သက်ငယ်စကား သက်ကြီးကြား

သက်ငယ်စကား သက်ကြီးကြား
March 3, 2017 Asian Fame

2:19 pm
သက်ငယ်စကား သက်ကြီးကြား

MgSweThetကျွန်တော့်မှာ မွေးချင်းလေး ယောက် ရှိခဲ့ပါသည်။ အစ်မကြီး ကွယ်လွန်သွားတော့ ညီအစ်ကို သုံးယောက် ကျန်ပါသည်။

ကျွန်တော့်မှာ သားသမီး သုံး ယောက် ရှိခဲ့ပါသည်။ သားကြီးက ဆုံးပါးသွားပါပြီ။ သမီးက ရေကြည် ရာ မြက်နုရာ ရောက်နေပါသည်။ သားအငယ် လူပျိုကြီး တစ်ယောက် သာ အတူ ရှိနေပါသည်။ မြေးနှစ် ယောက် ထွန်းကားရာမှာလည်း နှစ်ယောက်စလုံးက ရပ်ဝေးမှာမို့ မိသားစု သံယောဇဉ်နှင့် အလွမ်း ကို အသက်ကြီးလေ သတိပြုမိလေ ဖြစ်ခဲ့ရပါသည်။

ဝမ်းမနာ သားသမီးတွေက များပါသည်။ ၁၉၇၂ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ ငါးနှစ်ကြာ ဖိုး ဂေါ်ရခါး ခေါ် ခလရ (၄) တွင် တာဝန် ထမ်းဆောင်ခဲ့စဉ် အတွင်း ဝမ်းမနာသား စုစုပေါင်း လေးဆယ့် ရှစ်ဦး (၄၈) ရှိခဲ့ပါသည်။

တစ်ရပ်တစ်ကျေးမှာ ခွဲခွာနေ ကြသူတွေ ရှိသလို ဘဝအဝေးကို ခွဲခွာ သွားကြသူတွေလည်း ရှိကြပါ သည်။ လောလောဆယ် ကျွန်တော် နှင့် လက်တစ်ကမ်း ရန်ကုန်မြို့ ဝန်းကျင်မှာ တစ်ဆယ့် ငါးယောက် ရှိနေပါသည်။ တစ်နှစ်မှာ သုံးလေး ခါလောက် စုကြ ဝေးကြ ပြောကြ ဆိုကြ စားကြ သောက်ကြရင်း နှင့် သံယောဇဉ်တွေ ထိန်းထားကြရပါ သည်။

မကြာမီက ဇနီးဖြစ်သူ မသက် ဆွေ လက် ကျောက်ပတ်တီး စည်းရ တော့ သူတို့တွေ လာလာမေးကြ အားပေးကြသလို ဗိုလ်မှူးကြီး ဘထွန်း မင်္ဂလာဒုံ အရိုးဆေးရုံ တက်ရတော့လည်း ကျွန်တော်က သွားမေးရပြန်သည်။ သံယောဇဉ် ဆိုတာ သိရခက်လှသည်။

သည်နေ့တော့ မသက်ဆွေရဲ့ လက်က ကောင်းသွားပြီမို့ သား သမီးတွေအိမ် တစ်လှည့် သွားရ ပြန်ပါသည်။ မနက်ပိုင်းမှာ မင်္ဂလာ ဒုံရှိ ဗိုလ်ခင်မောင်ဦးအိမ် သွားရ သည်။ နေ့လယ် ခဏနားပြီး ည နေပိုင်းမှာတော့ ဥက္ကလာမှာနေ သော ဗိုလ်သိမ်းဆွေနှင့် ဗိုလ်နိပ် စောနန်း ဆီသွားဖြစ်သည်။ တစ် ယောက်က တိုင်းမင်းကြီး (ငြိမ်း)၊ တစ်ယောက်က ဒုတိယရဲမှူးကြီး (ငြိမ်း) ဆိုသော်လည်း တစ်ချိန်က သားသမီး ဆိုတာ ထာဝရ သား သမီးဖြစ်ပါသည်။

သည်လို သွားလိုက်တော့ လည်း အကျိုးရှိပါသည်။

‘ပညာလို အိုသည်မရှိ’ ဟူ  သော စကားရှိသည်။

‘သက်ကြီးစကား သက်ငယ် ကြား’ ဟူသော စကားရှိသည်။

ချင်းတောင်က ခင်ပွန်းနှင့် မြင်းခြံမှ ဇနီးတို့ နှစ်ယောက်က ရန်ကုန်မှာ လာအခြေချနေကြ သည်မို့ တပ်မိတပ်ဖ သာလျှင် အမိ အဖဖြစ်နေ ပါတော့သည်။

ဒီနေ့ သက်ကြီးစကား သက် ငယ်ကြား မဟုတ်ဘဲ ‘သက်ငယ် စကား သက်ကြီးကြား’ လို့ မှတ် သားခဲ့ရသေးသည်။

အသက် ရှစ်ဆယ်ကျော်မှ ကျွန်တော် ကြားနာ မှတ်သားခဲ့ရ သော စကားက တန်ဖိုးရှိလှပါ သည်။

ဗိုလ်နိပ်စောနန်းသည် ဒုတိယ ရဲမှူးကြီးဘဝမှ တာဝန်ယူပြီး ဂွတ် တလစ်ရပ်ကွက်မှာ အခြေချခဲ့သေး သည်။

သူတို့ရပ်ကွက်မှာ စစ်မှုထမ်း ဟောင်းအဖွဲ့ရော၊ ရွေးကောက်ပွဲ ကော်မရှင်ကရော၊ လူမှုရေးကော် မတီကရော လာခေါ်ကြသည်။ ဝင်ပါရသည်။ ထို့ထက် ထူး၍ ရပ် ကွက်ရှိ ဘုရားမှာ ဘုရားလူကြီး အဖွဲ့ထဲလည်း ပါရသေးသည်။

ရပ်ကွက် ဘုရားလူကြီးအဖွဲ့ ရွေးချယ်ပွဲ အတွေ့အကြုံကို သူက ပြောပြသည။် ဂွတ်တလစ်ရပ်ကွက် သည် ကျိုက္ကဆံ အားကစားကွင်း ကြီး ဝန်းကျင် တွင် လူနေအထူထပ် ဆုံး ဖြစ်သည်။ ဘာသာရေး ကိုင်း ရှိုင်းသည်၊ သက်ကြီး ရွယ်အိုတွေ များသည်။ ဂေါပက အဖွဲ့မှာ ဦးနိပ် စောနန်း တို့အဖွဲ့ သက်တမ်းစေ့ သောအခါ သူတို့ကို ဆက်လုပ်ဖို့ ရပ်ကွက်က တောင်းဆိုကြသော် လည်း အသက်ကြီးပြီဟု ယူဆမိ သောကြောင့် သူတို့အဖွဲ့ နားကြ သည်။

အဖွဲ့သစ် ရွေးလေသောအခါ လူလတ်တွေထဲက လုပ်မည့်ကိုင် မည့်သူတွေ၊ တက်ကြွသူတွေ ရှိကြ သည်။

လူကြီးလူအိုတွေက နားကြ မည်ဆိုသောအခါ လူလတ်တွေက တစ်လှည့် တာဝန်ယူဖို့ ပြင်ဆင် ကြသည်။

ရွေးကောက်ပွဲ ကျင်းပဖို့ ရပ် ကွက် ၁၃ ရပ်ကွက်မှ တစ်ရပ်ကွက် လူ ၃ ယောက် စာရင်းပေးသည်။ စုစုပေါင်း အရွေးခံမည့်သူ ၃၉ ယောက် စာရင်းရသည်။ ရွေးရမည် က စုစုပေါင်း ၉ ယောက်။

ထိုအခါ အသက်ကြီးသော စစ်ဗိုလ်ဟောင်း၊ ရဲအရာရှိဟောင်း ဦးနိပ်စောနန်းက သြဝါဒပေးရ သည်။

”ကိုယ့်ရပ်ကွက်က ဘုရားကို တာဝန်ယူဖို့ အခုလို ကိုယ်စားလှယ် ရွေးရာမှာ အဓိက အချက် သုံးချက် နဲ့ ညီတဲ့ လူကိုရွေးပါ။ ၁။ လုပ်ချင် တဲ့သူ ၂။ လုပ်တတ်တဲ့သူ ၃။ လုပ် နိုင်တဲ့လူရယ် လို့ ဒီသုံးချက်နဲ့ညီတဲ့ လူရွေးကြပါ။ ဒီလို အချက်သုံးချက် နဲ့ညီတဲ့ ကိုယ်စားလှယ်ကိုးယောက် ရမှ ဘုရား ဝေယျာဝစ္စတွေ ကျေပွန် အောင် ဆောင်ရွက်နိုင်ကြလိမ့် မယ်” ဟု သြဝါဒ ပေးသောအခါ ကိုယ်စားလှယ် ၃၉ ဦးရော ရပ် ကွက်က မဲဆန္ဒရှင်တွေပါ သဘော တူကြသည်။

သည်လိုနှင့် ရွေးချယ်တင် မြှောက်ပြီး အမှုဆောင် လူကြီး ကိုး ဦးရရှိကြသည်။ သက်တမ်းက သုံး နှစ်ဖြစ်သည်။

ဘုရားဝေယျာဝစ္စ လုပ်ဖို့ တာ ဝန်ဇယားချဖို့ ညှိကြသောအခါ အားလုံး ဝိုင်းလုပ်ကြမည်ဟု ပြော ကြ သဘောတူ လိုက်ကြသည်။ တိ ကျသော တာဝန်ချထား ဇယား လုပ်လို့မရ။ စေတနာ့ ဝန်ထမ်းတွေ ကိုး။ တစ်လ၊ နှစ်လ၊ သုံးလသို့ ကူး လာသောအခါ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် တစ်ဦးသာ ပုံမှန်လာနိုင်သည်။ ကျန်လူများက တစ်ပတ်မှ တစ် ရက်လောက် မရောက်ဖြစ်ကြ။

ဘုရားရှေ့က ဓမ္မာရုံမှာတော့ အမှုဆောင် လူကြီး ၉ ဦး ဓာတ်ပုံ ချိတ်ထားသည်။

တကယ်တော့ စေတနာ့ဝန် ထမ်း အလုပ် ဆိုတာ လွယ်သည် မဟုတ်။

အများက ရွေးကောက်တင် မြှောက်လို့ လက်ခံ လိုက်ရပါသည်။ အလှူငွေလက်ခံဖို့ စာသေချာ မတတ်ပါ၊ မျက်စိက အားနည်း၍ မမြင်ရပါ၊ ရင်ကျပ် ရောဂါ ရှိ၍ ဘုရားပန်း အနံ့များနှင့် မတည့်ပါ၊ အိမ်မှာလူခွဲမရှိ၍ အိမ်ဆိုင်လေး ကို ထားခဲ့ပြီး ဘုရားတာဝန်ယူရန် ခက်ပါသည်၊ စသည် စသည် အ ခက်အခဲ မျိုးစုံ ရှိနေကြသည်။

ကျောင်းဆရာ လူထွက်ဥက္ကဋ္ဌ နှင့် စာရေးကြီး လူထွက် အတွင်း ရေးမှူးတို့ နှစ်ယောက် တစ် ယောက် တစ်လှည့် တာဝန်ယူကြ ရသည်။

ကျန်လူ ခုနစ်ယောက်ကတော့ လုပ်ချင်ပါလျက် မလုပ်တတ်သူ ရယ်၊ လုပ်ချင်ပါလျက် မလုပ်နိုင်သူ ရယ် ဖြစ်နေသော အခါ ရပ်ကွက် လူထုမှာ သုံးနှစ် ပြည့်အောင် စောင့်ကြရပါတော့မည်၊ ပြဿနာ မရှိ။

ရပ်ကွက်လူထုက ပြဿနာ မရှိ။

လုပ်ချင်စိတ်ရှိ၍ လုပ်တတ် ကိုင်တတ်နှင့် လုပ်နိုင်သူတို့ နှစ်ဦး တည်းသာ နှစ်ပြည့်အောင် တာဝန် ယူကြဖို့က ပြဿနာ ဖြစ်ရလေပြီ။

ဘုရားလူကြီး ရွေးချယ်ပွဲမှာ အရည်အချင်း ၃ ရပ် ပြည့်စုံသူကို ရွေးဖို့ သြဝါဒပေးခဲ့သော ရဲမှူးကြီး ဟောင်း ဦးနိပ်စောနန်း က တောင် ဥက္ကလာပသို့ ပြောင်းလာခဲ့ပြီ။ နယ်မြေဟောင်းသို့ ပြန်ပြောင်း သွားစရာ အကြောင်းမရှိ။

ရွေးချယ်ပွဲအတွက် သူပြောဆို လမ်းညွှန်ခဲ့သည် များနှင့် တခြားစီ ရွေးချယ်ထားကြသော ရပ်ကွက် အကြောင်း အားရပါးရ ပြောနေ သည်။

သူနေခဲ့သော ရပ်ကွက်မှာ တော့ သူက အသက်ကြီးသူ၊ သြဝါ ဒပေးခဲ့သူ ရပ်ကွက် လူကြီး အ သက် ခုနစ်ဆယ်ကျော်။

သူ့စကားကို စိတ်ဝင်စားစွာ နားထောင်ရင်း တည်ခင်းထား သော လက်ဖက်သုပ်ကို စားဖို့မေ့ နေကြသူက ကျွန်တော် တပ်ရင်း မှူးဟောင်းနှင့် ဗိုလ်သိမ်းဆွေတို့ နှစ်စုံတွဲ။

ကျွန်တော့် စိတ်ထဲမှာတော့ သူ ပြောပြသော ဇာတ်လမ်းလေး ကို မမေ့အောင် အရေးတကြီး မှတ်မိဖို့ ကြိုးစားနေရသည်။

အိမ်ကို အမြန်ပြန်ရမည်။

သူပြောသမျှ စီကာစဉ်ကာ ရေးရမည်၊ ပေါ်ပြူလာနယူးစ် ဂျာ နယ်တိုက်သို့ အချိန်မီပို့ဖို့ စာလုံး တွေ စိတ်နှင့် စီနေမိရပါသည်။

သက်ငယ်စကား သက်ကြီး ကြား။

မောင်ဆွေသက်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*