ချင်းပြည်နယ်တွင် ကင်ဆာရောဂါ အဖြစ်များလာဟု ဆို

ချင်းပြည်နယ်တွင် ကင်ဆာရောဂါ အဖြစ်များလာဟု ဆို
March 3, 2017 Asian Fame

2:20 pm
ချင်းပြည်နယ်တွင် ကင်ဆာရောဂါ အဖြစ်များလာဟု ဆို

စိုင်းလမင်း
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄

ဖွံ့ဖြိုးမှု အနည်းဆုံး ပြည်နယ် နှစ်ခုထဲမှတစ်ခုဖြစ်သည့် ချင်းပြည်နယ်တွင် ကင်ဆာရောဂါ အဖြစ်များလာသည့်အတွက် သုတေသန အမြန်ဆုံး လုပ်ဆောင်သွားမည် ဖြစ် ကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဒေါက်တာ မြင့်ထွေးက ပြောသည်။

”ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံတော် သမ္မတရဲ့ ချင်းပြည်နယ်ခရီးစဉ်မှာ ဘာသွားတွေ့လဲဆိုတော့ အစာအိမ် ရောင်တဲ့သူတွေ၊ အသည်း ကင်ဆာ တွေများလာတယ်၊ အစာအိမ်နဲ့ ပတ်သက်တဲ့ ကင်ဆာတွေလည်း များလာတယ်” ဟု ၎င်းက ဖေဖော်ဝါရီလ ၂၃ တွင် ပြောသည်။ ဖေဖော်ဝါရီ တတိယပတ်တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ကချင်းပြည်နယ်သို့ သွားရောက်ခဲ့ပြီး ကျန်းမာရေးဝန်ကြီး၊ ပညာရေးဝန်ကြီးတို့လည်း လိုက်ပါသွားကြသည်။ ထိုခရီးစဉ်တွင် နိုင်ငံတော် သမ္မတက ဟားခါးနှင့် ထန်တလန် ပြည်သူ့ဆေးရုံသို့ သွားရောက်ခဲ့ပြီး အဆိုပါဆေးရုံများကို အဆင့်မြှင့် တင်ပေးရန် ဒေသခံများက တင်ပြ ခဲ့ကြသည်။

”သုတေသနတွေ အမြန်ဆုံး လုပ်မယ်၊ ပြည်သူ့ကျန်းမာရေးကို ပညာပေးလုပ်ဖို့ လိုပါတယ်။ ဒါကို ပညာပေးလို့ရှိရင် ဆေးရုံလာတဲ့ လူနာ အများကြီးနည်းသွားမှာ ဖြစ် ပါတယ်။ မကြာခင်အတွင်း လုပ်မှာ ပါ။ ချင်းပြည်နယ် ရောက်တုန်းက လည်း လုပ်ဖို့ ပြောခဲ့ပါတယ်” ဟု ကျန်းမာရေးဝန်ကြီးက ပြောသည်။ လတ်တလောတွင် မြန်မာနိုင်ငံ သည် ကင်ဆာရောဂါအဖြစ် အများဆုံး နိုင်ငံစာရင်းတွင် ပါဝင် နေပြီး ကင်ဆာ၊ ဆီးချို၊ သွေးတိုး စသည့် မကူးစက်နိုင်သော ရောဂါ များ ဖြစ်ပွားမှု များလာကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*