3:47 pm
(မန္တလေး၊ ဖေဖော်ဝါရီ ၂၈)
မန္တလေးမြို့တွင် ခိုးဆိုးလု ယက်မှုများ တစ်ရက်ထက် တစ်ရက် ပိုမို အဖြစ် များလာသည့် အတွက် တရားရုံးဘက်က ထိရောက်ပြင်း ထန်သည့် ပြစ်ဒဏ် ချမှတ်နေသလို သက်ဆိုင်ရာ လူပုဂ္ဂိုလ် အဖွဲ့အ စည်းများ ဘက်ကလည်း ပူးပေါင်း ပါဝင် ဆောင်ရွက် ပေးကြရန် လို ကြောင်း မန္တလေးမြို့ချမ်းအေးသာစံ မြို့နယ် တရားသူကြီး ဦးစိန်ကြည် က ပြောသည်။
”လုယက်မှုတွေ၊ နာကျင် အောင်ပြုပြီး လုယက်မှုတွေ၊ ပုဒ်မ အနေနဲ့ပြောရရင် ရာဇသတ်ကြီး ပုဒ်မ ၃၉၂၊ ၃၉၄ အမှုတွေကို ပြစ် မှုထင်ရှား စီရင်တဲ့အခါမှာ အရင် က အမြင့်ဆုံး ပြစ်ဒဏ် အဖြစ် ၇ နှစ် ထောင်ချရတယ် ဆိုပေမယ့် တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ ၇ နှစ်ချတာလည်း ရှိသလို အမှုအ သွားအလာပေါ် မူတည်ပြီး ဆင် ခြင်တုံတရားနဲ့ ချရတာလည်း ရှိခဲ့ ပါတယ်။ အခုတော့ ပြစ်မှုထင်ရှား စီရင်ခံရရင် ၇ နှစ်အထိ ထောင် ဒဏ်ရော ငွေဒဏ်ပါ ချပါတယ်။ တရားဥပဒေ စိုးမိုးရေး နိုင်ငံတော် လုံခြုံရေး ထိပါးစေမယ့် ကိစ္စရပ် အမှုတွေ၊ ပြည်သူ့ဘဝ ထိခိုက်လာ မယ့် ကိစ္စရပ်အမှုတွေ ဆိုရင် ကျွန် တော်တို့က အပြစ်ရှိရင် ရှိတဲ့အ တိုင်း ထိထိရောက်ရောက် ပြစ် ဒဏ် ပေးနေပါတယ်” ဟု ၄င်းက ဆိုသည်။
ထိုသို့ ဆောင်ရွက်သည့် အခါ တွင်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဥပဒေ အရာရှိ အစ ရှိသည့် အဖွဲ့အ စည်းပေါင်းစုံနှင့် ပြည်သူလူထု ဘက်က ဝိုင်းဝန်း ပူးပေါင်း ပါဝင် ဆောင်ရွက် ပေးပါရန်လည်း ၄င်း က တိုက်တွန်းသည်။
မန္တလေး ချမ်းအေးသာစံ မြို့ နယ်အတွင်း ယခုနှစ် ဖေဖော်ဝါရီ တစ်လတည်း အဆိုပါ ပုဒ်မများဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်သည့် အမှု ၆ မှုအထိ ရှိခဲ့ကြောင်း သိရ ပြီး ဆက်လက် စစ်ဆေးဆဲ ပြစ်မှု များ ကိုလည်း ထိရောက် ပြင်းထန် သည့် ပြစ်ဒဏ်သာ ချမှတ်သွားမည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။
ပြီးခဲ့သည့်နှစ် စာရင်းအရ ခိုး မှု၊ ခါးပိုက်နှိုက်မှု ၁၆၆ မှု တရားစွဲ ဆိုခဲ့ရာ ၁၅၁ မှု ပြစ်ဒဏ် ချမှတ်ခဲ့ ပြီး လုယက်မှု ၁၂ မှုအတွက် ၅ မှု ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း၊ ကျန် ရှိနေသည့် အမှုများ ကိုလည်း အ မြန်ဆုံး ပြစ်ဒဏ် ချမှတ်နိုင်ရန် စစ် ဆေးလျက် ရှိကြောင်း သိရသည်။
စောထွေး