တောဆင်ရိုင်းတွေ ကို အသတ် မခံရခင်ကတည်းက ကာကွယ်ပေးဖို့ လိုလာပြီ

တောဆင်ရိုင်းတွေ ကို အသတ် မခံရခင်ကတည်းက ကာကွယ်ပေးဖို့ လိုလာပြီ
March 3, 2017 Asian Fame

3:37 pm
တောဆင်ရိုင်းတွေ ကို အသတ် မခံရခင်ကတည်းက ကာကွယ်ပေးဖို့ လိုလာပြီ
ဆင်သေမြှုပ်နှံခဲ့ရာ မြောင်းမကြီးရေထိန်း တံခါးဝန်းကျင် ကို ပြသနေတဲ့ ဒေသခံများ

ဆင်သေမြှုပ်နှံခဲ့ရာ မြောင်းမကြီးရေထိန်း တံခါးဝန်းကျင် ကို ပြသနေတဲ့ ဒေသခံများ

ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်း ရန်ကုန်တိုင်း ဥက္ကံမြို့နယ်ထဲက ချောင်းစောက်နဲ့ ကျောက်ပြင်သာ ရွာနှစ်ရွာကြားမှာ စီးဆင်းနေတဲ့  ဆားငန်ချောင်း ထဲ အရေပြား ခွာခံ ထားရတဲ့ တောဆင်ရိုင်း ကိုယ်လုံး တစ်ခု၊ နှာမောင်း မရှိတော့တဲ့ ဦး ခေါင်းပြတ် တစ်ခု မျော ပါလာ ရာမှာ အနီးအနားက ဒေသခံတွေ ထိတ် လန့်တကြား ဖြစ်ခဲ့ရပါတယ်။

ဆင်မုဆိုးတွေ ပဲခူးရိုးမထဲ တောလိုက် နယ်မြေချဲ့ထွင်လာခဲ့ ကြရာကနေ အလွန်အေးချမ်းတဲ့ ဒေသတစ်ခုမှာ အခုလို မြင်ကွင်းမျိုး တွေ စတင် ပေါ်ပေါက်လာခဲ့တာပါ။
ဆင်မုဆိုးတွေဟာ ချောင်းစောက် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဟောင်းနဲ့ ချိတ်ဆက် လုပ်ဆောင်ခဲ့ တယ်လို့ လက်ရှိ အုပ်ချုပ်ရေးမှူးက ရှင်းပြပါတယ်။

”သူတို့တွေ (ဆင်မုဆိုး) ကျွန် တော်တို့ရွာနားကို ပြီးခဲ့တဲ့နှစ် ဖေ ဖော်ဝါရီလလောက်ကတည်းက စတင် စတည်းချတာ။ စရောက် တုန်း ကတော့ လိပ်ပြာဥ တို့ ဘာတို့ လာရှာသလိုလို နဲ့ ကျွန်တော်တို့ ရွာနဲ့ ၃ မိုင်လောက်ဝေးတဲ့ ပဲခူးရိုး မအစပ်က လယ်ကွင်းထဲမှာ တဲထိုး နေကြတာ”လို့ အုပ်ချုပ်ရေးမှူး ဦးကျော်လှိုင်ဝင်းက ဆိုပါတယ်။

”အခု အဖမ်းခံနေကြ ရတဲ့သူ တွေဟာ တောဆင်ရိုင်းတွေကို ပစ် ခတ်တဲ့ မုဆိုးတွေမဟုတ်ဘူး။ မုဆိုး တွေကို ရိက္ခာ ထောက်ပံ့ပေးတဲ့သူ၊ လမ်းပြပေးတဲ့သူ၊ သယ်ယူပို့ဆောင် ပေးတဲ့သူတွေ ဖြစ်ဖို့များပါတယ်”

မြန်မာနိုင်ငံအတွင်း တောဆင် ရိုင်းတွေကို တရားမဝင် သတ်ဖြတ် ကုန်သွယ်နေမှု တွေမှာ အဓိကပုဂ္ဂိုလ် တွေဟာ နောက်ကွယ်တွေမှာ သာရှိ နေပြီး ဆင်သတ်မုဆိုးတွေ၊ ပါဝင် ပတ်သက်တဲ့ ဒေသခံတွေဟာ စား ဝတ်နေရေး ခက်ခဲလို့သာ ကျူးလွန် ကြတာဖြစ်တယ် လို့  သယံဇာတနှင့်  သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး ဝန်ကြီးဌာနရဲ့ ဒုတိယညွှန်ကြား ရေးမှူး တစ်ယောက်ဖြစ်တဲ့ ဒေါက် တာ နိုင်ဇော်ထွန်း က  Myanmar Now  ကိုပြောပါတယ်။

တောဆင်ရိုင်း သတ်ဖြတ်မှု ဖြစ် စဉ်တွေမှာ လွတ်မြောက်နေသူတွေ ကို စုံစမ်းဖော်ထုတ် အရေးယူဖို့ သစ် တော ဦးစီးဌာနရဲ့ အင်အားတစ်ခု တည်းနဲ့ မလုံလောက်ဘဲ သက်ဆိုင် ရာ အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါ ဝင်မှု လိုအပ်တယ်လို့  ဒုတိယညွှန် ကြားရေးမှူး က ဆိုပါတယ်။

ရဲတပ်ဖွဲ့က ဆင်မုဆိုးလို့ ယူဆထားသူ တစ်ဦး ရဲ့ဓာတ်ပုံ ကိုပြသနေ တဲ့ ချောင်းစောက်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး (ဓာတ်ပုံများ - ထက်ခေါင်လင်း/ Myanmar Now)

ရဲတပ်ဖွဲ့က ဆင်မုဆိုးလို့ ယူဆထားသူ တစ်ဦး ရဲ့ဓာတ်ပုံ ကိုပြသနေ တဲ့ ချောင်းစောက်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး (ဓာတ်ပုံများ – ထက်ခေါင်လင်း/ Myanmar Now)

ဥက္ကံ ရဲစခန်းမှူး ရဲအုပ်သန်းနိုင် ကဒီဒေသမှာ တောဆင်ရိုင်း ကို ပစ်ခတ်တဲ့ မုဆိုး နှစ်ဦး အပါအဝင် ၁၁ ဦးလွတ်နေတယ်။ ဆင် မုဆိုး အဖွဲ့ဝင်တွေလို့ ယူဆရသူ ၉ ဦးကို ဖမ်းဆီးရမိထားတယ်။ အဲဒီ ထဲ မှာ ချောင်းစောက် ကျေးရွာ အုပ်စု အုပ် ချုပ်ရေး မှူးဟောင်း လည်း ပါဝင် တယ်လို့ ပြောပါတယ်။

”ဘယ်သူဟာ ဘယ်အခန်း ကဏ္ဍမှာ ပါတဲ့သူ ဆိုတာကို အတိ အကျပြော လို့ မရသေးဘူး။ အခု ဖမ်းဆီးခံရတဲ့ သူတွေမှာလည်း ဝန် ခံတဲ့သူ ရှိသလို ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး ဝန်မခံတဲ့ သူ လည်း ပါကောင်းပါမှာပဲ”လို့ ရဲအုပ်က ဆို ပါတယ်။

ဆင်သတ်မှုကို ဥက္ကံရဲစခန်းမှာ သားရိုင်း တိရစ္ဆာန်များ ကာကွယ် ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၇ (က) နဲ့ အမှုဖွင့် ထားတယ်လို့ ရဲအုပ် က ပြောပါတယ်။ ဒီပုဒ် မဟာဒဏ်ငွေ ကျပ် ၅ သောင်း ကနေ ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သလို ဒဏ်နှစ်ရပ် လုံးလည်း ချမှတ်နိုင်တဲ့ ပုဒ်မပါ။

တောဆင်ရိုင်းများ သတ်ဖြတ်မှု

မြန်မာနိုင်ငံမှာ ကမ္ဘာလုံးဆိုင် ရာမျိုးသုဉ်းလုနီးပါး မျိုးစိတ် ၂၃၃ မျိုးကျက်စား နေထိုင်တဲ့ ဂေဟစနစ် များ၊ နေရင်းဒေသ များရှိနေတယ်၊ အဲဒီထဲမှာ မျိုးသုဉ်းလုနီးပါး အန္တ ရာယ်ရှိတဲ့ မျိုးစိတ် ၃၇ မျိုး၊ မျိုး သုဉ်းဖို့ အန္တရာယ်ရှိတဲ့ မျိုးစိတ် ၆၅ မျိုး ပါဝင်နေတယ်၊  မျိုးစိတ်ကြွယ်ဝ တဲ့ ဒီနိုင်ငံမှာ မြေနိမ့် အပူပိုင်းသစ် တောတွေ၊ ဒီရေရောက် သစ်တော တွေလို ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက် မှုနဲ့ ကြုံတွေ့နေရ တဲ့ ဂေဟ စနစ် တွေရှိတယ်လို့ သားငှက် ထိန်းသိမ်း ရေးအဖွဲ့ (မြန်မာနိုင်ငံ)Wildlife Conversation Society – WCS ရဲ့ ပြီးခဲ့တဲ့လက ထုတ်ပြန် တဲ့  အစီ ရင်ခံစာမှာ ဖော်ပြထားပါတယ်။

နိုင်ငံမြေပြင် ဧရိယာရဲ့ ၅ ဒသမ ၆ ရာခိုင်နှုန်းရှိတဲ့ သဘာဝ ထိန်းသိမ်းရေး နယ်မြေ ၃၆ ခု ရှိ တယ်။ ဒါတွေကို ကာကွယ် ထိန်း သိမ်းစောင့်ရှောက်ရေး အတွက် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် နိုင်ငံ တော် ဘဏ္ဍာငွေရဲ့ ဝဒသမ ၂ ရာ ခိုင်နှုန်းမျှသာ သုံးနေတယ်လို့ အစီ ရင်ခံစာက ထောက်ပြပါတယ်။

၂ဝ၁၆ ခုနှစ်အတွင်း တောဆင် ရိုင်းသတ်ဖြတ်မှု အတွက် ဖမ်းဆီးရ မိတဲ့ အမှုပေါင်း ၉ မှုအထိ ရှိပြီး ပြစ်မှုကျူးလွန်တယ် လို့ ယူဆရသူ ၂၂ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်။ ဆင် ရဲ့ အစွယ်၊  အစိတ်အပိုင်းတွေကို သယ်ဆောင်တာ၊ လက်ဝယ်ထားရှိ တဲ့ အမှု ၄ ခုရှိပြီး ၅ ဦး ဖမ်းဆီးနိုင် ခဲ့တယ်လို့  သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာနရဲ့ ဒုတိယ ညွှန်ကြားရေးမှူး တစ်ယောက်ဖြစ်တဲ့  ဒေါက်တာနိုင် ဇော်ထွန်းဆီက ရရှိတဲ့မှတ်တမ်းတွေ အရ သိရပါတယ်။

ဆင်သတ်မှုမှာ ပါဝင်တယ် လို့ ယူဆရ သူတို့ကို ရုံးထုတ် စစ်ဆေးတဲ့ ဇန်နဝါရီ ၂၇ ရက်နေ့က တိုက်ကြီး မြို့နယ် တရားရုံး ကိုသွားရောက် သူများ

ဆင်သတ်မှုမှာ ပါဝင်တယ် လို့ ယူဆရ သူတို့ကို ရုံးထုတ် စစ်ဆေးတဲ့ ဇန်နဝါရီ ၂၇ ရက်နေ့က တိုက်ကြီး မြို့နယ် တရားရုံး ကိုသွားရောက် သူများ

၂ဝ၁၁ ကနေ ၂ဝ၁၅ အတွင်း တောဆင်ရိုင်း သတ်ဖြတ်မှု၊ အစိတ် အပိုင်းတွေကို သယ်ယူမှု၊ လက်ဝယ် ထားရှိမှုပေါင်း ၂၂ မှု ရှိခဲ့တယ် လို့  အဲဒီ မှတ်တမ်းတွေက ဆိုပါတယ်။

၁၉၉၄ မှာ ပြဋ္ဌာန်းခဲ့တဲ့ သား ရိုင်းတိရစ္ဆာန် များ နဲ့ အပင်များ ကာ ကွယ်ရေးနှင့် သဘာဝ နယ်မြေများ ထိန်းသိမ်းရေး ဥပဒေ ပါ  ငွေဒဏ် ၊ ထောင်ဒဏ်တွေဟာ ခေတ်စနစ် နဲ့ လျော်ညီခြင်း မရှိတော့တဲ့ အတွက် နိုင်ငံ တကာ ကပါ လက်ခံနိုင်အောင် ပြင် ဆင်ပြီး အဲဒီ ဥပဒေကြမ်းကို ပြည် ထောင်စု လွှတ်တော်မှာ တင်ပြ ထား တယ်လို့ ဒေါက်တာနိုင်ဇော်ထွန်း က Myanmar Now ကိုပြောပါတယ်။

မြန်မာပြည်မှာ တောဆင် အရေအ တွက် ၂,ဝဝဝ ကနေ ၃,ဝဝဝ ကြား မှာ ရှိတယ်လို့ ဇန်နဝါရီလက နေ ပြည်တော်မှာ ကျင်းပခဲ့ တဲ့ တော ဆင်ရိုင်းဆိုင်ရာ ဆွေးနွေးပွဲ တက် ရောက်တဲ့ ပညာရှင်တွေ၊  ဌာနဆိုင် ရာတွေက ခန့်မှန်းကြပေမယ့် သေ သေချာချာ စာ ရင်းကောက် ယူနိုင် ခြင်း မရှိနိုင်သေးဘူးလို့ သစ်တော ဌာန အရာရှိဟောင်း WCS ရဲ့ မြန်မာ နိုင်ငံတာဝန်ခံ တောဆင်ရိုင်း ကျွမ်းကျင်ပညာရှင် ဦးစောထူးသာဖိုး က ဆိုပါတယ်။

”အခုဆို မြန်မာနိုင်ငံမှာ တော ဆင်ရိုင်းအထီးတွေ သိပ်မကျန် တော့ဘူး။ အမတွေပဲ များနေပြီ” လို့ ဦးစောထူးသာဖိုးက ပြောပါ တယ်။

”ဟိုတုန်းကတော့ ဆင်စွယ်ကို အဓိကလိုက်ကြတာ။ အခုနောက် ပိုင်းတော့ အရေပြား၊ နှာမောင်း၊ ခွာ၊ အသား၊ ဆင်အံ၊ ဆင်သို (ဆင် အထီး လိင်အင်္ဂါ)တို့အထိ ကုန်သွယ် နေကြပြီ။ ရှမ်းပြည်နယ်၊ မိုင်းလား ဒေသမှာဆို ဆင်သားရေ အခြောက် ပုတီးလုံးအထိ လုပ်လာ ကြပြီ။ မိရိုး ဖလာတိုင်းရင်းဆေး တချို့မှာ ဆိုရင် လည်းဆင်သားရေကို ပြာချပြီး နှမ်းဆီနဲ့ ရောပြီးတော့ နှင်းခူနာများ ကိုလိမ်း ကြသလို ဆင်အံ ကိုသွေးပြီး မျက်နှာအသားလှအောင်၊ ပွေး၊ ညှင်း တို့လို အရေပြားရောဂါတွေ အတွက် အသုံးပြုကြ တာလည်းရှိတယ်”လို့ သူက ဆက်ပြီး ရှင်းပြပါတယ်။

မြန်မာ့ အိမ်နီးချင်း တရုတ်နိုင် ငံဟာ ဆင်စွယ်ရောင်းဝယ်မှု ကို ပိတ် ဆို့တဲ့ ဥပဒေပြဋ္ဌာန်း လိုက်တာကြောင့် အရှေ့တောင် အာရှနိုင် ငံတွေ အ လွန် သတိထားရတော့မယ်။ မြန်မာ နိုင်ငံလိုဥပဒေ စိုးမိုးမှု အားနည်းနေ တဲ့ နိုင်ငံတွေ အနေနဲ့ ဆင်စွယ်နဲ့  ဆင်ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ကို အများအပြား တရားမဝင်ရောင်း ချနေတဲ့ ဈေးကွက်ကြီး ရပ်ဆိုင်း သွားအောင် လုပ်ဆောင်ဖို့ မလွယ် ကူသေးဘူးလို့ လန်ဒန် အခြေစိုက် သားရိုင်း တိရစ္ဆာန် တရားမဝင်ရောင်း ဝယ်မှု တားဆီး ကာကွယ်ထိန်းသိမ်း ရေးအဖွဲ့ (TRAFFIC))ရဲ့ အကြီး တန်း ဆက်သွယ်ရေး အရာရှိ အဲလိ ဇဘက်ဂျွန်က Myanmar Now  ကို အီးမေးလ်နဲ့ ပြောပါတယ်။

”မှောင်ခိုသမားတွေ အနေနဲ့ တားဆီးပိတ်ဆို့မှု အနည်းဆုံးလမ်း ကြောင်းတွေကို ရွေးချယ်မှုတိုးမြှင့် လာတယ်။ စစ်ဆေးရေး ဂိတ်တွေကို ရှောင်ဖို့ နည်းလမ်း အသစ်တွေ၊ လမ်းကြောင်း အသစ်တွေကို ရွေး ချယ်ကြသလို တခြား နိုင်ငံတွေကို လည်း ဈေးကွက် အသစ်တွေ ချဲ့ထွင် ကြမှာပါ။ ဒါ့ကြောင့် အရှေ့တောင် အာရှ ကနိုင်ငံတွေ အနေနဲ့ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့နဲ့ သတိ ပိုမိုထားကြဖို့ လိုအပ်နေပါပြီ” လို့ သူကဆိုပါတယ်။

ကာကွယ်တားဆီးရေး

အစိုးရသစ် အနေနဲ့ တောဆင် ရိုင်း ထွက်ကုန်တွေကို ဈေးကွက်မ ရောက်အောင် တားဆီးတာထက်  တောဆင်ရိုင်းတွေ ရှိရာနေရာကို ဆင်မုဆိုးတွေ ဝင်လာတာ နဲ့ တား ဆီးထားသင့်တယ် လို့ ဦးစောထူး သာဖိုးက ပြောပါတယ်။ ကိုယ့်နိုင် ငံထဲက တောဆင်ရိုင်းတွေ ကို ဆုံး ရှုံး သွားမှာကို ကာကွယ်နိုင်တာ ကြောင့် ဒါဟာ ပထမ အဆင့်လုပ် ဆောင်ရမယ့် ကိစ္စဖြစ်တယ်လို့ သူ က ဆိုပါတယ်။

ဒါ့အပြင် ကြားပွဲစား အဆင့် ဆင့်ကိုလည်း ဖြတ်တောက်တား ဆီးနိုင်ဖို့လိုသလို နယ်စပ်ဈေးကွက် ကိုလည်း ထိန်းချုပ်နိုင်ဖို့ လိုတယ်လို့  သူက ဆက်ပြောပါတယ်။ ဘေးမဲ့ ကာကွယ် ထိန်းသိမ်းရေးသစ်တော အတွင်းက သားရိုင်း တိရစ္ဆာန်ဆိုင် ရာထွက်ကုန်တွေ ဈေးကွက်ထဲသွား နေတာကို ကာကွယ် လာနိုင်ပေမယ့် တခြားသော ဘေးမဲ့ မဟုတ်တဲ့သစ် တောကြိုးဝိုင်းတွေထဲ တောဆင် ရိုင်း အများအပြား သတ်ဖြတ်ခံနေ ရတယ်လို့ သူက ဆိုပါတယ်။

”ပွင့်ပွင့်လင်းလင်း ပြောရရင် ဟိုးအရင်တုန်းက ရဲတပ်ဖွဲ့နဲ့ ပေါင်း ပြီးလုပ်စားခဲ့ကြတော့ လွတ်ထွက် သွားတာပဲ။ အခု ဥပဒေ စိုးမိုးရေး အရ ရဲကနေ သေသေချာချာ ဖမ်းမယ် ဆိုရင်မိစရာ အကြောင်း ရှိပါတယ်။ အခုလည်း အစိုးရဌာနက ဒီလုပ်ငန်း ကို တော်တော်လေး ဇောက်ချလုပ် လာပါတယ်”လို့ သူကဆိုပါတယ်။

”သစ်တော ဝန်ထမ်းတွေ အင် အားဖြည့်၊ သစ်တော ရဲတွေထားပြီး တားဆီးမယ့် အဖွဲ့တွေ အင်အား တောင့်တင်းလာမယ်။ ကြားပွဲစား တွေကိုထိန်းဖို့ သတင်းထောက်လှမ်း မယ့်ရဲလုပ်ငန်းတွေကို တိုးမြှင့်မယ်၊ ဈေးကွက်က မဝယ်နိုင်အောင် နိုင် ငံခြား အစိုးရတွေနဲ့ ပေါင်းပြီးတား ဆီးနိုင်မယ်ဆိုရင် တဖြည်းဖြည်း လုပ်နိုင်မှာပါ”

ဆင်သတ် မုဆိုးတွေဟာ အုပ်ချုပ်ရေးမှူးဟောင်းနဲ့   ဆက်သွယ်ပြီး လွန်ခဲ့တဲ့နှစ်ဆန်း ပိုင်းကတည်းက ဒီနေရာမှာ အခြေချ လာတာကို အာဏာပိုင် တွေ မသိခဲ့ဘူးဆိုတဲ့ အချက်ကို မယုံနိုင်ဘူးလို့ ချောင်းစောက် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးကျော်လှိုင်ဝင်းက ပြောပါတယ်။

ဆားငန်ချောင်းထဲကို ဆင်သေ မျောလာမှ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ် ရေး တာဝန်ရှိသူတွေ၊ သစ်တော အဖွဲ့တွေ လာတော့မယ် ဆိုတာနဲ့ ဒီအုပ်ချုပ်ရေးမှူးဟောင်း ဟာ ဆင်မုဆိုးတွေကို ရှောင်ခိုင်းနိုင် တဲ့အထိ သတင်း ကြိုတင်ရရှိခဲ့ တာကလည်း သံသယ ဖြစ်စရာ ကောင်းတယ်လို့ သူက ဆိုပါ တယ်။

ဥက္ကံမြို့မ ရဲတပ်ဖွဲ့ စခန်းမှူး ကလည်း ဆင်သတ်ဂိုဏ်း နှိမ်နင်း ရေးကို အထူး လျှို့ဝှက်လုပ်ကိုင် ခဲ့ရတယ်လို့ Myanmar Now ကို ရှင်းပြပါတယ်။

”ကျွန်တော် ဖမ်းရမယ့် လူစာရင်းကို ညလုံးပေါက် စဉ်း စားသုံးသပ်ပြီး စာရွက်ပိုင်း လေးမှာ ချရေးတယ်။ ဒီစာရင်းကို ကျွန်တော့် တပည့် နယ်ထိန်း ခေါင်းဆောင်တောင်  အသိမပေး ရဲဘူး။ ပေါက်ကြားသွားမှာ စိုးလို့။ ဒါတောင်မှ ပထမဦးဆုံး ဖမ်းတဲ့နေ့မှာ လေးယောက်ပဲ မိတယ်။ နောက်မှ ကျန်တဲ့သူတွေ ကိုမိတာ” လို့ သူက ဆိုပါတယ်။

အဲ့ဒီလို အခြေအနေတွေ ကြောင့် သားရိုင်းတိရစ္ဆာန် တရားမဝင် ကုန်သွယ်မှု နာမည် ကြီးခဲ့တဲ့ အာဖရိကတိုက် နိုင်ငံ တချို့လို အဖြစ်မျိုး ဒီမှာမကြုံ တွေ့ရအောင် လုပ်ဆောင်ဖို့လို မယ်လို့ ဦးစောထူးသာဖိုးက သုံးသပ်ပါတယ်။

”ဥပမာ … အာဖရိကတိုက်က ဇင်ဘာဘွေလိုပေါ့။ အခုဆို တော်တော်ကို ထိန်းသိမ်းလာ နိုင်ပေမယ့်  ဆင်အကောင်ရေက သိပ်မကျန်တော့ဘူး။ ကာကွယ် နိုင်ပြီ၊ တားဆီးနိုင်ပြီ ဆိုတဲ့ အချိန်လည်းကျရော ဘာမှ မကျန်တော့ဘူး” လို့ ဦးစော ထူးသာဖိုးက ပြောလိုက်ပါတယ်။

ထက်ခေါင်လင်း
(Myanmar Now)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*