NLD သည် နိုင်ငံရေး ဦးစားပေး အစိုးရ ဖြစ်သောကြောင့် စီးပွားရေးကဏ္ဍ မတိုးတက် ဖြစ်နေ

NLD သည် နိုင်ငံရေး ဦးစားပေး အစိုးရ ဖြစ်သောကြောင့် စီးပွားရေးကဏ္ဍ မတိုးတက် ဖြစ်နေ
March 1, 2017 Asian Fame

3:04 pm
NLD သည် နိုင်ငံရေး ဦးစားပေး အစိုးရ ဖြစ်သောကြောင့် စီးပွားရေးကဏ္ဍ မတိုးတက် ဖြစ်နေ

(ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇)

အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် အစိုးရသည် နိုင်ငံရေးကို ဦး စားပေးသော အစိုးရ ဖြစ်သော ကြောင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး စေရန် မလုပ်ဆောင်နိုင် ဖြစ်နေ ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စီးပွားရေး ကော်မတီဝင် ဦးရဲမင်းဦး ကပြောဆိုလိုက်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရအနေဖြင့် ၂ နှစ်အတွင်း စီး ပွားရေး တိုးတက်အောင် ဆောင် ရွက်မည်ဟု ရည်ရွယ်ထားသော် လည်း အစိုးရတာဝန် စတင်ယူ သော အချိန်မှစ၍ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု ထင်သလောက် ဝင်ရောက် လာမှု မရှိခြင်း၊ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု ကဲ့သို့ စီးပွားရေး ကဏ္ဍကြီးမှ အရှိန်ကျ နှေးကွေးသွားခြင်း၊ ငွေကြေးဖောင်းပွမှု တိုးပွားလာမှု စသော အကြောင်းအရင်း များ ကြောင့် အစိုးရကို အကျပ်အတည်း ဖြစ်စေခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေး သည် ၂ဝ၁၆-၂ဝ၁၇ ကာလအ တွင်း နှေးကွေးသွားခဲ့ရာ စီးပွား ရေး တိုးတက်မှုနှုန်းမှာ ယခင်က ၇ ဒသမ ၃ ရာခိုင်နှုန်း ရှိရာမှ ယခုနှစ် တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းသို့ အားပျော့လာခဲ့ပြီး လယ်ယာစိုက် ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍနှေးကွေးခြင်း က စီးပွားရေး တိုး တက်မှု နှေးကွေးသွားရခြင်း အဓိက အကြောင်းရင်း တစ်ရပ်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် က သုံးသပ်ထားသည်။

”NLD အစိုးရဖြစ်တဲ့ တစ်နှစ် တာကာလမှာ စီးပွားရေး အရ အောင်မြင်လား ဆိုရင် မအောင် မြင်ဘူး လို့ပြောလို့ရပါတယ်။ ဒါပေ မယ့် ကျဆုံးလား ဆိုတော့ မကျဆုံး ပါဘူး။ ဒီထက် အခြေအနေတော့ ဆိုးမသွားဘူး။ စီးပွားရေးက ၂ဝ၁၄ -၂ဝ၁၅ မှာ ကျခဲ့တဲ့နေရာ မှာပဲရှိနေ တယ်။ အပေါ်ကို ပြန်မတက်တာဘဲ ရှိတယ်”ဟု ဦးရဲမင်းဦးကပြောသည်။

ထို့ကြောင့်ယခု ၂ဝ၁၆- ၂ဝ၁၇ ဘဏ္ဍာနှစ်တွင် စီးပွားရေး တိုးတက် မှုအပိုင်း၌ ထူးခြားမှု မြင်ရမည် မဟုတ်သော်လည်း ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် စီးပွားရေး ကဏ္ဍတိုးတက်ရေး အတွက် ဆောင်ရွက် ရန်ညွှန်ကြားထားပြီး ဖြစ်သော ကြောင့် နိုင်ငံရေး ဦးစားပေး အစိုးရ မှ စီးပွားရေးကိုလည်း ပြန်လည် တိုးတက် လာစေမည်ဖြစ်ကြောင်း ၄င်းက ထုတ်ဖော်ပြောဆိုသည်။

ထို့အပြင် NLD အစိုးရ၏ စီး ပွားရေး မူဝါဒ ၁၂ ချက်ကိုလည်း ပြန်လည် ပြင်ဆင် သွားရန်မရှိဘဲ ဝန်ကြီး ဌာနများ အနေဖြင့် စနစ် တကျ အကောင် အထည်ဖော်နိုင် စေရန်သာ တိုက်တွန်း သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

HEZ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*