာ ကျွေးမွေးစရိတ်က ငွေကျပ် ၆ဝဝ ပဲ ခွင့်ပြုပါတယ်။ ဒီတော့ကာ တစ်နပ်ကို ၂ဝဝ ပေါ့ ဗျာ။ အပြင်မှာ ရေသန့်တစ်ဘူး ၃ဝဝ လောက်ကျနေတော့ တွက်သာကြည့်ပါတော့။

ဟုတ်ကဲ့ ခုလို ဖြေပေးတာ ကျေးဇူးတင်ပါတယ်။

မင်းသုအောင် တွေ့ဆုံမေးမြန်းသည်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*