လာမည့် ပညာသင်နှစ် မှစ၍ ပထမတန်းတွင် သင်ရိုးသစ်များ ပြောင်းလဲ သင်ကြားမည်

လာမည့် ပညာသင်နှစ် မှစ၍ ပထမတန်းတွင် သင်ရိုးသစ်များ ပြောင်းလဲ သင်ကြားမည်
March 3, 2017 Asian Fame

12:20 pm
လာမည့် ပညာသင်နှစ် မှစ၍ ပထမတန်းတွင် သင်ရိုးသစ်များ ပြောင်းလဲ သင်ကြားမည်

လာမည့် ပညာသင် နှစ်မှစ၍ အခြေခံပညာ ပထမတန်း သင်ခန်း စာတွင် သင်ရိုးသစ် များ ပြောင်းလဲ သင်ကြား ပေးတော့ မည်ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲက ပြော သည်။

ပြောင်းလဲမည့် သင်ရိုးသစ်များကို ဂျပန် အပြည်ပြည် ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေး အေဂျင်စီနှင့် အခြေခံ ပညာ သင်ရိုးညွှန်း တမ်း ရေးဆွဲရေး အဖွဲ့တို့ ပူးပေါင်း ရေးဆွဲခြင်း ဖြစ်ပြီး   ကမ္ဘာ့ နိုင်ငံပေါင်း ၁၄ နိုင်ငံ ၏ သင်ရိုးများကို လေ့လာ သုံးသပ်ကာ ရေး ဆွဲခြင်းဖြစ်သည်ဟု ၄င်းက ပြောသည်။  ပထမတန်း သင်ရိုးသစ် တွင် စဉ်းစားတွေးခေါ်မှုကို အလေးပေး သော သင်ရိုးများ၊ ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်  ဗလငါးတန် အခြေပြု သင်ရိုးများ၊ မြန်မာစာ၊   အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ ဘဝ တွက်တာ ကျွမ်းကျင်စရာ၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ကာယ၊ ရသ၊ (ပန်းချီ၊  ဂီတ) စသော ဘာသာရပ်များ အားလုံး ပါအောင် ရေးဆွဲထားသည် ဟု သိရသည်။

လက်ရှိတွင် အဆိုပါ သင်ရိုးသစ်နှင့် ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့် ဆရာဆရာမ များ အားသင် တန်းပေးနေ ပြီး ဖေဖော် ဝါရီ လကုန်တွင် အဆိုပါ သင်တန်း   ပြီးဆုံးမည်ဖြစ်သည်။  ”ဗဟို အဆင့် သင်တန်းပို့ချမှုတွေပြီးတာနဲ့ မြို့နယ် အဆင့် သင် တန်း ပို့ချမှုတွေကို အကောင်အထည်ဖော်မှာပါ။ ဆရာ ဆရာမတွေလည်း စိတ်ဝင်တစား သင်ယူကြပါတယ်” ဟု   ဒေါက်တာ ခိုင်မြဲက ပြောသည်။

ပြောင်းလဲကျင့်သုံးခဲ့သည့် KG + 12 ပညာရေးစနစ်အရ ယခု ပညာ သင်နှစ်တွင် သူငယ်တန်း တက်ရောက်နေသော  ကလေးများ သည် လာမည့် ပညာသင်နှစ် မှစ၍ ပထမတန်း   သင်ရိုးသစ်ဖြင့် သင် ကြားရတော့မည်ဖြစ်သည်။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*