သမိုင်းထဲက မြန်မာပြည်သား

သမိုင်းထဲက မြန်မာပြည်သား
March 3, 2017 Asian Fame

3:10 pm
သမိုင်းထဲက မြန်မာပြည်သား
Thinklu

ဥရောပသို့ စေလွှတ်ခဲ့သည့် ရှေးမြန်မာ သံတမန် အဖွဲ့

ယခင်အပတ်မှအဆက် >> https://www.popularmyanmar.com/popularnews/?p=29220

(၃)

ကုန်းဘောင်ခေတ်မှာ ထူးခြား တဲ့ အကြောင်းခြင်းရာ တစ်ခုက တော့ မင်းဝတ် ဘုရားဆင်းတုများ တည်ထား ကိုးကွယ်လာခြင်းပဲ ဖြစ် ပါတယ်။ အထူးသဖြင့် ဘုရင်တွေ လှူဒါန်း ကိုးကွယ်တဲ့ ဘုရားဆင်း တုတော်တွေဟာ မင်းမြောက်တန် ဆာ ငါးပါး ဆင်ယင်ထားတဲ့ မင်း ဝတ်ဘုရား ဆင်းတုတော်တွေ ဖြစ် နေတတ်တယ်။

အလောင်းမင်းတရား တည် ထား ကိုးကွယ်တော်မူတဲ့ ရွေချက် သို ဆင်းတုတော်၊ စန္ဒမုနိ၊ သကျ ရံသီ၊ သကျသီဟ၊ သကျမာရဇိန်၊ မဟာမုနိ ဆင်းတုတော်များ အား လုံးဟာ မင်ဝတ် ဘုရားများဖြစ်ပါ တယ်။ အချို့ ဆင်းတုတော်တွေ က စတင် ထုလုပ်ကတည်းက မင်း ဝတ်တန်ဆာကို တစ်ပါတည်း ထည့်သွင်းထု လုပ်တယ် (ရွေချက် သို)၊ အချို့ ဆင်းတုတော် တွေက တော့ သင်္ကန်းရုံဘုရားထု လုပ်ပြီးမှ မကိုဋ်၊ နကင်း၊ စလွယ်တပ်ကြတယ်။

ဘာကြောင့်များ ဒီလို ထုလုပ် လှူဒါန်း ကိုးကွယ်ကြသလဲ ဆိုတဲ့ အ ကြောင်းအရင်းကို သုံးသပ်ကြတဲ့ အခါ ဒီ ဆင်းတုတော်မျိုးကို ထုလုပ် ကိုးကွယ်စေတဲ့ မင်းဟာ သူဝတ်တဲ့ အဝတ်နဲ့ အဆောင်အယောင်တွေ ကို ဘုရားဆင်းတုမှာ ဆင်ပေးလိုက် ရင် မင်းနဲ့ဘုရား တစ်ထပ်တည်း ဖြစ်လေတယ်လို့ အနည်းဆုံး ပြည် သူတွေ စိတ်ထဲ ဝင်သွားအောင် စိတ် ဆွဲဆောင်မှုကို လိုချင်လို့ လုပ်တယ် လို့ ပထမဆုံး အနေနဲ့ သံသယရှိ စရာဖြစ်လာပါတယ်။ အချို့ကတော့ ဒုတိယ မုံရွေးဇေတဝန် ဆရာတော်နဲ့ တောင်ခွင်သာသနာပိုင် ဆရာတော် တို့က ဒီဃနိကာယ် မဟာဝဂပါဠိ တော် ပရိနိဗ္ဗာန်သုတ်ကို ကိုးကား ပြီး ဘုရားကို ကြည်ညိုတဲ့သူဟာ မြင် ချင်တဲ့ပုံ၊ ကြားချင်တဲ့ အသံနဲ့ ဘုရား ကို မြင်ရကြားရတယ်။ ဒါကြောင့် ကိုယ်ကိုးကွယ်တဲ့ ဘုရားကို မင်းရဲ့ တင့်တယ်ခြင်း နဲ့မြင်ချင်ရင် မင်းအ ဝတ်ဆင်ပေးခွင့် ရှိတယ်လို့ မိန့်ကြား ကြတာကို အတည်ယူကြတယ်။

မင်းဝတ်ဘုရား ဘာကြောင့် ထုလုပ်ကိုးကွယ်သလဲ ဆိုတဲ့ အမေး ကိုဖြေကြပုံ နောက်တစ်မျိုး ကတော့ ဘုရားရှင် လက်ထက်မှာ အလွန် အင်မတန်မှ တန်ခိုးလည်းကြီး၊ မာန လည်းကြီးလှတဲ့ ဇမ္ဗူပတိ မင်းဆို တာရှိသတဲ့။ ဒီမင်းက ဗိမ္မိသာရ မင်းကို သူ့ကို မရိုသေ၊ မကျိုးနွံလို့ ရန်လုပ်စစ်ပြုမယ် တကဲကဲ လုပ်နေ တဲ့အခါ ဘုရားရှင်က သူ့ဒကာ ကြီးကို ဝင်ကူညီတဲ့ အနေနဲ့ ဇမ္ဗု ပတိမင်းထက် ပိုတင့်တယ်၊ ပိုတန် ခိုးကြီးတဲ့မင်း အသွင်ယူပြီး ဟော ပြောဆုံးမ ကျွတ်တန်း ဝင်စေတယ် ဆိုပဲ။ တကယ်တော့ သမိုင်းမှာ ဂေါတမဗုဒ္ဓနဲ့ ခေတ်ပြိုင် ဇမ္ဗုပတိ အမည်နဲ့ တန်ခိုးကြီးမင်း မရှိပါဘူး။ ရာဇဝင်လာ ကိစ္စ မဟုတ်ပေမယ့် ဒီ ဇာတ်ကြောင်းကို အင်မတန် လူသိ များလို့ မင်းဝတ် ဘုရားအကြောင်း မေးလာရင် အမေးခံရတဲ့ သက်ကြီး ဝါကြီးများက အထက်ပါအကြောင်း အရာတွေကို ခပ်တည်တည် ဖြေချ လိုက်တာပါပဲ။

(၄)
ကုန်းဘောင်ခေတ် နိုင်ငံခြားပညာတော်သင်များ

ပထမနဲ့ ဒုတိယအင်္ဂလိပ်-မြန် မာစစ် နှစ်ကြိမ်ရှုံးနိမ့်ပြီးတဲ့ နောက်  အနောက်တိုင်းသား ကို အနောက် တိုင်းပညာနဲ့ တန်ပြန်တိုက်ခိုက်မှ ရမယ်လို့ မြန်မာတို့ သဘောပေါက် နားလည်လာကြပါတယ်။

တစ်ချိန်တည်းလိုလို ၁၈၅၃ ခုနှစ် ဇူလိုင်လမှာ အမေရိကန် ရေ တပ်က ဗိုလ်မက်သရူးစီပယ်ရီဂျပန် ကျွန်းကို ရောက်လာပြီး နိုင်ငံခြား သားတွေ အတွက် တံခါးဖွင့်ပေး ရမယ်လို့ အနိုင်ကျင့် စော်ကားပြီး  အတင်းအကျပ် အမိန့်ပေးစေခိုင်းခံ ခဲ့ရတဲ့ ဂျပန်တွေဟာလည်း အ နောက်တိုင်း ပညာ သင်ရမယ်ဆို တာကို သဘောပေါက် လာကြတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာ တော့ ဒီလို အကျပ်ရိုက်လို့ မဟုတ် ပေမယ့် အုပ်ချုပ်သူ ချူလာလောင် ကွန်ဘုရင်ရဲ့ ဖွင့်ထားတဲ့ နှလုံးသား၊ ရောက်ခဲ့တဲ့ ရေခြားမြေခြား ခရီး များနဲ့ ငယ်စဉ် ကတည်းက သင်ကြား ခဲ့ရတဲ့ အနောက်တိုင်း  ပညာအခံ၊ အခြေအနေကို ကောင်းစွာတွက်ဆ နိုင်တဲ့ ဦးနှောက် တို့ကြောင့် နန်း ညွန့်နန်းလျာ မင်းသား၊ မင်းသမီး တွေက အစ နိုင်ငံခြားပညာတော် သင်စေ လွှတ်ခဲ့တယ်။ အာရှနိုင်ငံ တွေအနေနဲ့ ဒီလို နိုင်ငံခြားပညာ တော်သင် စေလွတ်ပွဲကြီးကို ဝှဲချီး ကျင်းပကြရာ-

၁၈၇၂ ခုနှစ်က ကင်းဝန်မင်း ကြီး အင်္ဂလန် ရောက်တဲ့အခါ ဂျပန် ပညာတော်သင် ၆ဝဝ ကျော်၊ ထိုင်း ပညာတော်သင် ၁ဝဝ ကျော် အောင် အောင်မြင်မြင် ပညာတော်သင်နေ ကြပေမယ့် ကနောင်မင်းသားကြီး ကိုယ်တိုင် ခေါင်းခေါက်ရွေးချယ် လိုက်တဲ့ ဒို့မြန်မာ ပညာတော်သင် များအနက် မောင်မြူ၊ မောင်ဖြဲ၊ မောင်အောင်သူ၊ မောင်တလုပ်ဖြူ၊ မောင်ချမ်းသာ၊ မောင်တိုးခြုံ၊ မောင် သာထား ၊ မောင်စီ နဲ့ လက်ဖက်ရည် တော် နေမျိုးမင်းလှသင်္ခယာ တို့သာ အဲဒီအချိန်ထိ ကြံ့ကြံ့ခံ ပညာသင် ကြားနေပြီး ကျန်ပညာတော် သင် များကတော့ ဘယ်သောင်ဘယ် ကမ်း ကပ်သွားတယ် မသိရပါ။

၁၈၇၄ ခုနှစ် ကင်းဝန်ရဲ့ ဒုတိ အကြိမ် နိုင်ငံခြား ခရီးမှာ အင်္ဂလန် ရောက်ပြန်တော့ မောင်မြူ၊ မောင် အောင်သူနဲ့ နေမျိုးမင်းလှ သင်္ခါ ယာကလွဲလို့ ကျန်လူ အားလုံးကို ပြန်ခေါ်ပါတော့လို့ ပြောလို့ ပြန် ခေါ်ဖို့ စီမံပြီး ခေါ်ခဲ့ရတယ်။ ပညာ ဆက်လက် သင်ကြားစိမ့်ခြင်းငှာ ဘယ်လိုမှ မစွမ်းသာတော့ဆိုတဲ့ သဘောပေါ့။

နိုင်ငံခြား ပညာတော်သင် ကိစ္စကို အားမလျှော့သေးတဲ့ မြန် မာတွေဟာ ၁၈၇၅ ခုနှစ် မြောင်လှ မြို့စား ဝန်ထောက် မင်းကြီး သီရိမ ဟာဇေယျသူ (ဦးခြိမ့်) ခေါင်း ဆောင်တဲ့ တတိယအကြိမ် နိုင်ငံ ခြားသွား သံတမန် အဖွဲ့မှာ ငထွန်း ကြီး၊ ငဘိုးလှ၊ ငဘိုးလူ၊ ငဘိုးမောင် နဲ့ ငဘိုးဆင် ဆိုတဲ့ လူငယ် ငါးဦးကို ဒီတစ်ကြိမ်တော့ အီတလီမှာ စစ် ပညာသင်ဖို့ ခေါ်ဆောင်ပြီး တူရင် မှာ ထားခဲ့ပြန်တယ်။

ဦးခြိမ့်ရဲ့ ခရီးသွားမှတ်တမ်း မှာ-

”ရေလမ်း၊ ကြည်းလမ်း၊ သေ နင်္ဂကျမ်းများကို တတ်ကျွမ်း သိလိမ္မာ အောင်၊ ပညာသင်ရန် လူငယ်ငါး၊ ဆင်းရွယ်ရူပ၊ တင့်တယ် လှသော၊ မြန်မာ အမျိုးသား တို့ကို ရပ်ခြား ဒေသရှည်ဝေးလံ၊ ပညာဆီမီး၊ ထိန် ပြောင်ငြီးလှသော ပြည်ကြီး အီတာ လျှံတွင် …တူရင် မြို့မှာ၊ ကျောင်း ဆရာတွင်၊ ကောင်းစွာအပ်နှံထား ၍ သင်ကြား ပြသလေစေပြီ (၃ဝ ဒီဇင်ဘာ ၁၈၇၆)” ဆိုပြီး တွေ့ရပါ တယ်။

ဒီလူတွေ မြန်မာနိုင်ငံပြန်လာ ပြီး အလုပ်အကျွေးပြုတယ် ဆိုတဲ့ အထောက်အထား မှတ်တမ်း မှတ် ရာ တစ်စုံတစ်ရာ မတွေ့ရှိရ (သေး) ပါ။

ဦးခြိမ့်ဟာ ကင်းဝန်နဲ့ နိုင်ငံ ခြား နှစ်ခေါက်လိုက်ဖူးတာက တစ် ကြောင်း၊ လက်ဖက်ရည်တော်သား ဘဝကတည်းက မင်းတုန်းမင်း နဲ့အ လွန် ရင်းနှီးကျွမ်းဝင်တာက တစ် ကြောင်းကြောင့် တတိယတစ် ခေါက်မှာ ခေါင်းဆောင် ခန့်ပြီး သံ ကြီးတမန်ကြီး လုပ်စေခဲ့ပေမယ့် ခရီးသွား မှတ်တမ်းကို လင်္ကာနဲ့ မှတ်တမ်း တင်ခဲ့တာက လွဲလို့ ကင်း ဝန်မင်းကြီးရဲ့ မှတ်တမ်းလို့ မှတ် သားလောက်စရာ မပါ။ ကင်းဝန် လိုလည်း မစွမ်းဆောင်နိုင်ခဲ့ပါ။

ဘာသာစကား အခက်အခဲ၊ ပညာရပ်ကို လိုက်နိုင်စွမ်းရှိ၊ မရှိ ဥာဏ်ပညာကို စမ်းသပ် စစ်ဆေး ခြင်းမပြုဘဲ ရုပ်အဆင်း တင့်တယ် မှု၊ အရပ်ရှည်မှု စတဲ့ ဗဟိဒ္ဓိ အသွင် တွေကို ကြည့်ပြီး နိုင်ငံခြား ပညာ တော်သင် ရွေးခဲ့တာ၊ ခင်မင်ရာ ခင်မင်ကြောင်းသား တူညီများကို သွားစေ တာ၊ သင်ပေးတဲ့ဆရာတွေ ကလည်း ပညာ မလိုက်နိုင်သူကို စေတနာမပါဘဲ ထွက်သွားလည်း အေးတာပဲဆိုပြီး စိတ်ပျက် ထွက် ပြေးအောင် တမင် ညှဉ်းဆဲကြတာ စတဲ့ စတဲ့ အကြောင်း ကြောင်းတွေ ကြောင့် ဂျပန်နဲ့ တစ်ချိန်တည်း စခဲ့ တဲ့ ခေတ်ဦးမြန်မာ အနောက်တိုင်း ပညာတော်သင် ဇာတ်လမ်းဟာ ရှားရှားပါးပါး နိုင်ငံခြားပညာ အောင်အောင်မြင်မြင် သင်လာတဲ့ မောင်မြူကို ဖန်ချက်ဝန်ခန့်၊ သီပေါ မင်းလက်ထက်မှာ ပြင်သစ်သွား သံအမတ်ခန့် ခဲ့ရတာနဲ့ တစ်စခန်း ရပ်ခဲ့ရပါတယ်။ အမှန်တော့ ဒီထက် မက ပိုအောင်မြင်သင့်ကြောင်းပါ ခင်ဗျား။

(၅)
တတိယအင်္ဂလိပ်- မြန်မာစစ်

နှစ်ကြိမ်  ရှုံးခဲ့ရတဲ့ အင်္ဂလိပ် ကို တတိယ အကြိမ် စစ်တိုက်ရဦး မယ်ဆိုတဲ့အခါမှာ အင်္ဂလန်၊ ပြင် သစ်၊ အီတလီကို နှစ်ကြိမ် တိုင်တိုင်  ကာလရှည်ကြာ ရောက်ခဲ့တဲ့ ကင်း ဝန်မင်းကြီး ဦးကောင်းက လုံးဝစစ် မတိုက်လိုပါဘူး။ သီပေါနဲ့ အပေါင်း အပါ များကတော့ ဓားတဝင့်ဝင့်၊ လှံ တပြင်ပြင် လုပ်နေကြပါပြီ။ စလေ မြို့စား လှေသင်းအတွင်းဝန်က မိုက်မဲဆိုးသွမ်း လှတဲ့အတွက် လက် မောင်းမှာ နာမည်ရေးပြီး ‘နောင် မဆိုးနဲ့’လို့ စုတ်ထိုး အပြစ်ပေးထား တဲ့ လူဆိုးလူမိုက် (၇ဝဝဝ) ကျော်၊ အခြားအမတ် များကလည်း ‘ဆွေ သားမျိုးသား’ လို့ အမည် လှလှပေး ထားတဲ့ သခင်ထားရာနေ၊ စေရာ သွား၊ သေဆိုသေရမယ့် အသေခံ ဗမာကာမိကာဇေ (၃ဝဝဝ) ကျော် ကို စစ်ပွဲအတွက် ရည်ရွယ်စုဆောင်း ကြတယ်။ အင်္ဂလိပ်ကို အသေခံချ မယ်ပေါ့ လေ။

လက်နက်ကို ကြည့်တော့ အင်္ဂ လိပ်ဘက်က တစ်ခါပစ်ရင် ကိုက် (၁၂ဝဝ)ကနေ (၁၅ဝဝ)ထိ ရောက် တဲ့ ရိုင်ဖယ်သေနတ် ကိုယ်စီ ကိုင် နိုင်တဲ့အချိန်မှာ ရွှေ မြန်မာတို့ဘက် က တစ်ခါပစ်ရင် (၈၇၅)ကိုက်အ နိုင်နိုင်ရောက်တဲ့ တစ်လုံးထိုး ရှေ့ဆွဲ ဗထက်ချိုင့် သေနတ်ကို သုံးယောက် ကို တစ်လက်နှုန်းမျှ ကိုင်နေရပါ တယ်။

အင်္ဂလိပ်က တစ်ခါပစ်ရင် အနည်းဆုံး ခြောက်မိုင်ရောက်တဲ့ စက်အမြောက်တွေ နဲ့ မိုးမွှန်အောင် ပစ်နေချိန်မှာ တစ်မိုင်လောက် ဘုရားစူးပြေးတဲ့ မီးစကြာကောက် ရှေး အမြောက်တွေ ရှိတာမှ အ လက် (၁၂ဝ)ကို ရှေ့တန်း အတွင်း အလက် ၂ဝ သာပေးလို့ ကျန်တစ် ရာကို နေပြည်တော်မှာ အလှပြဖို့ ချန်ထားခဲ့သေးတယ်။

ဒီလိုအခြေအနေတွေကြောင့် အသေခံတိုက်မယ့် ‘နောင် မဆိုးနဲ့’ များနဲ့ ‘ဆွေသားမျိုးသားများ’ တစ် ဆွေလုံး တစ်မျိုးလုံး ပြုတ်ကုန်တာပဲ အဖတ်တင်ပါတယ်။ လက်နက် တပ်ဆင် ပေးလိုက်တဲ့ ဗိုလ်နောင် မဆိုးများဟာ ရာသက်ပန်ဆိုးတဲ့ တောပုန်း ဓားပြကြီးများ ဖြစ်လာ ခဲ့ပါတယ်။ မြင်းခြံခံတပ်မှာ ခုခံကာ ကွယ်နေတဲ့ ရေတပ် ဗိုလ်ချုပ်ကြီး လှေသင်း အတွင်းဝန်ဟာ လေးနာရီ လောက်ပဲ ခံပစ်နိုင်ခဲ့ပြီး အောင် မြင်စွာ ဆုတ်ခွာ လာခဲ့ရတယ်။

တကယ်တော့ အီတလီ၊ ပြင် သစ် ဆရာတွေနဲ့ စစ်ပညာကို လေ့ ကျင့်ထားတယ်ဆိုတဲ့ ဗမာစစ်သား တွေအနေနဲ့ ဒီထက် ပိုခုခံနိုင်သင့်ပါ တယ်။ ငါတို့က သတ္တိရှိတာပဲ ဆိုပြီး ဘာကိုမှ ကောင်းကောင်းမလေ့ လာ။ မလေ့ကျင့်ဘဲ ဆေးလိပ် သောက်လိုက်၊ ဟီလာတိုက် လိုက် နဲ့ ပျော်ပါး ပေါ့တန်စွာ နေခဲ့တဲ့ အ ကျိုးကို တတိယ အင်္ဂလိပ်-မြန်မာ  စစ်မှာ ခံစားရတာပဲလို့ ပြောချင်ပါ တယ်။ စစ်ရောက်မှ မရှုမလှခံရပါ တယ်။ တကယ်သာ စစ်ပညာကို ပြည့်ပြည့်ဝဝ လေ့လာပြီး ကျွမ်း ကျင် ကြမယ် ဆိုရင် ဧရာဝတီမြစ် ကြောင်းအတိုင်း ဆန်တက်လာကြ တဲ့ အင်္ဂလိပ် စစ်သင်္ဘောတွေကို  တစ်နည်းနည်းနဲ့ ကန္တာရ တစ်ပိုင်း ဖြစ်နေတဲ့ ချောက်၊ စလေ၊ မြင်းခြံ ဆိပ်ကမ်းတွေ ကို ကပ်ရအောင် လုပ်ပြီး ပြောက်ကျားနည်းနဲ့ တိုက် ကြရင် ဗိုလ်နေပူနဲ့ ဗိုလ်ဝမ်းကျတို့ က ကူညီမှာမို့ ဘယ်လိုနည်း နဲ့မှ မန္တလေးဆိပ်ကမ်းကို ဒီလောက်မြန် မြန်ဆန်ဆန် ချီတက်မလာနိုင်မှာ သေချာပါတယ်။

ကိုးကား
၁။    သန်းထွန်း၊ ဒေါက်တာ၊ နယ် လှည့် ရာဇဝင်
၂။    ကင်းဝန်မင်းကြီး ခရီးသွားမှတ် တမ်း
၃။    သန်းထွန်း၊ ဒေါက်တာ၊ ခေတ် ဟောင်းမြန်မာရာဇဝင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*