ဒုက္ခသည်များထံသို့ စားနပ် ရိက္ခာလှူဒါန်းမှု အစိုးရက ၉ လ ကျော်ကြာသည်အထိ ခွင့်ပြုချက်မပေးသေး

ဒုက္ခသည်များထံသို့ စားနပ် ရိက္ခာလှူဒါန်းမှု အစိုးရက ၉ လ ကျော်ကြာသည်အထိ ခွင့်ပြုချက်မပေးသေး
March 3, 2017 Asian Fame

10:56 am
ဒုက္ခသည်များထံသို့ စားနပ် ရိက္ခာလှူဒါန်းမှု အစိုးရက ၉ လ ကျော်ကြာသည်အထိ ခွင့်ပြုချက်မပေးသေး

လင်းဟိန်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

အစိုးရက နိုင်ငံတကာ၏အကူအညီကို ကန့်သတ်ထားသည့်အတွက် နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် ကချင်ပြည်နယ်နှင့်ရှမ်းပြည် နယ်အတွင်းမှ စစ်ရှောင်ပြည်သူ များ စာနပ်ရိက္ခာမရရှိတော့သည့် အခက်အခဲများနှင့် ရင်ဆိုင်နေကြ ရသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ပြောသည်။

အစိုးရသစ်က ၎င်းစတင်တာဝန်ယူပြီး တစ်လအကြာ ၂ဝ၁၆ ခုနှစ် မေလမှစတင်၍ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင်းရှိ စစ်ဘေးဒုက္ခသည်များအား စားနပ်ရိက္ခာ ထောက်ပံ့နေသည့် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို ကန့်သတ်ခဲ့သည်။ ကန့်သတ်မှုမှာ ယခုဆိုလျှင် ၉ လ ကျော်သွားပြီ ဖြစ်သည်။

UNOCHA မှ အစီရင်ခံစာ နှင့် ပြန်ကြားဆက်သွယ်ရေးအရာရှိ ဒေါ်ထက်ထက်ဦးက ”ဒုက္ခသည်တွေကို အကူအညီပေးဖို့ အစိုးရက ခွင့်ပြုချက် မပေးတော့ဘူး။ ဒါ့ကြောင့် ဒုက္ခသည်တွေဆီကို ရိက္ခာတွေ မပို့ပေးနိုင်တော့ဘူး”ဟု ပြောသည်။ အဆိုပါစားနပ်ရိက္ခာ အခက်ကြုံနေကြရသည့် ဒုက္ခသည်များ သည် ကချင်ပြည်နယ် ချီဖွေ၊ ဝိုင်း မော်၊ မိုးမောက်၊ ရွှေဂူ၊ မန်စီမြို့ နယ်တို့နှင့် ရှမ်းပြည်နယ် မြောက် ပိုင်း မူဆယ်၊ သိန်းနီမြို့နယ်တို့မှ ဖြစ်သည်ဟု သူမက ပြောသည်။

လက်ရှိတွင် အဆိုပါဒေသများ မှ ဒုက္ခသည်များသည် ဒေသခံအ ရပ်ဘက် အဖွဲ့အစည်းများ၏ အ ကူအညီကိုသာ အားကိုးနေကြရပြီး အရပ်ဘက် အဖွဲ့အစည်းများ၏အကူအညီမှာလည်း ထိုသူတို့အတွက် လုံလောက်မှုမရှိကြောင်း ကချင်ပြည်နယ် မန်စီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းက ပြောသည်။ ”ဒုက္ခသည် စခန်းတွေဆီကို ဒီအတိုင်းသွားလို့မရဘူး။ စစ်တပ်က ကန့်သတ်ထားတယ်။ မန္တလေးဘက်ကပဲ ပတ်သွားရလို့ရမယ်။ အဲဒီတော့ ခရီးကဝေးသွားတယ်။ တရုတ်ပြည်ဘက်ကနေ သွားရင်လည်း တရားမဝင်ဘူး” ဟု ၎င်းက ပြောသည်။

မန်စီမြို့နယ်တွင် မြို့ပေါ်ရှိ ဒုက္ခသည်စခန်းမှ ဒုက္ခသည်များအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနက စားနပ်ရိက္ခာထောက်ပံ့ခြင်း များရှိနေသော်လည်း မြို့ပြင်ရှိစခန်း များကိုမူ ရိက္ခာထောက်ပံ့ခြင်းမရှိ ကြောင်း ဦးမင်းမင်းကပြောသည်။

မန်စီမြို့နယ် မန်ဝိန်းကြီးဒေသ ရှိဒုက္ခသည်စခန်းများ အပါအဝင် အနီးပတ်ဝန်းကျင် ကျေးရွာများ တွင် ခိုလှုံနေကြသည့် ဒုက္ခသည် ပေါင်း လေးထောင်ကျော်ခန့် ရှိနေ ပြီး ယင်းဒုက္ခသည်များမှာ စားစရာ ရိက္ခာ အလုံအလောက်မရှိကြောင်း ယင်းဒေသသို့ သွားရောက် ကူညီခဲ့ သည့် အဖြူရောင်တွဲလက်များအဖွဲ့ မှ ကိုဘိုဘိုက ပြောသည်။

”စားစရာ ဆန်မလောက်တော့ ဆန်လျှော့စားကြတယ်။ ပြီးရင် တချို့မိဘတွေက သားသမီးတွေ မြေးတွေကို ကျွေးပြီး သူတို့မစားဘဲ နေကြတယ်။ အဲဒီလို မစားဘဲနေ လို့ သေသွားကြတဲ့ သူတွေလည်း ရှိပါတယ်” ဟု ၎င်းကပြောသည်။ စစ်ဘေးဒုက္ခသည်များ အနေ ဖြင့် ယခင်တိုက်ပွဲများ မဖြစ်မီက တရုတ်နိုင်ငံသို့ သွားရောက်ကာ အလုပ်လုပ်ကိုင်ခဲ့ကြပြီး ယခုစစ် ပွဲများကြောင့် လုံခြုံရေးအရ အလုပ် မလုပ်ရဲကြကြောင်း ကိုဘိုဘိုက ဆက်ပြောသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အနေဖြင့်လည်း စစ်ဘေးဒုက္ခသည်စခန်းများအား သွားရောက်ကွင်းဆင်းစစ်ဆေးပြီး ကူညီထောက်ပံ့ပေးရန် လိုအပ်ကြောင်း အဖြူရောင်တွဲလက်များအဖွဲ့က အ ကြံပြုသည်။

”စားနပ်ရိက္ခာတွေ သွားထောက်ပံ့မယ်ဆိုရင် အစိုးရဆီမှာ ခွင့်ပြုချက်ယူရပါတယ်။ လွန်ခဲ့တဲ့နှစ် မေလကစပြီး ခွင့်ပြုချက်လုံးဝထုတ် မပေးတော့ဘူး” ဟု UNOCHA မှ ဒေါ်ထက်ထက်ဦးက ပြောသည်။ ၂ဝ၁၁ ခုနှစ်မှ စတင်ပြီး ပြန်လည် အစပျိုးခဲ့သည့် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တိုက်ပွဲများကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင် လူဦးရေတစ်သိန်းကျော် မှာ ကာလတာရှည်နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသည်။ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ယင်းကိစ္စနှင့်ပတ်သက်၍ မေးမြန်းရာ ပြောခွင့်ရပုဂ္ဂိုလ်တို့က မဖြေ ကြားခဲ့ပေ။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့မှ လူ ဦးရေငါးသိန်းကျော်မှာ လူသား ချင်းစာနာမှု အကူအညီများလိုအပ် လျက်ရှိပြီး ယင်းအထဲက လူဦးရေ နှစ်သိန်းကျော်မှာ ပြည်တွင်း၊ ပြည်ပသို့ နေရပ်စွန့်ခွာ တိမ်းရှောင်နေ ကြရကြောင်း UNOCHA က ထုတ်ပြန်ထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*