တကသ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေးကော်မတီ မဖွဲ့နိုင်သေး

တကသ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေးကော်မတီ မဖွဲ့နိုင်သေး
March 3, 2017 Asian Fame

11:41 am
တကသ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေးကော်မတီ မဖွဲ့နိုင်သေး

ဖြိုးထက်အောင်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေး အတွက် ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းရန်ကြိုးပမ်းမှု လတ်တလော မအောင်မြင်သေးကြောင်း ဗကသ အဖွဲ့ချုပ်က ပြောသည်။

”ကျွန်တော်တို့ တောင်းဆိုတာ က ကျောင်းသားသမဂ္ဂတွေရဲ့ လွတ် လပ်စွာ လှုပ်ရှားခွင့်၊ ရပ်တည်ခွင့် ကို အစိုးရအနေနဲ့ အသိအမှတ်ပြု ပေးဖို့ ကျွန်တော်တို့က တောင်းဆို တယ်။ အဲဒီလို အသိအမှတ်ပြုပေး ပြီးမှသာလျှင် သမဂ္ဂအဆောက်အ အုံ တည်ဆောက်ရေးကို ဆက် လက် စဉ်းစားသင့်တယ်လို့ ပြော တာပါ” ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် အတွင်းရေး မှူးအဖွဲ့ဝင် ကိုအောင်ထက်အောင် က ပြောသည်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့က ရွှေဂုံတိုင်၊ တော်ဝင်နှင်းဆီခန်းမ တွင် တ.က.သ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေးအတွက် ကော်မတီ ဖွဲ့စည်းရန် အစည်းအ ဝေးတစ်ရပ်ကို ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့နှင့် ကျောင်းသား မျိုးဆက်အသီးသီးမှ ကျောင်းသားများ တွေ့ဆုံဆွေးနွေးခဲ့ကြသော် လည်း လုပ်ငန်းစဉ်များဆက် လုပ် ရန် အချိန်စောင့်ရမည်ဟူသော ဆွေးနွေးမှုများကြောင့် ကော်မတီ မဖွဲ့နိုင်ခဲ့ကြောင်း ၎င်းကပြောသည်။

သို့သော်လည်း သမဂ္ဂ အဆောက်အအုံ ပြန်လည် တည်ဆောက်ရန်အတွက် မူအားဖြင့် သဘောတူခဲ့ကြောင်း ကိုအောင် ထက်အောင်က ပြောသည်။ ”ပြန်တည်ဆောက်ဖို့ လိုအပ်တယ်ဆိုတာကို သဘောတူခဲ့တယ်။ မူအားဖြင့်ပေါ့။ ဒါပေမယ့်မြက်ခင်း ပြင်မှာ ဆောက်မဆောက်ဆိုတာက လုပ်ငန်းစဉ်တွေကျရင် ဆက် ဆွေးနွေးရမှာပါ” ဟု သူကဆိုသည်။ ဆွေးနွေးပွဲတွင် ကျောင်းသား သမဂ္ဂအဆောက်အအုံ ပြန်လည်တည်ဆောက်ရာ၌ ကျောင်းသား မျိုးဆက်အသီးသီး၏ သဘောထား၊ ဆန္ဒများ အားလုံးပါရမည်ဟု ရန် ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့သကဲ့ သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးကလည်း ယခု အချိန်သည် အခြေအနေပွင့်လင်းလာပြီဖြစ်သည့်အတွက် ယင်း အဆောက်အအုံ ပြန်ဆောက်ရေးမှာ အရေးကြီးသော ကိစ္စဖြစ်ကြောင်း ပြောကြားသည်။

ကျောင်းသား သမဂ္ဂ အ ဆောက်အအုံ ပြန်လည်တည်ဆောက်ရန်အတွက် ဖြစ်မြောက် ရေးကော်မတီ ဖွဲ့စည်းရေးအဖွဲ့ကို ယခုလ ၂၂ ရက်နေ့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်တွင် ဦးဖြိုးမင်းသိန်းက ဦးဆောင်ဖွဲ့စည်းခဲ့သည်။ သို့သော်လည်း ကျောင်း သားမျိုးဆက်အသီးသီးကို အသိ ပေးအကြောင်းကြားမှု မရှိခဲ့သည်ဟု ဆိုကာ ကျောင်းသားမျိုးဆက်အ သီးသီးက ထုတ်ပြန်ချက်များထုတ် ပြန်ဝေဖန်ခဲ့ကြသကဲ့သို့ သမဂ္ဂ မြက် ခင်းပြင်နေရာတွင် အဆောက်အအုံ သစ်တစ်ခုကို အားချင်း ဆောက် လုပ်နေမှုကြောင့် ဖေဖော်ဝါရီ ၂၇ ရက်နေ့ညက ဗကသများ အဖွဲ့ချုပ် က ဦးဆောင်ဆန္ဒထုတ်ဖော်ခဲ့သည်။

မဆလအစိုးရလက်ထက် ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ တွင် တင်းကျပ်သောအဆောင်စည်း ကမ်းများကို လက်မခံ၍ ဆန္ဒပြကြ သောရန်ကုန်တက္ကသိုလ်မှ ကျောင်း သားများကို တော်လှန်ရေးကောင်စီ အစိုးရ တပ်ဖွဲ့ဝင်များက သေနတ်များဖြင့် ပစ်ခတ်ခဲ့ပြီး ဇူလိုင်လ ၈ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်တွင် ကျောင်းသား သမဂ္ဂအဆောက်အအုံကို ဒိုင်းနမိုက်များဖြင့် ဖောက်ခွဲ ဖျက်ဆီးခဲ့ကြသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*