ကယားပြည်နယ်သို့ လာသော ပြည်ပဧည့်များအား ဇုန်ဝင်ကြေး ကောက်ရန် စီစဉ်

ကယားပြည်နယ်သို့ လာသော ပြည်ပဧည့်များအား ဇုန်ဝင်ကြေး ကောက်ရန် စီစဉ်
March 3, 2017 Asian Fame

2:05 pm
ကယားပြည်နယ်သို့ လာသော ပြည်ပဧည့်များအား ဇုန်ဝင်ကြေး ကောက်ရန် စီစဉ်

Travel

မေဇင်ဝင်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ကယားပြည်နယ်သို့ လာရောက်သော ခရီးသွားများအား ဇုန်ဝင်ကြေးကောက်ရန် စီစဉ်နေကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ ခရီးသွားဒေသ အသီးသီးတွင် ပြည်ပဧည့်များအား ဇုန်ဝင်ကြေး ကောက်သော်လည်း ကယားပြည်နယ်တွင် လက်ရှိ အချိန်အထိ ဇုန်ဝင်ကြေး ကောက်ခံ ခြင်း မရှိကြောင်း၊ ပြည်နယ်ခရီး သွားလုပ်ငန်း မြှင့်တင်ရေးအတွက် ပြန်လည်အသုံးပြုရန် ဘတ်ဂျက်လို အပ်သဖြင့် ကောက်ခံရန် စီစဉ်နေခြင်းဖြစ်ကြောင်း၊ ကယားပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဦးလင်းဇော်ထွဋ်က ပြောသည်။

”အမှန်တော့ ကျွန်တော်တို့ ဝန်ကြီးဌာနက ဘတ်ဂျက်မရှိလို့ ကောက်ဖို့ စဉ်းစားတာ။ ဒါပေမယ့် ညှိနှိုင်းတုန်းပါ။ ပထမ ဟိုတယ်တွေ ကနေ အခန်းအပေါ်မှာ အခွန် ကောက်ဖို့လုပ်သေးတယ်။ ဒါပေ မယ့် ကယားပြည်နယ် ခရီးသွား လုပ်ငန်းက ခုမှစတာဆိုတော့ ဟို တယ်တွေကလည်း မပေးနိုင်ဘူး လေ၊ ဇုန်ဝင်ကြေး ကိစ္စကတော့ ပြည်နယ်အစိုးရကို ကျွန်တော်တို့ တင်ပြထားတုန်းပါ။ သမ္မတရုံး ကိုလည်း တင်ထားပါတယ်” ဟု ၎င်းက ပြောသည်။ သမ္မတရုံးမှ ခွင့်ပြုပါက ဇုန်ဝင်ကြေး ကောက်ခံသွားမည် ဖြစ် သော်လည်း ယခုနှစ်အတွင်းတွင်မူ ဖြစ်နိုင်ဖွယ် မရှိသေး ကြောင်း၊ ဇုန်ဝင်ကြေးကောက်ပါက ခရီး သွား အသင်းအဖွဲ့များကို အကြောင်းကြား သွားမည်ဖြစ် ကြောင်း၊ မည်မျှကောက်မည် ဆိုသည်ကိုမူ အတိအကျ မသတ်မှတ်ရသေးကြောင်း ၎င်းက ပြောသည်။ ကယားပြည်နယ်သည် ၂ဝ၁၅ နောက်ပိုင်းမှစ၍ ခရီးသွားလုပ်ငန်း သိသိသာသာ ဖွံ့ဖြိုးလာသော ပြည်နယ်တစ်ခု ဖြစ်သည်။ ကယားပြည်နယ်သို့ လာရောက်သော ပြည်ပဧည့်များသည် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုမြို့ နယ်များသို့သွားရောက် လည်ပတ်လေ့ ရှိကြသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*