ရောဂါ နှင့် သမား

ရောဂါ နှင့် သမား
March 3, 2017 Asian Fame

4:19 pm
ရောဂါ နှင့် သမား

Diseaseနာခြင်း သို့မဟုတ် ရောဂါ ဖိစီးနှိပ်စက်ခြင်းခံရ သူများကို လွယ်လွယ်ကူကူ လူနာလို့ အမည်ပေးကင်ပွန်း တပ်ကြပါတယ်။ လူနာဖြစ် လာတဲ့အခါ လူသားတို့ရဲ့ ဇာတိ စိတ်အရ ခံစားနေရတဲ့ ဝေဒနာကို အမြန်ဆုံး ပျောက်ကင်း ချမ်းသာချင်ကြတယ်။ ပျောက်ကင်းဖို့ နည်းလမ်းတွေ ကိုလည်း ရှာကြ၊ ဖွေကြတယ်။ ဝေဒ နာ အပြင်းအထန်ခံစားနေရတာကို ဘာမှ မလုပ်ဘဲ ငုတ်တုတ်ပေထိုင်ပြီး သူ့ဘာသာ သူ ပြန်ကောင်းအောင် စောင့်တဲ့သူ မရှိဘူးလို့ မပြောနိုင်ပေမယ့် အလွန်အင်မ တန် နည်းပါးပါလိမ့်မယ်။ မည်သည့်တန်ဖိုးကို ပေး ဆပ်ရသည်ဖြစ်စေ၊ ကိုယ်ခံစားရတဲ့ ဝေဒနာကို ပိန်း ကြာဖက်တွင် ရေမတင်သလို အမြန်ဆုံး သက်သာ ပျောက်ကင်းချင်ကြသမို့ သမားခေါ် တဲ့ ဝေဒနာကို ပျောက်ကင်းအောင် ကုသပေးနိုင်စွမ်းရှိသော ပုဂ္ဂိုလ် များရဲ့ အခန်းကဏ္ဍဟာ လူ့ဘောင်လောကမှာ အရေး ပါလာပါတယ်။

လူတစ်ဦး ဝေဒနာခံစားရလို့ သမားတော်ထံ ချဉ်း ကပ်တယ်ဆိုပါစို့။ သူ့ရဲ့ ရည်ရွယ်ချက်က ခံစားနေရ တဲ့ရောဂါ ပျောက်ကင်းဖို့၊ သမား ရဲ့ ရည်ရွယ်ချက်က -လူနာ ခံစားနေရတဲ့ ဝေဒနာ ပျောက်ကင်းဖို့အတွက် ထိရောက်တဲ့ ကုသမှုပေးဖို့ပဲ မဟုတ်လား။ လောကမှာ ရှိရှိသမျှ သမား သို့မဟုတ် ဆေးဆရာအားလုံးဟာ ဒီ ရည်ရွယ်ချက်ကြီးကို ဦးထိပ်ပန်ဆင်ပြီး အလုပ် လုပ်ကြတာပါပဲ။ ထိရောက်တဲ့ ကုသမှုကို ပေး ချင်ရင် ပထမဆုံး လိုအပ်ချက်က လူနာခံစားနေ ရတဲ့ ရောဂါဝေဒနာ ရဲ့ အကြောင်းရင်းကိုသိမှ ဖြစ်မယ်ဆိုတာကို သဘောပေါက် လာကြတယ်။ ဒါကြောင့်ပဲ ခေတ်အဆက်ဆက် သမားတော်တို့ ဟာ ရောဂါဖြစ်ပွား ရခြင်း အကြောင်းအရင်း များကို ရှာဖွေဖော်ထုတ် စုံစမ်း ခဲ့ကြပါတယ်။ ရရှိလာတဲ့ အချက်အလက်၊ အခြေအနေတွေပေါ် အခြေခံပြီး ရောဂါဖြစ်ရခြင်း အကြောင်း များကို သီအိုရီများ၊ အနု မာန မှန်းဆချက် (Hypothesis) များအဖြစ် ဖော် ထုတ်ခဲ့ကြတယ်။ မှန်တာလည်းရှိ၊ မှားတာလည်း အ များကြီးပေါ့။ အခြေအနေနဲ့ အချိန် အခါပေါ် မူတည် ပြီး ပြောင်းလဲခဲ့ကြတဲ့ အနောက်တိုင်းဆေးပညာရဲ့ သမုတိသစ္စာ သီအိုရီများကို အနည်းငယ်တင်ပြပါရစေ။

(က) သဘာဝလွန် သီအိုရီ

ရှေးပဝေသဏီတုန်းက လူသားဟာ ဝေဒနာတစ်ခု ခုခံစားရပြီ ဆိုရင် ဘာကြောင့်ဖြစ်ရသလဲ ဆိုတာကို နက်နက်နဲနဲ စဉ်းစားနိုင်စွမ်း မရှိခဲ့ပါ။ စားဝတ်နေရေး ဖြစ်တဲ့ Basic Needs ကို ဦးစားပေး ဖြေရှင်း ရတဲ့ခေတ်မို့ Safety Needs  ဖြစ်တဲ့ ကျန်းမာရေးကို လှည့် ကြည့် ဖြေရှင်းချိန် မရတာက တစ်ကြောင်း၊ ကျိုးကြောင်း ဆင် ခြင်တုံ တရား အားနည်းတာက တစ်ကြောင်း တို့ကြောင့် ရောဂါဝေဒနာ ရဲ့ အကြောင်း တရားကို မမြင်နိုင်တဲ့ သဘာဝလွန် ဖြစ်ရပ်များ အပေါ် ပုံချလိုက်လေ့ရှိတယ်။ မိုးနတ်မင်းကြီး စိတ်ဆိုးလို့၊ လေနတ်သား က ဒေါပွ လို့၊ မီးနတ်ကို မပူဇော်လို့၊ စုန်း၊ ကဝေ၊ မြေဘုတ်၊ ဘီလူး၊ ပြိတ္တာ၊ နာနာဘာဝ၊ တစ္ဆေ၊ သရဲများက သောက်မြင် ကပ်ကပ် နဲ့ ပြုစားလို့ ရောဂါဖြစ်ရတယ် ဆိုပြီး ယူဆ လိုက်ကြတယ်။ အေးရော၊ ခုခေတ်ပြောပြောနေတဲ့ ဘာမှ လာရှင်းပြမနေ နဲ့ဆိုတာမျိုးပေါ့။ ကိုယ့်လက် က လွတ်ဗြွတ် ဆိုပြီး ပြောချလိုက်တဲ့ သဘောပါပဲ။ ထူးဆန်း တာကတော့ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်၊ စူပါ အင် ဖော်မေး ရှင်း တက္ကနိုလိုဂျီခေတ် လို့ ပြောပြောနေတဲ့ ပစ္စုပ္ပန် ကာလမှာတောင် ဒီသီအိုရီဟာ ကမ္ဘာ့နေရာ ဒေသအ တော်များများမှာ ပန်းပန်လျက် ပဲ ရှိနေသေးတယ်။

(ခ) ဟန်ချက်ညီ သီအိုရီ  

 ခေတ်တွေပြောင်းပြီး လူဖြစ်သက်ရင့် လာတာနဲ့ အမျှ စဉ်းစားနိုင်စွမ်းရှိလာတဲ့ လူသားတွေဟာ လူမှု ရေး၊ စီးပွားရေး၊ ဘာသာရေး၊ ကျင့်ဝတ် ဆိုင်ရာ အ တွေးအခေါ်များ မြင့်မားလာတာနဲ့အမျှ ရောဂါဝေဒနာ ဟာ ဘုရားရိုက်လို့၊ နတ်ခိုက်လို့ဆိုပြီး အယုံကြီးယုံနေတဲ့ အဆင့် ထက် ပိုပြီး တွေးတောဆင်ခြင်နိုင်စွမ်းရှိလာ ကြတယ်။ မဇ္ဈိမက အစပြုခဲ့တဲ့ ဟန်ချက်ညီ သီအိုရီ ဟာ အဲဒီခေတ်အခါက အလွန်ရှေ့တန်းရောက်သော မော်ဒန်အတွေးအခေါ်သစ်ဖြစ်ခဲ့တယ်။ လူ့ခန္ဓာကိုယ် မှာ အဓိကကျတဲ့ လေ၊ သည်းခြေရည်နဲ့ သလိပ် ဆိုတဲ့ ဓာတ်သုံးပါး ဟန်ချက်ညီညီ လည်ပတ်နေနိုင်ရင် လူ ဟာ ကျန်းမာနေပြီး ဒီဓာတ်သုံးပါးအနက် တစ်ခုခု ဖောက်ပြန် တာနဲ့ ရော ဂါဝေဒနာ အစပျိုးတော့တာပဲလို့ ဒီသီအိုရီက ဆိုပါတယ်။ နောက်ပိုင်းမှာ ဒီသီအိုရီ ကိုပဲ ဥရောပ၊ ဂရိဆေးပညာက ကော်ပီလုပ်ပါတယ်။ (ကော်ပီရိုက် ဥပဒေကို ဥရောပက စတင်ချိုးဖောက် တာလို့ ပြောရမလား ၊)၊ မြန်မာပြည်မှာ ခေတ်စားတဲ့ အာယုဗေဒ ဆေးပညာရဲ့  မူလဘူတ ဓာတ်ကြီးလေးပါး (ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော) ဆိုတာလည်း ဒီက ဆင့်ပွား ထွက်လာတဲ့ အခက်အလက်ပါပဲ။

(ဂ) လေသီအိုရီ

ဟန်ချက်ညီ သီအိုရီခေတ် ကုန်သွားချိန်မှာ ဥရောပဘက်မှာ လေသီအိုရီ ဆိုတာပေါ်လာပြန် တယ်။ ရောဂါဖြစ်ပွား ရခြင်းကို မသန့် ရှင်းသော အဆိပ်အတောက်ပါသော လေပုပ်၊ လေသိုးကို ရှူမိ၊ ရှိုက်မိလို့ ဆိုပြန်တယ်။ ကူးစက်ရောဂါတွေလို့ ဒီနေ့ ခေတ် ရှင်းရှင်း လင်းလင်း သိထားတဲ့ ကာလဝမ်း၊ ငှက်ဖျား၊ ပလိပ် စတဲ့ ရောဂါ အားလုံးဟာ အရင်းစစ်လိုက်တော့ အယုတ် တမာ လေဆိုးကြောင့်လို့ စွပ် စွဲပါတယ်။ သူများ ပြော တိုင်း မယုံချင်ကြသူတွေက သု တေသနတွေ လည်း လုပ်ကြည့် ကြတယ်။ ဟုတ်လောက်တယ်လို့ ထင်စရာ ရှိတဲ့ အထောက် အထားတွေ လည်း တွေ့ခဲ့ကြပါသေး။ နောက်ပိုင်း ကျမှ ဒီအထောက် အထားတွေဟာ ဆေးသုတေသနမှာ သတိထားရမယ့် တစ်နွယ်ငင် တစ်စင်ပါအမှားများ (Con-founders) အဖြစ် နှလုံးသွင်း လက်ခံလာ ခဲ့ကြတယ်။ ထိုခေတ်ထိုအခါ ကတော့ ပရမတ္တသစ္စာ နီးနီးလောက် ယုံခဲ့ကြတယ်လေ။ ငှက်ဖျား (Malaria) ဆိုတာ အီတလီစကား၊ အဓိပ္ပါယ်က Bad air disease တဲ့။ နောက် ပိုင်းမှာ  Plasmodium ငှက်ဖျားပိုးကြောင့် ရောဂါရတာ၊ ဒီပိုးကို Anopheles  ခြင်က သယ် ဆောင်ပြီး ဒီခြင်ကိုက်လို့ ရောဂါဖြစ်တာမှန်း သိ လာပေ မယ့် အရင့် အရင်က ပေးထားခဲ့တဲ့ နာမည်မှားကြီးက တွင်နေပြီမို့ ပြင်မရတော့ပါ။ ငယ်ငယ် က ဖိုးထော် လို့ နှုတ်ကျိုးအောင်ခေါ် ခဲ့ကြပြီး ကြီးလာ မှ ထက်မိုးအာကာ လုပ်ချင်လို့ မရတော့ဘူး။ သေရာ ပါအောင် ငယ်နာမည်က တွင်ခဲ့ပြီလေ။

(ဃ) အမှုန်အမွှား သီအိုရီ

 နှစ်တစ်ထောင် အမှောင်ကြီးကို ကျော်ဖြတ်ခဲ့ပြီး ပြန်လည်နိုးထ လာခဲ့တဲ့ ဥရောပရဲ့ ရီနေဆွန်းကာလလို့ သမိုင်းတွင်ခဲ့တဲ့ ၁၅ဝဝ ခုနှစ်တွေ လောက်မှာ ပေါ် ပေါက်လာတဲ့ သီအိုရီဖြစ်တယ်။ ဖရာ့ကတ်စတိုလီး ယပ်စ်ဆိုတဲ့ အီတလီဆရာဝန်တစ်ဦးက စတင်ဖော် ထုတ်ခဲ့ တယ်ဆိုပဲ။ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ အမှုန် အမွှားလေးတွေ လူနာတစ်ယောက် ကနေ နောက်တစ် ယောက်ကို ကူးစက်ရာက တစ်ဆင့် ကူးစက်ရောဂါတွေ ဖြစ်ပွားပါသတဲ့။ လိင်က တစ်ဆင့် ဆစ်ဖလစ်ရောဂါ ကူးစက်နိုင်တယ် ဆိုတဲ့ လမ်းကြောင်းမှန်ကို တွေ့ခဲ့ ပြီးခါမှ လူတွေ သိချင်ကြတဲ့ အမှုန်အမွှားဆိုတာဘာလဲ၊ ဘယ်လိုလမ်းကြောင်းတွေက တစ်ဆင့် ဘာကြောင့်ကူး ရတာလဲ ဆိုတဲ့ မေးခွန်းတွေ ကို ပြေလည်အောင် မဖြေ ရှင်းနိုင်လို့သူ့ကို ထင်ရာမြင်ရာ လျှောက်ပြောသူအဖြစ် ကင်ပွန်းတပ် ခံခဲ့ရရှာတယ်။

(င) အလိုအလျှောက်ဖြစ်ပွားခြင်း သီအိုရီ

 ရောဂါဆိုတာ သူ့ဖာသာသူ ဖြစ်ချင်တဲ့ အချိန်မှာ တားမနိုင်၊ ဆီးမရနဲ့ အလိုအလျောက် ဖြစ်တော့တာ ပဲဆိုတဲ့ သီအိုရီ တစ်ခု ခေတ်စား ခဲ့ပါသေးတယ်။ ခေတ် နောက်ပြန်ဆွဲရုံမက ရှေ့က ပေါ်ပေါက်ခဲ့တဲ့ လူသားရဲ့ ကျိုးကြောင်း ဆင်ခြင်တုံတရားနဲ့ အသိဥာဏ်တွေကို ပါ မြောင်းထဲ ဆွဲချလိုက်တဲ့ သီအိုရီပါပဲ။ ဒီလိုသာ ဆိုရင် တော့ ရောဂါ ဆိုတာဖြစ်ချင်တဲ့ အချိန်ထဖြစ်ပြီး ပျောက် ချင်တဲ့ အချိန် ပျောက်လိမ့်မပေါ့။ သမားတော်ဆိုတဲ့ ပုဂ္ဂိုလ်တွေကို ဘဇာကြောင့် အားကိုးနေရဦးမှာလဲလို့ လူတွေ ထင်ယောင်ထင် မှားဖြစ်စေတဲ့ အထိ ဆေးပညာ ကို အိုးမည်းသုတ်ခဲ့တဲ့ သီအိုရီပါပဲ။

(စ) ပိုးမွှား သီအိုရီ
ရှေ့ကတင်ပြခဲ့တဲ့ သီအိုရီ အားလုံးနီးပါးဟာ အ ချို့က ကိုယ်ထင်ရာ ကိုယ်ပြောကြတာ။ အချို့က သိပ္ပံ ပညာကို အတိုင်းအတာ တစ်ခုထိ အသုံးချပြီး ဖော် ထုတ်ခဲ့ကြတာဆိုပေမယ့် သိပ္ပံနည်းကျ အစစ်ဆေးခံ နိုင်တဲ့ ဒေါင်ဒေါင်မြည် တစ်ခုမှမပါခဲ့ပါ။ ဒီလိုနဲ့ပဲ ဆေး ပညာသမားတော်များဟာ ကာလတစ် လျှောက်လုံး ပျောက်သောလမ်း မှာ စမ်းတဝါးဝါး ဖြစ် နေရာက ၁၉ ရာ စု နှောင်း ပိုင်းလောက် မှာ မျှော် လင့်ချက် ရောင် ခြည်သစ် ပေါ်ထွန်းလာခဲ့ပါတယ်။ ခရစ်သက္ကရာဇ် ၁၆၇ဝမှာ အန် သိုနီလူဝင်ဟုတ် ဆိုတဲ့ပုဂ္ဂိုလ် အဏု ကြည့် မှန်ဘီလူးကို စတင်တီထွင်လိုက် ရာက ဒီပစ္စည်းလေး ကျေးဇူးနဲ့အရင်က မမြင်ခဲ့ မသိခဲ့တဲ့ အသိသစ်တွေရလာကြ တယ်။ ဖိုးသူတော် မျက်စိလည်ရင် ဆွမ်း ဆန် များများရတတ်သလို၊ ပညာရှင်တွေ မျက်စိလည်ရင် အသိသစ်များများ ရတတ် ပါတယ်။ ငြင်းကြရင်း၊ ခုံကြရင်း၊ ဟော တစ် ကောင်၊ ဟောတစ်ကောင်ရှာလို့ တွေ့ရင်းနဲ့ပဲ ရောဂါတွေဟာ Microbe ခေါ် မျက်စိနဲ့ မမြင် နိုင်တဲ့ ပိုး မွှားတွေကြောင့် ဖြစ် ရတယ် ဆိုတာကို တဖြည်းဖြည်း လက်ခံလာခဲ့ကြပါတယ်။

လူဝီပါစချာ(၁၈၂၂-၁၈၉၅) လက်ထက်မှာ တော့ ဒီအနုမာန အယူအဆကို ခိုင်ခိုင်မာမာ သက် သေပြနိုင်ခဲ့တယ်။ တီဘီပိုး ကိုဖော်ထုတ် သူ ရောဘတ် ကော့ခ်ျ ဆိုရင် Koch’s Postulate ဆိုတဲ့ ကိုယ်ပိုင် အယူအဆ တစ်ရပ်ကို ရဲရဲတောက်ဖော် ထုတ်ခဲ့တယ်။ သူ့အဆိုကို လွယ်လွယ်ပြောရရင် -ရောဂါသည် မျက်စိ ဖြင့် မမြင်နိုင်အောင် သေးငယ်သော ပိုးမွှားများ ကြောင့်ဖြစ်၏။ ထို့ကြောင့် ရောဂါသည် လူနာတိုင်း ၏ ခန္ဓာကိုယ်တွင် ရောဂါပိုး များရှိ၏။ ထိုရောဂါပိုးတို့ကို လူနာ၏ ခန္ဓာကိုယ်မှ တစ်နည်းနည်းဖြင့် ထုတ်ယူပြီး အဏုကြည့်မှန် ဘီလူးဖြင့် ကြည့်လျှင် ပိုးတွေ့ကို တွေ့ ရမည်။ Culture လုပ်ပြီး မွေးမြူလျှင် ပိုးများပေါက် ဖွားရမည်။ ပေါက်ဖွားလာသော ပိုး တို့ကို ရောဂါကင်း စင်သည့် လူ သို့မဟုတ် သတ္တဝါတစ်မျိုးမျိုး၏ ခန္ဓာ ကိုယ်တွင်း ပြန်လည် သွတ်သွင်းပေးနိုင်လျှင် ပထမ ပိုးထုတ်ယူ လိုက် သည့် လူနာခံစားခဲ့ရသည့် ရောဂါ ဝေဒနာ အတိုင်း ထပ်တူထပ်မျှ ရောဂါဖြစ်ပွားစေရမည်။ တူညီသော ရောဂါ ခံစားနေ ရသူ ဝေဒနာ သည်တိုင်း၏ ခန္ဓာကိုယ်မှ ထုတ်ယူလိုက်သော ရောဂါပိုးသည် တစ် မျိုးတစ်စား တည်းသာ ဖြစ်စေရမည်။ ဤမှန်သော သစ္စာ တရားကို ငါ တွေ့ရှိခဲ့သည်။ ဖော်ပြပါ ပတ်လည် ရိုက်သဘော တရားကို တွေ့ရှိဖော်ထုတ်ခဲ့ပြီး လက်ခံ ချင်စရာ အထောက် အထား များကို တီဘီပိုးနဲ့ သက် သေပြနိုင်ခဲ့ပေမယ့် တီဘီပိုးရဲ့ မျိုးတူ မူကွဲညီအစ်ကို တော် အနာကြီးရောဂါပိုးနဲ့ ကြုံရတဲ့အခါမှတော့ သူ့ပတ်လည် ရိုက်သဘော တရားကြီး ဒူးထောက်လက် မြှောက်ရလောက်အောင် ပိုးတို့၏ မာယာ နဲ့ကြုံတွေ့ခဲ့ရ ရှာတယ်။ ဘာ ပဲပြောပြော ပိုးမွှားသီအိုရီဟာ သူ့ရှေ့က နောင်တော့် နောင်တော် သီအိုရီ အားလုံးထက် အပြတ်အသတ် တိကျပြီး သိပ္ပံနည်းကျတယ် ဆို တာ ကိုတော့ မငြင်းနိုင်ပါ။

(ဆ) သုံးချောင်းထောက် သီအိုရီ

ပိုးမွှားသီအိုရီကို ခြောက်ပစ်ကင်း သဲလဲ စင်အဖြစ် အနောက်တိုင်း ဆေးပညာရှင် အားလုံး တညီတညွတ် တည်း လက်ခံခဲ့ ကြပေမယ့် အချိန် ကြာလာတာနဲ့အမျှ လစ်ကွက်၊ ဟာကွက် ကလေးတွေကို တွေ့လာရပြန် တယ်။ ရောဂါတိုင်းဟာ ပိုးကြောင့်ဖြစ်တဲ့ ကူးစက်ရော ဂါများ မဟုတ်၊ ပိုးကြောင့်ဖြစ်တယ်ဆိုစေဦးတော့ ပိုးရှိ နေရုံ သက်သက်နဲ့ ရောဂါရလောက်တဲ့ အထိ အဖြစ်မ ဆိုးနိုင်ဘူး ဆိုတာ တွေ့လာ ခဲ့ကြတယ်။ ဒါကြောင့် ရောဂါ တစ်ခုဖြစ်ပွားဖို့ အတွက် အနည်းဆုံးအကြောင်း တရားသုံးပါး ဖိုခနောက်ဆိုင် ဆုံဖို့ လိုအပ်တယ်လို့ ယူဆ လာခဲ့ကြပြန်ပါတယ်။ ရောဂါဖြစ်ပွားစေသော  လက် သည်တရားခံ (Agent)၊ ရောဂါ လက်ခံမည့်သူ (Susceptible Host) နဲ့ အထက်ပါ အကြောင်း နှစ်ပါး ဖူးစာဆုံအောင် ဖန်တီးပေးနိုင်သော ပတ်ဝန်းကျင် (Suitable Environment) ဆိုတဲ့ ဒီအကြောင်း သုံးပါး ရင်ဆိုင်ဆုံတွေ့ပါမှ ဘယ်ရောဂါမဆို ဖြစ်ပွားတတ် ပါသတဲ့။ ဒါကြောင့်လည်း ဒီအကြောင်း သုံးပါးကို ရောဂါဖြစ်ပွားမှု တြိဂံ၏ အနားစွန်းထောင့် သုံးဖက် (Epidemiological Triad of Causation) လို့ ခေါ် ခဲ့ကြပါတယ်။

(ဈ) ပင့်ကူအိမ် သီအိုရီ

ဒုတိယကမ္ဘာစစ် အပြီး စစ်အေးကာလ များမှာ ရှေးယခင်က လူသားကို ပုံမှန်နှိပ်စက်နေကျ ကူးစက် ရောဂါများ အပြင် မကူးစက်နိုင်သော နာတာရှည်ရောဂါ များဆိုတဲ့ နောက်ထပ် ရောဂါဖောက်သည်ကြီး တစ်ဦး တိုးလာပါတယ်။ နှလုံးသွေးတိုး၊ ဆီးချို၊ ကင်ဆာ အစ ရှိတဲ့ ရောဂါ များပေါ့။ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသလိုပဲ ဒီရောဂါတွေက ကူးစက်ရောဂါ တွေနဲ့ သဘော သဘာဝ ချင်း အင်မတန်ကွဲလွဲတယ်။ ဒါကြောင့် အချိန်ပေးပြီးလေ့လာကြရပြန်ရော။ ရောဂါ ဖြစ်စေတဲ့ပိုးဟာ ဒီမှာဟေ့လို့ လက်ညှိုးထိုးပြပြီး တရားခံ ရှာလို့လည်း မရ၊ လက်သည်လည်း တိတိပပ မရှိ၊ ဟိုဟာကြောင့်လည်း ဖြစ်နိုင်၊ ဒီဟာကြောင့်လည်း ဖြစ်နိုင်၊ ဖြစ်နိုင်တဲ့ လက်သည်တွေ ကလည်း အနမ တဂ္ဂ၊ ဒါကပဲ မကူးစက်တတ်တဲ့ ရောဂါများရဲ့ Trademark ဖြစ် လာပါတယ်။ ဒါကြောင့်လည်း ဒီရောဂါ မျိုးတွေရဲ့ ဖြစ်နိုင်ဖွယ်ရှိသော လက်သည်များ (Risk Factors) ကို ရှာဖွေဖော်ထုတ်လာကြရတယ်။ အနာကြီးရောဂါ ဘာကြောင့်ဖြစ်၊ Mycobacterium Leprae ကြောင့် ဖြစ်ဆိုရင် ပွဲသိမ်းပေမယ့် နှလုံး သွေးကြောကျဉ်းရောဂါ ဘာကြောင့်ဖြစ်၊ နှလုံးသွေး ကြော ကျဉ်း ပိုးကြောင့်ဖြစ်- လုပ်လို့ မရပါ။ ဆေးလိပ်သောက်လို့၊ သွေးတိုး အခံရှိ လို့၊ ဝလို့၊ ထိုင်းမှိုင်းလို့၊ အဆီအဆိမ့် အလွန်အကြူးစား လို့၊ ကိုယ် လက်လှုပ်ရှား အားကစားကို ဝေရာမဏိလို့၊ ဒေါသက ကျောမတက်နေလို့ စသည်ဖြင့် တရားခံစာ ရင်းကတသီတတန်း ကြီး ထွက်လာ ပါတယ်။ ဒါတွေကို မှ အဓိက တရားခံ၊ သာမည တရားခံ ပြန်ခွဲ၊ စာရင်းပြု စု၊ ဒီတရားခံတွေ ထဲမှာလည်း အချင်းချင်း ပြန်ပြီး အား ပေး အားမြှောက်ပြုနေကြသေး။ အားကစားမလုပ်၊ အစားချည်း နင်းကန်တွန်းစားလို့၊ ဝလို့ သွေးတိုး အဆီ ပိတ် အစရှိသဖြင့် အမယ်ဘုတ် ချည်ခင်၊ ပင့်ကူအိမ် လိုရှုပ်ရှက်ခတ်နေတဲ့ အတွက် ဒီနောက်ဆုံးပေါ် ရော ဂါများရဲ့ ဖြစ်ပွားမှု ပုံစံက ယနေ့ခေတ် လူ့အဖွဲ့အစည်း ရဲ့ ပုံစံအတိုင်း မျက်စိ နောက်စရာ ရှုပ်ထွေးလှပါတယ်။ ပင့်ကူအိမ် လူ့အဖွဲ့အစည်း ရဲ့ ပင့်ကူအိမ်ရောဂါ သီအို ရီပေါ့လေ။

သမိုင်းတစ်လျှောက် သမားဆိုတဲ့ပုဂ္ဂိုလ်တွေ၊ သိပ္ပံ ပညာရှင်တွေဟာ ဦးနှောက်၊ အချိန်၊ သိက္ခာ၊ သွေး၊ ချွေး၊ မနည်းလှတဲ့ Resources  တွေကို အရင်းတည်ပြီး ဝေဒနာ အရင်းတည်ရာ ရောဂါရဲ့ ဇာစ်မြစ်တွေကို ဘာ လို့များ နာနာကျင်ကျင်၊ ပင်ပင် ပန်းပန်း ဖော်ထုတ်ခဲ့ ကြရသလဲ၊ အဖြေကတော့ သမားတို့ရဲ့ တစ်ခုတည်း သော ရည်ရွယ်ချက်ဖြစ်တဲ့ လူနာ ခံစားနေရတဲ့ ဝေဒနာ သက်သာပျောက်ကင်း စိမ့်သောငှာ ထိရောက်တဲ့ ကုသ မှုကို ပေးချင်တဲ့ အတွက်ပဲ မဟုတ်ပါလား…။

Juan

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*