မြန်မာစီးပွားရေး လုပ်ငန်း အများစုမှာ စားသောက်ကုန် လုပ်ငန်းများသာ ဖြစ်နေပြီး သက်တမ်းနု အသေးစား လုပ်ငန်းများဖြစ်နေ

မြန်မာစီးပွားရေး လုပ်ငန်း အများစုမှာ စားသောက်ကုန် လုပ်ငန်းများသာ ဖြစ်နေပြီး သက်တမ်းနု အသေးစား လုပ်ငန်းများဖြစ်နေ
March 1, 2017 Asian Fame

3:07 pm
မြန်မာစီးပွားရေး လုပ်ငန်း အများစုမှာ စားသောက်ကုန် လုပ်ငန်းများသာ ဖြစ်နေပြီး သက်တမ်းနု အသေးစား လုပ်ငန်းများဖြစ်နေ

chart(ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇)

မြန်မာ့စီးပွားရေး လုပ်ငန်းများ ကို စားသောက်ကုန် ကဏ္ဍတွင် အများဆုံး တွေ့ရှိရပြီး၊ လုပ်ငန်း များ အများစုမှာ သက်တမ်း ၁ နှစ် မှ ၄ နှစ်အောက် အရွယ်၊ လုပ်ငန်း ခွဲမရှိသော အသေးစား လုပ်ငန်း များဖြစ်နေကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်(UNDP) ၏ အကြီးတန်း စီးပွားရေးပညာရှင် Thomas Kring  က ပြောသည်။

ထိုအနေအထားသည် အခြား အာရှဒေသ တွင်းရှိ ဖွံ့ဖြိုးမှုတူ နိုင်ငံ များနှင့် ယှဉ်လျှင်ပင် မြန်မာနိုင်ငံ တွင် လုပ်ငန်း မျိုးကွဲများ တည်ရှိမှု အားနည်းနေကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

မြန်မာ့စီးပွားရေး လုပ်ငန်း ပေါင်း တစ်သိန်းနှစ်သောင်းကျော် ထံမှ အချက်အလက် များအပေါ် အခြေခံခဲ့၍ Myanmar Business Survey 2015 ကိုကောက်ယူခဲ့ပြီး အဆိုပါ စစ်တမ်းတွင် အစိုးရပိုင် လုပ်ငန်းများနှင့် Telecommunication  ကဏ္ဍ၊ စိုက်ပျိုးရေး ကဏ္ဍမှ လုပ်ငန်းများ မပါဝင်ပေ။ Thomas Kring က ၄င်းအချက်အလက် များ ကိုအခြေခံ၍ သုံးသပ် ပြောဆို လိုက်ခြင်းဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံ၏ ပုဂ္ဂလိက ကဏ္ဍသည် လုပ်ငန်း အမျိုးအစား ကွဲပြားစုံလင်မှုနှင့် လုပ်သား များ၏ ကုန်ထုတ်စွမ်း အားများ နည်းပါးနေ ဆဲဖြစ်သော် လည်း ဖွံ့ဖြိုး တိုးတက်ရန် အလား အလာမှာ ကြီးမားကြောင်းလည်း စစ်တမ်း တွင် ဖော်ပြ ထား သည်။ မြန် မာနိုင်ငံ၏ စီးပွားရေး အခြေ အနေသည် ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် စီးပွားရေး လုပ်ငန်းအရေ အတွက် အများဆုံးဖြစ်ပြီး တစ်ဆင့် ပြန်လည် ရောင်းချမှု၊ ကုန်သွယ် မှုကဏ္ဍတွင် ဒုတိယ အများဆုံးဖြစ် ၍ ဝန်ဆောင်မှု ကဏ္ဍမှာ တတိယ နေရာတွင် ရှိနေသည်။

ကုန်ထုတ်လုပ်မှုကဏ္ဍတွင်  ပါဝင်သော လုပ်ငန်း အများစုမှာ စားသောက်ကုန်များ၊ အဖျော် ယမကာများနှင့် ဆေးရွက်ကြီး ထုတ်ကုန်များ ကိုသာ ထုတ်လုပ်နေ ကြပြီး ဝန်ဆောင်မှုကဏ္ဍ၏ ထက် ဝက်ကျော် မှာလည်း စားသောက် ကုန်နှင့် အဖျော်ယမကာ လုပ်ငန်း များကိုသာ ဝန်ဆောင်မှု ပေးနေကြ ခြင်းဖြစ်သည်။

အလုပ်သမား အရေအတွက် အရမူ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ၅၈ ရာခိုင်နှုန်းဖြင့် အများဆုံးရှိ နေပြီး ကုန်သွယ်မှု ကဏ္ဍတွင် ၁၉ ရာခိုင်နှုန်း၊ ဝန်ဆောင်မှု ကဏ္ဍတွင် ၂၃ ရာခိုင်နှုန်းရှိနေသည်။ လုပ်ငန်း အရေအတွက် အများဆုံးမှာ ရန်ကုန် တိုင်းဒေသကြီးဖြစ်ပြီး ဒုတိယအများ ဆုံးမှာ မန္တလေးတိုင်းဒေသကြီး ဖြစ်သည်။

HEZ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*