ရုပ်ရှင်ဆင်ဆာ ဆိုင်ရာ ဆွေးနွေးပွဲ မတ်လအတွင်း ကျင်းပမည်

ရုပ်ရှင်ဆင်ဆာ ဆိုင်ရာ ဆွေးနွေးပွဲ မတ်လအတွင်း ကျင်းပမည်
March 1, 2017 Asian Fame

2:53 pm
ရုပ်ရှင်ဆင်ဆာ ဆိုင်ရာ ဆွေးနွေးပွဲ မတ်လအတွင်း ကျင်းပမည်

(ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ )

၂ဝ၁၆ ခုနှစ်မြန်မာ့ ရုပ်ရှင်ထူး ချွန်ဆု ပေးပွဲအပြီးတွင် ဆင်ဆာ နှင့် ပတ်သက်၍ ဆွေးနွေးပွဲတစ်ခု ပြု လုပ်သွားမည် ဖြစ်ကြောင်း သိရ သည်။

”အကယ်ဒမီပေးပွဲ အပြီး မတ် လတတိယ အပတ်မှာ ကျင်းပမယ်။ ပြည်ထောင်စု ဝန်ကြီးကိုယ်တိုင် တက်ရောက် ညှိနှိုင်းပေးမှာ ဖြစ်တဲ့ အတွက် လောကသားများ၊ ရုပ်ရှင် ဒါရိုက်တာများ၊ ထုတ်လုပ်သူများ မပျက်မကွက် တက်ရောက် စေချင် ပါတယ်”ဟု ဆွေးနွေး ပွဲ ဖြစ်မြောက် ရေးလုပ်ဆောင် ပေးနေသည့် ဇာဂ နာက ပြောသည်။

ယမန်နှစ်က ပြုလုပ်ခဲ့သော  မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုး တိုးတက်မှုဆိုင် ရာဆွေးနွေးပွဲ ၏ နောက်ထပ်ခြေ လှမ်းတစ်ရပ် အဖြစ် ၄င်း အစီအစဉ် ကို လုပ်ဆောင်ခြင်း ဖြစ်ပြီး ဆွေး နွေးပွဲတွင် မြန်မာ့ရုပ်ရှင် အနုပညာ ရှင် အတတ်ပညာရှင်များ၊ ရုပ်ရှင် ဆင်ဆာ အဖွဲ့များနှင့် စာနယ်ဇင်း ဆရာများ၊ လွှတ်တော် ကိုယ်စား လှယ်များ ပါဝင်ဆွေးနွေး ညှိနှိုင်း သွားမည်ဟု သိရသည်။

”ဆင်ဆာနဲ့ပတ်သက်ပြီး ပြင် ဆင်လုပ်ဆောင်မယ် ဆို မြန်မာ့ရုပ် ရှင်ဥပဒေက အရေးပါဆုံး ဖြစ်တယ်” ဟု ဇာဂနာက ပြောသည်။

မြန်မာ့ ရုပ်ရှင် ဥပဒေကို ၁၉၉၆ ခုနှစ်က ရေးဆွဲခဲ့ခြင်းဖြစ်ပြီး အဆို ပါဥပဒေကို မပြင်နိုင်သေး သရွေ့ ဆင်ဆာကိုလည်း မပြင်နိုင်ကြောင်း ဇာဂနာကပြောသည်။

”ဆင်ဆာ ဆိုတာ တစ်ကမ္ဘာ လုံးမှာ ရှိပါတယ်။ ဟောလိဝုဒ်၊ ဘော လိဝုဒ်မှာလည်း ရှိတယ်။ ကိုရီးယား မှာလည်း ရှိပါတယ်။ ဆင်ဆာကို Rating စနစ်နဲ့သွားဖို့ ရုပ်ရှင်ဖိုရမ် မှာတုန်းက ဆုံးဖြတ်ထားပါတယ်။ ဆင်ဆာကို Rating စနစ်နဲ့သွားရင် ကျွန်တော်တို့က ပထမဆုံး လုပ်ရမှာ က ၁၉၉၆ ဥပဒေကို ပြင်ရမယ်” ဟု ဇာဂနာက ပြောသည်။

၂ဝ၁၆ သြဂုတ်လ ၁၉ ရက် နေ့မှ ၂ဝ ရက်နေ့ ထိ ၂ ရက်ကြာ ကျင်းပခဲ့သည့် မြန်မာ့ ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်ရေး ဆွေးနွေးပွဲတွင် အ များ သဘောတူညီမှုနှင့် ဆုံးဖြတ် ချက်ချထားသည့် အချက် ငါးချက် အနက် ခိုးကူးခွေကိစ္စ၊ ဥပဒေပြင် ဆင်ရေး အပြင် ယခုဆင်ဆာ ကိစ္စ စသည်များကို ဆက်လက် လုပ် ဆောင်နေခြင်း ဖြစ်သည်။

ထူးထူး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*