ကြားဖြတ် ရွေးကောက်ပွဲ အတွက် ရန်ကုန်တိုင်းတွင် မဲစာရင်းကြည့်သူ နည်းနေသေး

ကြားဖြတ် ရွေးကောက်ပွဲ အတွက် ရန်ကုန်တိုင်းတွင် မဲစာရင်းကြည့်သူ နည်းနေသေး
March 3, 2017 Asian Fame

11:45 am
ကြားဖြတ် ရွေးကောက်ပွဲ အတွက် ရန်ကုန်တိုင်းတွင် မဲစာရင်းကြည့်သူ နည်းနေသေး

(ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄) 

လာမည့် ကြားဖြတ် ရွေးကောက် ပွဲအတွက် ရန်ကုန်တိုင်း ဒေသကြီး အတွင်း မဲပေးခွင့်ရှိသူ ကိုးသိန်း ကိုးသောင်းကျော် ရှိသည့် အနက် မဲစာရင်း လာရောက် ကြည့်ရှုသူ    ခုနစ်သောင်းကျော် သာ ရှိသေး ကြောင်း တိုင်းရွေးကောက်ပွဲ ကော် မရှင် အတွင်းရေးမှူး ဦးတင်ဝင်း က ပြောသည်။  မဲစာရင်းများကို ရွေးကောက် ပွဲကော်မရှင်က ယခုနှစ် ဖေဖော် ဝါရီလ ၁ ရက်နေ့မှ ၁၄ ရက်နေ့ အထိ ကြေညာ ခဲ့ခြင်းဖြစ် ပြီး မဲစာရင်း လာရောက်ကြည့် သူများတွင် တစ်   သောင်းကျော်မှာ အချက်အလက် များ မှားယွင်းမှုများ ရှိနေ၍ ကော် မရှင်ရုံးများသို့ လာရောက် ပြင် ဆင်ကြသည်ဟု ၄င်းကပြောသည်။  ”မဲစာရင်း အချက်အလက် မှားယွင်းမှုမှာ လှိုင်သာယာမြို့ နယ်က အများ ဆုံး ဖြစ်နေတယ်” ဟု ၄င်းက ပြောသည်။  အဆိုပါ မှားယွင်းမှုများနှင့် ပတ်သက်၍ လှိုင်သာယာမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စား လှယ်လောင်း ဦးဝင်းမင်းက ရွေး ကောက်ပွဲ   ကော်မရှင်၏ နည်းပညာ ပိုင်းဆိုင်ရာ အားနည်း မှုနှင့် ရပ် ကွက်အတွင်း လှုံ့ဆော်မှု အား နည်းခြင်း တို့ကြောင့် ဖြစ်သည်ဟု ဆိုသည်။  ”မဲစာရင်း လာမကြည့်ကြတာ၊ အချက်အလက် မှားတာတွေ ဟာ ကြားဖြတ် ရွေးကောက်ပွဲမို့လို့ ကော်မရှင်က လှုံ့ဆော်မှု အားနည်း လို့ဖြစ်ပါတယ်” ဟု ၄င်းက ပြောသည်။

ကြားဖြတ် ရွေးကောက်ပွဲ အတွက် ဒုတိယအကြိမ် အဖြစ် မဲ စာရင်းများကို မတ်လ ၁၇ ရက်မှ ၂၅ ရက် အတွင်း ကြေညာသွား မည်ဖြစ် သည်။ အဆိုပါ မဲစာရင်း ကြေညာမှုသည်   နောက်ဆုံး အကြိမ် ဖြစ်ကာ အချက်အလက် မှားယွင်း နေပါက မြို့နယ် အဆင့်ကော်မရှင် ရုံး တွင် ပြင်ဆင်၍ မရတော့ဘဲ ခရိုင် အဆင့်တွင်သာ ပြင်ဆင်နိုင် မည် ဖြစ်သည်။   ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသော မဲစာရင်း တွင် မိမိအမည် မပါလျှင် ပုံစံ ၃ ဖြင့် လည်းကောင်း၊ မဲစာရင်း အချက်အလက် မှားယွင်းနေပါက ပုံစံ ၄(ဂ)   ဖြင့် လည်းကောင်း ပြန်ပြင်နိုင်ပြီး မဲစာရင်းထဲတွင် မပါဝင်သင့်သူများ ပါဝင်နေလျှင် ပုံစံ ၄ ဖြင့် ကန့်ကွက် နိုင်သည်။

လင်းဟိန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*