မျိုးချစ်စိတ် ၏ မသေတရား

မျိုးချစ်စိတ် ၏ မသေတရား
March 3, 2017 Asian Fame

2:46 pm
မျိုးချစ်စိတ် ၏ မသေတရား

Kyunitမျိုးချစ်စိတ် Partriotism  ဟူ သည် တစ်စုံတစ်ရာသော သီးခြား ဖြစ်သော လူ့အမျိုးအနွယ် တစ်ခုကို ရည်ညွှန်း အရင်းခံခြင်း သက်သက် မဟုတ်ပေ။ လူ့အမျိုးအနွယ် တစ်ခု ၏ ဇာစ်မြစ်တည်ရာ ပေါက်ပွားရှင် သန်ရာ မြေပထဝီ အပိုင်းအခြား ပေါ်၌ ထိုအမျိုး အနွယ် ကလေး မြတ် ချစ်ခင်စွာ ရှင်သန်နေထိုင်းရင်း ထိုမြေပထဝီ အပိုင်းအခြားကို ကာ ကွယ်စောင့်ရှောက်သည့် စိတ်နေ သဘောထား ဟု ပညာရှင် အသီးသီး က အဓိပ္ပါယ် ဖွင့်ဆိုကြသည်။ စာမ တတ် ပေမတတ် ကျေးတောနေ အရပ်သား တောင်သူ  မိလက္ခုတို့ နားလည် လက်ခံ ထားကြသော မျိုး ချစ်စိတ်၏ အဓိပ္ပါယ်မှာ ကျဉ်းမြောင်း သည်နှင့်အမျှ ယုံကြည်မှု လွဲချော် မှားယွင်းနေသည်။ ”ဆွေဝ မျိုးဝ၊ ဆွေးမျိုး ကောင်းစားရေးဝါဒ  Ne-potism  သာသာမျှသာ အဓိပ္ပါယ် သက်ရောက် လျက်ရှိသည်။ မျိုးချစ် စိတ်ဝေါဟာရ ၏ အနက် အဓိပ္ပါယ် ကို ပိုမိုလေးနက် ခိုင်မာစေသော အခြားဝေါဟာရမှာ ”တိုင်းချစ်ပြည် ချစ်စိတ်”ပင်ဖြစ်သည်။ မြန်မာနိုင်ငံ လို တိုင်းရင်းသား အမျိုးမျိုးနှင့် လူ မျိုးခြား အနည်ငယ် စုဝေးနေထိုင်ကြ သော တိုင်းပြည်မျိုးတွင် တိုင်းချစ် ပြည်ချစ်စိတ် ရင့်သန်အားကောင်း ဖို့က အရေးကြီး သည်။ မျိုးချစ်စိတ် ဟူသည်ကို အဓိပ္ပါယ်ကောက်လွဲ သော တစ်ယူသန် အမြင်ကျဉ်းသ မား များကြောင့် တစ်နိုင်ငံတည်း သားချင်း တစ်ရပ်တည်းသားချင်း များကြားတွင် ပဋိပက္ခ မီးတောက် များ ပေါ်ပေါက်လာတတ်သည်။ ပေါ်ပေါက်လာ ခဲ့ဖူးသည်လည်း ရှိခဲ့ပြီ။

မြန်မာနိုင်ငံ၏ ရှည်လျားလှ စွာသော ပြည်တွင်းစစ် လမ်းကြောင်း ကို လွဲမှား အံချော်သော မျိုးချစ် စိတ်က နိဒါန်းပျိုးပေးခဲ့၏။

အကြံသမား ခေတ်သစ်နယ်ချဲ့ ”နှစ်ဖက်လွှ” တွေက မီးလောင်ရာ လေပင့် မြှောက်ထိုးပင့်ကော် ဘေး တီးပေးခဲ့ကြ၏။ ဒုတိယ ကမ္ဘာစစ် ကာလ အင်္ဂလိပ်အပြေး၊ ဂျပန်အ ဝင် အချိန်တုန်းက မြစ်ဝကျွန်းပေါ် ဒေသတွင် ပေါ်ပေါက်ခဲ့ရသည့် လူ မျိုးရေး ပဋိပက္ခကို တို့မီးရှို့မီးလုပ် သွားခဲ့ကြသူများမှာ မြန်မာနိုင်ငံမှ ထဘီမနိုင်၊ ပဝါမနိုင် ထွက်ပြေးကြ ရသော နယ်ချဲ့အင်္ဂလိပ်တို့ သာဖြစ် ကြောင်း သမိုင်းက အခိုင်အမာ သက်သေခံခဲ့သည်။

ထိုစဉ်က အစွန်းရောက် မျိုးချစ် စိတ်သည် မျိုးဖြုတ်စစ်ပွဲ  Ethnic Cleansing ကဲ့သို့သော လူမဆန် ဆုံးအရိုင်းအစိုင်း တို့၏ ပရမ်း ပတာ ဖြစ်စဉ်ဆီသို့ ရောက်လုနီးနီး တွန်းပို့ ခဲ့သည်ကို သမိုင်းက နှောင်းလူတို့ အား ပြောပြနေဆဲဖြစ်သည်။ မျိုး ဖြုတ်စစ်ပွဲတို့၏ အော့နှ လုံး နာစရာ လူမဆန်မှုကို (၂ဝ)ရာစု ကုန်ခါနီး တုန်းက ဖြစ်ပွားခဲ့သော ဘော့စနီး ယားစစ်ပွဲက ယနေ့ခေတ် လူသား များကို မျက်ဝါး ထင်ထင်ဖြစ်အောင် မီးမောင်း ထိုး၍ပြခဲ့သည်။ မျိုးဖြုတ် စစ်ပွဲ အချို့ရှိနေဆဲ အာဖရိကနိုင်ငံ အချို့ကို လှမ်းကြည့်လျှင် လူ့ကမ္ဘာ ရှိ ငရဲဘုံကို တွေ့မြင်ရသည့်အလား ခံစား ကြရပေလိမ့်မည်။

လူမျိုးတစ်မျိုး ပျက်သုဉ်းသွား မှသာ ငြိမ်းချမ်းမည်၊ သာယာဖွံ့ ဖြိုးမည်၊ လွတ်လပ် ငြိမ်းအေးမည် ဟု ယူဆခြင်းမှာ ငရဲသို့ ရောက်နေ သော နာဇီခေါင်းဆောင် ”အဒေါ့ဖ် ဟစ်တလာ”၏ အတွေးအခေါ်မျိုး သာ ဖြစ်သည်။ ”အာရယန်” မျိုး နွယ်ကိုသာ ချစ်သော ဟစ်တလာ၏ မျိုးချစ်စိတ် မှာ ကမ္ဘာပေါ်ရှိ အခြား အခြားသော မျိုးနွယ် တို့ကို ရန်သူ ဟု ကြေညာ လိုက်သလို ဖြစ်သွား သည်နှင့် တစ်ပြိုင်နက် သူ့ခမျာ တစ်ကမ္ဘာလုံး ၏ ရန်သူနံပါတ်တစ် ဖြစ်သွား ရရှာတော့သည်။

ရှေးပဒေသရာဇ် ခေတ် မြန်မာ နိုင်ငံ၌ ကျဉ်းမြောင်းသော မျိုးချစ် စိတ်သာ ထွန်းကားခဲ့ခြင်းကို အပြစ် ဆိုစရာတော့ ရှိမည် မဟုတ်။ ထို ကျဉ်းမြောင်းသော မျိုးချစ်စိတ် ကြောင့်ပင်လျှင် ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသော အင်အားကြီး တိုင်းရင်း သားအုပ်စု များသည် မကြာခဏ စစ်မက်ဖြစ်ပွား၊ မမောနိုင် မပန်း နိုင် အပြန်ပြန် အလှန်လှန် တိုက် ခိုက်နေခဲ့ကြဖူးသည် ကို သမိုင်းထဲ မှာတွေ့ရသောအခါ သက်ပြင်းချ ရုံမှအပ ဘာမျှ မတတ်နိုင်တော့။ အင်းဝဘုရင် မင်းခေါင်ကြီးနှင့် ဟံ သာဝတီဘုရင် ရာဇဓိရာဇ် တို့အ ကြားဖြစ်ပွားသော ”နှစ် ၃ဝ စစ်ပွဲ” ဟူ၍ပင် ရှိသေးရာ ”စစ်သွေးကြွသူ တွေပါတကား” ဟု ညည်းညူရ တော့မလိုလို ခံစားလိုက်ရပါသည်။ သို့နှင့်ပင် ၁၈၂၄ ခုနှစ်၊ ၁၈၅၂ ခုနှစ်၊  ၁၈၈၅ ခုနှစ် တို့တွင် နယ် ချဲ့အင်္ဂလိပ်က သုံးကြိမ် သုံးခါ စစ် ပွဲဆင်နွှဲပြီး မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက် ဖိနင်းထားလိုက်သောအ ခါမှ ”ကျောချမှ ဓားပြမှန်းသိ”သွား ခဲ့ကြရသည်။

ဒုတိယကမ္ဘာစစ် အပြီးတွင် စစ်နိုင်ခဲ့သော်လည်း ”စစ်နာ”နေခဲ့ သော နယ်ချဲ့ တို့သည် သူတို့ နှစ် တစ်ရာကျော် အုပ်စိုးခဲ့သော မြန် မာနိုင်ငံ၏ အသွင်သစ် ကို သတိ ထားမိသွားကြသည်။ မြန်မာနိုင်ငံ သည် ပဒေသရာဇ် ခေတ်ကလို သူ တစ်လူ ငါတစ်မင်း မဟုတ်တော့။ တိုင်းရင်းသား ပေါင်းစုံ စုစည်းလက် တွဲထားကြသည်ကို တွေ့ကြရသည်။ အားလုံးရှေ့မှာ ဗိုလ်ချုပ်အောင်ဆန်း လို သူမတူ သည့် နိုင်ငံရေး သုခမိန် ခေါင်းဆောင်က ရပ်နေသည်။ သည်တစ်ခါ နယ်ချဲ့အင်္ဂလိပ်တို့ ရာဇမာန်တက်လျှင် ”ခွေးသေ ကောင်ပုပ်ကို လင်းတ ဆွဲသည့်အ ဖြစ်”ထက် ပိုဆိုးသည့် မြန်မာလုထု ၏ ဆန့်ကျင်အုံကြွမှုကို ရင်ဆိုင်ရ တော့မည်။

မြန်မာနိုင်ငံကို နှစ်(၁ဝဝ) ကျော်”အဆီကိုစား၊ အသားကိုမျို” ခဲ့ကြရုံမျှနှင့် အားမရ ကြသေးသော စားနေကြကြောင်ပါး နယ်ချဲ့ ဓန ရှင်တို့သည် လွတ်လပ်ပြီး ပြည် ထောင်စု မြန်မာနိုင်ငံတော်ကို ရနိုင် သလောက် ”ကုပ်သွေးစုပ်ရန်” အကြံယုတ် အကြံညစ်တွေဖြင့် ကြံစည်လှုပ်ရှား လာကြပြန်သည်။ ကျဉ်းမြောင်းသော၊ မျိုးချစ်စိတ် သက်သက်သာ ရှိသော၊ ကိုယ့်ဥမှ ကိုယ်ဥ အစွဲကြီးသော တိုင်းရင်း သားအချို့ကို အလွဲ မျိုးချစ်စိတ် မှိုင်းတိုက်ကာ ”တစ်တော တစ် ကြက်ဖတွန်” ဝါဒထူထောင်ကြဖို့ အားပေးခဲ့ကြသည်။ အလွဲမျိုးချစ် စိတ်မှိုင်း မိသော တိုင်းရင်းသားများ က ”တော်လှန်ရေး”ဟု ကြွေးကြော်ကာ အချုပ်အခြာ အာဏာကို ထိန်း သိမ်း စောင့်ရှောက်နေသော ပြည်ထောင်စု အစိုးရကို လက်နက် ကိုင် တိုက်ခိုက်ကြသည်။ ထိုမှား ယွင်းသော အပြုအမူက မည် သည့် ရလဒ်ထွက်ပေါ်စေခဲ့ပါသနည်း။

တစ်ပြည်ထောင်တည်းသော တိုင်းရင်းသား ညီအစ်ကို အချင်း ချင်းသူသေကိုယ်သေ တစ်ယောက် လည်ပင်း တစ်ယောက် လှီးကြသည့် ရလဒ်ဆိုး၊ စစ်အန္တရာယ်ကြောင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်ခွင့်မရသည့် ရလဒ်ဆိုး၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှု မရှိခြင်း ကြောင့် ပြည်သူလူထု၏ လက်ရုံး ရည်၊ နှလုံးရည် ကျဆင်းလာခဲ့ရခြင်း ရလဒ်၊ နိုင်ငံရေး မတည်မငြိမ်ဝရုန်း သုန်းကား အခြေ အနေတွင် တပ်မ တော်က နိုင်ငံရေး နယ်ပယ်ထဲသို့ ချဉ်းနင်း ဝင်ရောက်လာရသည့် ရလဒ်ဆိုး စသည် စသည် ဒီမိုက ရေစီ လမ်းကြောင်းနှင့် ဝေးရာခရီး ကြမ်းပေါ်သို့ မြန်မာနိုင်ငံ ရောက်ရှိ သွားခဲ့ရသော ရလဒ်ဆိုး အစုအပေါင်း ကို တွေ့ရပေမည်။

ဓလေ့အစွဲ အမှားအယွင်း တစ်ခုကို စာရေးသူ ကိုယ်တိုင် ကြုံ ဖူးသည်။ စာရေးသူသည် တိုင်းရင်း သူတစ်ဦးနှင့် အိမ်ထောင် ကျခဲ့ရာ သူ့ဆွေမျိုးသားချင်း တွေက သူ့ကို ”ဗမာမ”ဟုသာ ဝိုင်းခေါ်နေကြ ကြောင်း ပြောပြပါသည်။ စာရေး သူ နာလိုခံခက် အမျက်ထွက်မိ သည်။ ဇနီးနားလည်အောင် ပြော မပြတတ်သည့် အဆုံး စိတ်တိုတို နှင့် ပြောမိပြောရာ ပြောချလိုက် တော့သည်။

”ဟေ့…ငါလည်း ဗမာ မဟုတ်ဘူး။ နင်လည်း ကရင် မဟုတ်ဘူး။ ဗမာအစစ် ကရင်အ စစ်ဆိုတာ မရှိဘူး။ မြန်မာနိုင်ငံမှာ နေတဲ့သူ အားလုံး အာရှတိုက် အ လယ်ပိုင်းက ဆင်းလာကြတဲ့ မွန်ဂို အမျိုးအနွယ်တွေ ချည်းပဲ။ မြန်မာ နိုင်ငံလို့ အခုခေါ်နေကြတဲ့ နယ် မြေကြီး ထဲကိုရောက်မှ နေထိုင်ရာ ဒေသ၊ စားဝတ်နေမှု အလေ့အထ၊ ဘာသာစကား ပြောဆိုမှု၊ ကိုးကွယ် မှုတွေ ကွဲပြားကုန်ပြီး ကြာလာတော့ ရှမ်း၊ ကချင်၊ ကရင်၊ ကယား၊ ဗမာ၊ မွန်၊ ရခိုင်ဆိုပြီး မျိုးစိတ်တွေ အကွဲ ကွဲအပြားပြား ဖြစ်ကုန်ကြတာ။ အ နော်ရထာ ဘုရင်လက်ထက် ပထမ မြန်မာ နိုင်ငံတော်ကြီး တည်ထောင် ကတည်းက ဒီနိုင်ငံတော်ထဲမှာ အားလုံး စုဝေးနေထိုင်ကြတာ။ ငါ တို့ တိုင်းရင်းသားတွေ ဘယ်သူမှ ကုလားပြည်ဘက် ထွက်မသွားခဲ့ ကြဘူး။ တရုတ်ပြည်ဘက် လည်း ထွက်မသွားခဲ့ကြဘူး။ ပြည်ထောင် စုမြန်မာနိုင်ငံတော် အတွင်းမှာနေတဲ့ သူမှန်သမျှ  အိုးမကင်း ချိုးမ ကင်း ဆွေမျိုး ညီအစ်ကို မောင်နှမ ချည်းပဲ။ ငါကတော့ ဘာမျိုး၊ ညာ မျိုးပါ ဆိုပြီး တသီး တသန့် ခွဲထွက် ချင်သပ ဆိုရင်တော့ ဘင်္ဂလားပင် လယ်အော်ထဲ မှာသာ သွားနေကြ လို့ နင့်အမျိုးတွေကို ပြောလိုက် လေတော့…”

ဇနီးက သူ့အမျိုးတွေပြန်ပြော မပြောတော့မသိပါ။ ဇနီး၏ ညီမ အရင်း တစ်ယောက်မှာ ဗမာ မူဆလင်ကပြား တစ်ယောက်နှင့် အိမ်ထောင်ကျ သွားရာ ဇနီးတို့ အမျိုးတွေက ချောချောလှလှ၊ ဖြူဖြူဆွတ်ဆွတ် ကရင်မကလေး ကို ‘ကုလားမ’ ဟု ခေါ်ကြပြန် သတတ်။

ဓလေ့အစွဲတစ်ခုကို ချေချွတ် ရခက်ခဲပါသော်လည်း ကာယကံ ရှင်ကိုယ်၌က မိမိ စွဲမိစွဲရာ ဖြစ်နေ သောဓလေ့၏ ခေတ်နောက်ကျမှု၊ အသုံး မတည့်မှု၊ အများနှင့်လိုက် လျောညီထွေ မဖြစ်မှုတို့ကို ဆင်ခြင် နားလည်နိုင်လျှင် ‘မျိုးချစ်စိတ်’ ဝေါဟာရ၏ အဓိပ္ပါယ် မှန်ကိုပါ သဘောပေါက်လာနိုင် သည်။ ငါ့ဆွေ၊ ငါ့မျိုးကိုသာချစ် သော မျိုးချစ်စိတ်သည် ဟစ် တလာကဲ့သို့ ရန်သူ ဝိုင်းဝိုင်းလည် သည့်အဖြစ်သို့ ကျရောက်စေ မည်။ တိုင်းချစ်ပြည် ချစ်စိတ်ဖြင့် ငါ့နိုင်ငံတော် အတွင်း မှီတင်းနေ ထိုင်သူမှန်သမျှ ဘာသာ လူမျိုး မခွဲခြားဘဲ ငါ့အမျိုးချည်းဟု သဘော ထားနိုင်မှ ထိုမျိုးချစ်စိတ် က ခိုင်မာတည်တံ့လိမ့်မည်။ အသား ရောင်ခွဲခြားခြင်း၊ အမျိုး ဇာတ်ခွဲ ခြားခြင်း၊ ကိုးကွယ်ရာ ဘာသာ ခွဲ ခြားခြင်းတို့မှာ စစ်ပွဲ အနိဌာရုံတို့၏ ရေသောက်မြစ်များသာ ဖြစ် သည်။

 သေချာစဉ်းစားလျှင် မနုဿ လူသားမျိုးရင်း ဟူ၍ များများစားစား မရှိလှကြောင်း တွေ့ကြရမည်။ ကော့ ကေးရှင်း Caucasian ခေါ် လူဖြူ မျိုးနွယ် ရှိမည်။ နိဂရွိုက် Negroid ခေါ် လူမည်းမျိုးနွယ်ရှိမည်။ မွန်ဂို လွိုက် သြညါသူသငိ ခေါ် အသား ဝါ မျိုးနွယ် ရှိမည်။ မြန်မာနိုင်ငံ သား တွေမှာ မွန်ဂိုလွိုက် အနွယ်တွေဖြစ် ကြသည်။ တစ်နည်းအားဖြင့် နိုင်ငံ သားအားလုံး မျိုးရင်း တစ်ခုတည်းမှ ပေါက်ဖွားဖြာထွက် ပျံ့နှံ့နေကြခြင်း မျှသာဟု ရဲရဲကြီးဆိုနိုင်သည်။

‘မျိုးချစ်စိတ်’ ဟု ဆိုလိုက်လျှင် မောင်ဖြူ၊ မောင်နီတို့ကို မကြည့် ကြပါနှင့်။ မိမိနှင့် အတူမောင်ဖြူ၊ မောင်နီတို့ ရပ်နေကြသည့် မြေ ပထဝီ အပိုင်းအခြား နယ်နိမိတ် ကိုသာကြည့်ပါ။ ထိုအခါ မိမိချစ် မြတ်နိုးရမည့်၊ ကာကွယ်စောင့် ရှောက်ရမည့် နေရာအဝန်းကို သိ ရှိလာ ပြီးနောက် တကယ်လိုအပ်သော အမြဲထာဝရ ရှင်သန်ကောင်းသော တိုင်းချစ်ပြည် ချစ်စိတ်ကို သိမ်းပိုက် လာနိုင်ပါလိမ့်မည်။ တစ်ခု သတိပြုရန် လိုပါသည်။ ဘာသာမရွေး လူမျိုး မရွေး၊ အဆင့်အတန်းမရွေး ပခုံး နှစ်ဖက်ကြားခေါင်းပေါက်သည့် မနုဿ လူသားတိုင်း အပေါ် မေတ္တာ ထားဖို့ဟူသည်မှာ ဘုရား၊ ရဟန္တာ၊ ပစ္စကဗုဒ္ဓါ သူတော်ကောင်း သူမြတ် လောင်းတို့သာ စွမ်းနိုင်ရာဖြစ်သည်။ ပုထုဇဉ် လောကီသားတို့အဖို့ရာမူ တိုင်းချစ် ပြည်ချစ်စိတ်ကို နှလုံး သွင်းထားနိုင်ဖို့သာ လိုအပ်ပါ သည်။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*