ထိန်းသိမ်းနိုင်လျှင် တိုးတက်မည်

ထိန်းသိမ်းနိုင်လျှင် တိုးတက်မည်
March 3, 2017 Asian Fame

3:08 pm
ထိန်းသိမ်းနိုင်လျှင် တိုးတက်မည်

Bonyeinမိမိတို့ငယ်စဉ်က သူငယ်ချင်း များနှင့် ပျော်ရွှင်စွာ ကစားခဲ့ရသည် ကို ပြန်လည် အမှတ်ရတတ်သည်။ မည်သည့် အကြောင်းမျှ မယ်မယ် ရရမရှိ။ အသက်ကြီးလာလျှင် နာ ရမည်။ သေရမည် ဆိုသည်မှာ ဖြစ် မြဲသဘာဝ ဆိုသော်လည်း ရှေ့ရေး ကို တွေးချင်စိတ် မပေါ်။ နောက် ကြောင်းများကို ပြန်စဉ်းစားလျှင်မူ အမှတ်တရ များဖြင့် အဖော်ပြု၍ ရသေး၏။ ငယ်စဉ်က လမ်းစဉ်လူ ငယ်၊ တေဇ လူငယ်ဟူ၍ ဆရာ၊ ဆရာမများက ဖွဲ့ပေးကြသည်။”မိမိ ကိုယ်ကိုယ် ကောင်းအောင် ကြိုးစား မည်။ မိမိကျောင်းကို ကောင်းအောင် ကြိုးစားမည်။ မိမိတိုင်းပြည် အတွက် ကောင်းအောင် ကြိုးစားမည်” ဟူ သောလူငယ် သီချင်းများကို ရေဒီ ယိုမှ နံနက်တိုင်း ကြားခဲ့၍ အော်ဆို ခဲ့ကြသည်ကို အမှတ်ရမိသည်။ ထိုစဉ်အချိန်က မည်သို့ မည်ပုံ ကောင်းလာရန် ကြိုးစားမည်ကို ရေရေရာရာ မသိကြသေးပါ။ ပေး ထားသော စာမရလျှင်  ဆရာရိုက် မည်စိုးရိမ်သဖြင့် တစ်နေ့စာ တစ် နေ့ စာကုန်းကျက်ခဲ့ခြင်း ကိုသာ သတိရမိပါသည်။ ယင်း အလေ့အ ကျင့်သည် အလုပ်လုပ်ရသောအ ရွယ်ရောက်သောအခါ အလုပ် ကြွေး မထားတတ်သည့် အလေ့အ ထ ဖြစ်လာစေကြောင်း ကြီးရင့်လာ ၍ စဉ်းစား တတ်သောအခါမှ သိရှိ လာပါသည်။

မိမိတိုင်းပြည်အတွက် ကောင်း အောင်ကြိုးစားမည်ဟု ဆိုခဲ့ခြင်း ကိုမူ  စာသင် အရွယ် တော်တော် တန်တန်ရှိလာ၍ ”မိမိကိုယ်ကိုယ် ငါဟုတ်နေပြီ” ဟုအထင်ရောက် သော အချိန်ကျမှ ပိုမိုသိလာပါ၏။ ထိုအချိန်အခါက နိုင်ငံခြား တိုင်းပြည် များတွင် မိမိတိုင်းပြည်မှ ပေးသော ဘွဲ့ကိုယူကာ အလုပ် သွားရောက် လုပ်ကိုင်ကြသည့် အပေါင်းအဖော် များကို ဘဝင် မကျမိချေ။ သူ့ဘာ သာသူ့ အခြေ အနေပေါ် မူတည်ကြ သဖြင့် လျော်ကြေးပေးကာ သွား ကြသော်လည်း မိမိတိုင်းပြည်ကို မချစ်၍သာ ဟူ၍ ကလေး ဆန်ဆန် တွေးခဲ့မိပါသည်။

နောက်ပိုင်း ထိုအရွယ်ထက် ကြီးလာကာ အတွေ့အကြုံစုံလင် လာ၍ မိမိ၏ ဆွေမျိုးကောင်းစား ရေးသာ ဆောင်တတ်ကြသော အ ထက်လူကြီး များနှင့် တွေ့လာသော အခါမှ လက်တွေ့ ကျသော အမှန် တရားတစ်ရပ်ကို မြင်လာပါသည်။ မိမိ ဆွေမျိုးသားချင်းများ ချမ်းသာ ကြွယ်ဝရေး အတွက်လည်း အချိန် တော်တော် ပေးကြပါကလား ဟူ၍ တွေးမိပါသည်။ အကယ်၍ နောင် ဘဝအထိ အချိန် လိုက်ပေးနိုင်ပါက ထိုဘဝအထိပင် လိုက်ပါ ကြိုးပမ်း ကြမည့် သူများဖြစ်ပုံရ၏။ အမှန် ပြောရလျှင် သူတို့ကား မိမိတစ် ကိုယ်တည်း ကောင်းစားရေး သမား များ မဟုတ်ကြသည်မှာ စဉ်းစား နိုင်ပါသည်။ မိမိ၏ သမီးသား၊ ဇနီး မယားနှင့် ဆွေမျိုးညာတကာ တို့ကို လည်း ထည့်သွင်း တွက်ချက်ပေးရ ရှာသည် ဆိုတော့ တာဝန်ကြီးလှ သည်။ ယခုဘဝနှင့် ရှာဖွေကျွေး မွေးရသည်မှာ အချိန်မလောက် သဖြင့် သံသရာ တစ်ခုလုံးကိုပါချေး ယူရလျှင်ပင် ပိုအဆင်ပြေသည် ဟု တွေးနေမည့် သူများ ဖြစ်ပါ၏။

မိမိတို့ ဝန်ထမ်းအချို့ကမူ တိုင်းပြည် အစိုးရမှပေးသော လစာ ငွေကို ဇနီးသည်အား အပ်နိုင်ခဲ့ လျှင် အိမ်ထောင်ဦးစီး တာဝန်ကျေ ပြီ ဟုမှတ်ယူခဲ့ကြ သူများဖြစ်သဖြင့် ကျေနပ် အားရခဲ့ကြပါသည်။ ယခု မှ နောင်တရ နေ၍လည်း မထူး တော့ပါ။ ကိုယ် မှန်သည် ထင်၍ ဆောင်ရွက်ခဲ့သော အရေးကိစ္စ သာဖြစ်ခဲ့သည်။ ယခုအချိန်တွင်မူ အခါလွန်ကာ အိုမင်းမစွမ်း အရွယ် ရောက်ပြီဖြစ်သဖြင့် တရားစခန်းသို့ သာ ခိုကိုးရာရှိပါတော့၏။

ဤသို့ ဖြစ်နေသည် ဆိုသော် လည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဟူသော အသံများကို ကြားမိလျှင် ခေါင်းမော့ကာ နားထောင်ကြည့်မိ သေးပါသည်။ ”ပတ်ဝန်းကျင်ကို မထိန်းခင် ကိုယ့်ကိုယ်ကိုယ် အရင် ထိန်း ကြည့်ပါဦး” ဟုစီနီယာကြီး တစ်ယောက် က ပြောသောအခါ တွေးစရာများ အမျှင်တန်း လျက် ကျန်ခဲ့ပါသည်။

”ဟုတ်သားပဲ။ ကိုယ့်အကျင့် တွေကိုတောင် ပြင်ဖို့ အားမထည့် သေးဘူး။ သူများတွေကို ထိန်းခိုင်း သလိုဖြစ်နေပြီ။ ထိုင်နေရင်း အ သက်ရှူနေတာကို သတိမထားမိ ဘဲနဲ့ လေထု ညစ်ညမ်းမှုက ဘာဖြစ် တယ်၊ ညာဖြစ်တယ်နဲ့ ပြောလို့ ဘယ် သဘာဝကျပါ့မလဲ။ လမ်း လျှောက်ရင် ခပ်သုတ်သုတ် လျှောက် တတ်လို့ မြေကြီးနဲ့ ခြေဖဝါး  ထိလို့ ထိမှန်းတောင် မသိလိုက်တဲ့သူက မြေထု ညစ်ညမ်းတာက ဘယ်လို ဘယ်အကြောင်းလို့ ပြောရင် ဖြီး လုံးထုတ်သလို ဖြစ်နေမယ်။ ရေ သုံးရင်လည်း ပြီးစလွယ် လုပ်ခဲ့တဲ့ သူက ရေထု မညစ်ညမ်းအောင် ဘယ်လို စီမံကြမလဲလို့ မေးနေတာ မကောင်းသေးဘူး ထင်တယ်” စသ ဖြင့် အတွေးနယ်ပယ် ကို မဆုံးနိုင် အောင် ချဲ့မိသည်။ မည်သို့ပင်ဖြစ် စေ၊ မိမိကိုယ်ကိုယ်လည်း ကောင်းမွန် အောင်ကြိုးစားမှ။ မိမိပတ်ဝန်းကျင် ကိုလည်း သာယာလာအောင် ကြိုး စားမှ တန်ကာ ကျတော့မည်ဆို သည်ကို စဉ်းစားမိပါသည်။ သို့မ ဟုတ်ပါက အနာဂတ် မျိုးဆက်သစ် များအား အညစ်အကြေး အတိ ပြီး သောပတ်ဝန်းကျင် တစ်ခုကို အမွေ ပေးခဲ့သကဲ့ သို့ဖြစ်နေမလား။ အ မှန်တော့ ပတ်ဝန်းကျင်ကို ထိန်း သိမ်းနိုင်ရန် ကြိုးပမ်းမည် ဆိုလျှင်  ဤကမ္ဘာမြေပေါ်တွင် နေထိုင်သော သူတိုင်း တာဝန် ဝတ္တရားကိုယ်စီ ရှိ မည်ဖြစ်ပါ သည်။ ယေဘုယျ အား ဖြင့် ကဏ္ဍလေးရပ် ခွဲကာ ချဉ်းကပ် ရန်လိုပါမည်။

ပထမကဏ္ဍအနေ ဖြင့် ထာဝစဉ် တည်တံ့ ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှု အခြေခံများ ချ ထားရမည် ဖြစ်ပါသည်။ ဤသည် မှာ အသိဥာဏ်ပညာ ထက်မြက်ရှင် သန်ခြင်းရှိစေရန် အားထုတ်ရမည့် ကဏ္ဍ ဖြစ်ပါသည်။ ဒုတိယကဏ္ဍ အနေနှင့် သက်ရှိတို့၏ ဖွဲ့စည်းတည် ဆောက်မှု စနစ်များ၌ အခြေခံသ ဘောများနှင့် ညီညွတ်အောင် ဆောင်ရွက် ရမည့် ကိစ္စမျိုး ဖြစ်ပါ သည်။  ပတ်ဝန်းကျင်ကို လိုအပ် သလို စနစ်တကျ စီမံခန့်ခွဲခြင်းမှာ တတိယ အရေးပါဆုံး ကိစ္စ ဖြစ်ပါ သည်။ ကဏ္ဍ အလိုက် ရန်ပုံငွေ စု ဆောင်းကာ ခွဲဝေ သုံးစွဲနိုင်ရန်မှာ လည်း အရေးကြီးပါသည်။ မူရင်းပုံ စံအတိုင်း ဖွံ့ဖြိုး ရှင်သန်စေရန်အား ပေးရမည့် အစီအစဉ်လည်း လိုအပ် ပါသည်။ ထို့ပြင် စတုတ္ထမြောက် ကဏ္ဍမှာမူ အဓိက အကြောင်းအ ရာများကို ခွဲခြား၍ လုပ်နည်းလုပ် ဟန်များ ချမှတ်ကာ ခွဲခြား စီမံနိုင် ရန်ဖြစ်ပါသည်။ ထိုကဏ္ဍလေးရပ် အတိုင်း လိုက်မီနိုင်ရန် အတွက် အ သော့နှင်ရမည့် သဘောရှိပါသည်။

တကယ်တမ်းမူ လူတိုင်းကို ပညာပေးခြင်းမှာ အချက်အချာဖြစ် ကာ ထိုသို့လေ့ကျင့်၍ အသိပညာ ကြွယ်ဝလာသော အခါ စံနမူနာများ သို့ပြောင်းလဲ လာစေပါသည်။ ယင်း စံပြုချက်များကြောင့် လူမှုဆိုင်ရာ အမူအကျင့် ပုံစံများကို ကောင်းမွန် စွာ ရေရှည် ကျင့်သုံးလာစေပါသည်။ တွက်ကြည့်လျှင် ထုတ်လုပ်နည်း များ စနစ်တကျ မရှိပါက သဘာဝ အရင်းအမြစ်များကို ကုန်ဆုံးစေ ကာ အပင်နှင့် သတ္တဝါများ အချင်း ချင်း ညီညွတ်ခြင်း ကိုပျက်ပြားစေ သည်။ ထို့ပြင် လူဦးရေ တိုးတက်လာ ၍ စားသုံးမှု များလာသည်။ ယင်း သို့သော အနေအထား များသည် ပတ်ဝန်းကျင် အခြေအနေ နိမ့်ကျ လာစေသည်။ ဇီဝမျိုးကွဲ များပြား ကြွယ်ဝခြင်းကို ကျဆုံးစေသည်။ သက်ဆိုင်ရာ အခြေအနေ များထက် ပို၍ လူဦးရေ ပေါက်ကွဲ ထွက်လာစေ သည်။ အထူးပြောလိုသည် မှာ မြို့ ပြစီမံကိန်းများ အကောင်အထည် ဖော်မှု အားနည်းခြင်းပင် ဖြစ်သည်။ ထိုသို့ သော အခြေအနေ ဆိုးများကို အရှိအတိုင်း နားလည်ကာ ပညာ ဥာဏ် ကြွယ်ဝလာခြင်းသည် ပတ် ဝန်းကျင်ကို မူလ သဘာဝ အတိုင်း ထိန်းထားရာတွင် များစွာ အ ထောက်အကူ ဖြစ်ပါသည်။

လေထုနှင့် ရေထုတို့ ညစ်ညမ်း လာသဖြင့် လူပြော သူပြောများ လာသောအခါ ၁၉၅ဝ ပြည့်နှစ် နောက်ပိုင်း၌ ပတ်ဝန်းကျင် ဆိုင် ရာ ဆွေးနွေးပွဲ ကျင်းပခြင်း များလာ ပါသည်။ ၁၇ ရာစုမှ ၂ဝ ရာစုကြား တွင် သဘာဝ ပတ်ဝန်းကျင်ထိန်း သိမ်းရေး အတွက် ပိုမို လှုပ်ရှားလာ ကြ၏။ ဖွံ့ဖြိုးပြီး စက်မှု အင်အားကြီး နိုင်ငံများတွင်  ပတ်ဝန်းကျင်ယိုယွင်း ပျက်စီးမှုကို ပိုမို အာရုံစိုက်လာကြ၍ ဆင်းရဲသော နိုင်ငံများက သဘာဝ အလှအပများကို ကျယ်ကျယ်ပြန့် ပြန့် ခံစား သိမြင်လာကြသည်။ ၁၉၇၂ ခုနှစ် အနှောင်းပိုင်း တွင် ဖွံ့ ဖြိုးဆဲနိုင်ငံ များ၌ စီးပွားရေးခြေ လှမ်းမျာကို ထိန်းထိန်း သိမ်းသိမ်း လှမ်းလာကြ၏။ စတော့ဟုမ်း ညီလာ ခံတွင် တိုးတက် ဖွံ့ဖြိုးရေးနှင့် ပတ် ဝန်းကျင်တို့ကြား ဆက်နွှယ်မှုကို ပြောဆို ဆွေးနွေးကြရာမှ အငြင်း အခုံ ဖြစ်လာခြင်းသည် ၁၉၇၂ ခု ရီယိုဒီဂျနေးရိုး မြို့တွင် ကျင်းပသည့် ပတ်ဝန်းကျင်နှင့် တိုးတက် ဖွံ့ဖြိုးရေး ဆိုင်ရာ ညီလာခံ အထိ ပါလာခဲ့ပါ သည်။ တစ်ခု အကျိုးအမြတ်ထွက် သွားခြင်းကား ၂၁ ရာစုအတွက် ကမ္ဘာပေါ်ရှိ အဖွဲ့အစည်းများစု ပေါင်းမိကာ 21st Agenda ကို ရေး ဆွဲခဲ့နိုင်ခြင်း ဖြစ်ပါသည်။

မိမိတို့ နိုင်ငံတွင်လည်း Myanmar Agenda 21  ကို ရေးဆွဲ ပြီးဖြစ်ပါသည်။ မူလကနိုင်ငံခြား ရေးဝန်ကြီးဌာန အောက်တွင် ရှိ သော ပတ်ဝန်းကျင် ထိန်းသိမ်းရေး အမျိုးသား ကော်မရှင်သည် သစ် တော ဝန်ကြီးဌာန လက်အောက်သို့ ရောက်ခဲ့ပါသည်။ ထိုမှတစ်ဆင့်မြင့် တက်လာကာ ဝန်ကြီးဌာန အဆင့်ရောက်နေပြီ ဖြစ်သဖြင့် ထိုဝန်ကြီး ဌာန၏ လမ်းညွှန်ချက်ဖြင့် တစ် တိုင်းပြည်လုံး ညီညီညာညာ လုပ် ဆောင်နိုင်ကြပါက ရည်မှန်းသကဲ့ သို့ အကောင်အထည် ပေါ်လာမည် ဖြစ်ပါကြောင်း ။    ။

ဘိုငြိမ်းသာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*