ထောင်ထဲကနေ ဘွဲ့ရအောင်လုပ်မည့် အကျဉ်းသားလူငယ်

ထောင်ထဲကနေ ဘွဲ့ရအောင်လုပ်မည့် အကျဉ်းသားလူငယ်
March 1, 2017 Asian Fame

4:20 pm
ထောင်ထဲကနေ ဘွဲ့ရအောင်လုပ်မည့် အကျဉ်းသားလူငယ်

innsein

အစိုးရသစ်က အင်းစိန်အကျဉ်းထောင်အတွက် သမိုင်းဝင်မည့် ဆောင်ရွက်ချက်တစ်ခုကို ပြီးခဲ့သည့်လပိုင်းက လုပ်သွားသည်။ နာမည်ဆိုးဖြင့် ကျော်ကြားခဲ့ သည့် အင်းစိန်အကျဉ်းထောင် အပါအဝင် ကျန်ထောင်အားလုံးတို့ကို နေအိမ်လုပ်ကာနေခဲ့ရသူ အများစုပါဝင်သည့် NLD အစိုးရက ထိုဆောင်ရွက်ချက်ကို လူသိထင်ရှား မဖြစ်စေခဲ့ဘဲ ဆောင်ရွက်ခဲ့သည်။ ယင်းမှာကား လူသတ်မှုဖြင့် ထောင်ကျနေသည့် အသက်၂ဝ ကျော်အ ရွယ်ရှိ အကျဉ်းသားတစ် ဦးကို ထောင်အတွင်းမှနေ၍ အ ဝေးသင် တက္ကသိုလ် စာမေးပွဲကို ပထမဦးဆုံး ဖြေဆိုခွင့်ပြုပေးခဲ့ခြင်း ပင်ဖြစ်သည်။ အင်းစိန်အကျဉ်းထောင် တာ ဝန်ခံအရာရှိ ဦးမျိုးဦးက ”ဒါဟာ ထောင်အတွင်း ကြီးမားတဲ့အပြောင်း အလဲပဲ” ဟု ပြောသည်။

အသက် ၈၇ နှစ်ရှိနေပြီ ဖြစ် သည့် အင်းစိန်နှင့် မန္တလေးထောင် ပိုင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူး သူ ဦးစိန်ဌေးက အစိုးရသစ်လက် ထက် ထောင်အတွင်းတက္ကသိုလ် စာမေးပွဲတစ်ခု ဖြေခွင့်ပေးလိုက်ခြင်းသည် အင်္ဂလိပ်တို့ ရေးဆွဲခဲ့ပြီး လက်ရှိအချိန်အထိ ကျင့်သုံးနေ ည့် အကျဉ်းထောင်များဥပဒေထဲတွင် လုံးဝထည့်သွင်းမထားသည့် အခွင့်အရေးကို ပေးလိုက်ခြင်း ဖြစ်သည်ဟု ပြောသည်။ ”ထောင်ဆိုတာ သူတို့ကိုတော် လှန်တဲ့သူတွေကို ထားတဲ့နေရာ။ လူငယ်တွေကို ဘယ်မှာ ပညာသင် ခွင့်ပေးမှာလဲ။ ဒီလိုပဲ လွတ်လပ်ရေးရပြီးနောက် ပြီးတော့ စစ်အုပ်ချုပ်ရေး ဘယ်မှာမှ ဒီလို မပေးခဲ့ဘူး” ဟု သူက ပြောသည်။

အစိုးရသစ်က ထိုအလုပ်ကို ရှုပ်ထွေးသည့် လုပ်ထုံးလုပ်နည်း အဆင့်ဆင့် (ထောင်အာဏာပိုင် တို့၏ ထောက်ခံမှု၊ ပြည်ထဲရေးဝန် ကြီးဌာနသို့ အကျဉ်းဦးစီးဌာနက တင်ပြပေးခဲ့မှု၊ ဗဟိုအစိုးရက ပညာ ရေးဝန်ကြီးဌာန၏ သဘောထား မှတ်ချက်ရယူမှု၊ ဗဟိုအစိုးရအဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက် စသည်ဖြင့်) တို့ကို ဖြတ်သန်းဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။ အစိုးရသစ် ယခု လုပ်ဆောင်မှုက ကျောင်းသား၊ ကျောင်းသူ သိန်းကျော် နှစ်စဉ်ဖြေဆိုနေကြသော အဝေးသင်စာမေးပွဲ အတွင်း ထူးခြားသည့် အကြောင်းအရာဖြစ် သွားခဲ့သည့်အပြင် နှစ်ပေါင်း ၁ဝဝ ကျော် သက်တမ်းရှိ အင်းစိန်ထောင် သမိုင်းတွင်လည်း ကြီးမားသည့် ပြောင်းလဲမှုတစ်ရပ် ဖြစ်သွားသည်။

တက္ကသိုလ် ပထမနှစ်စာမေးပွဲ ဖြေဆိုခွင့်ရခဲ့သည့် အကျဉ်းသား မှာ လွန်ခဲ့သည့် ၃ နှစ်ကျော်က ပွဲ ဈေးတစ်ခုအတွင်း လူငယ်ချင်းထိုး ကြိတ်ကြရာမှ တစ်ဖက်လူကို အ သက်သေဆုံးစေခဲ့သည့်အတွက် ထောင်ဒဏ် ၈ နှစ်ကျကာ အင်းစိန် ထောင်သို့ ရောက်လာခဲ့သူဖြစ်သည်။ အကျဉ်းမကျခင်က တက္က သိုလ် ဝင်တန်းစာမေးပွဲ တစ်ကြိမ် ဖြေခဲ့ဖူးသည်ကတစ်ကြောင်း၊ သူ ထောင်ကျပြီး တစ်နှစ်ကျော်အကြာ တွင် ထောင်အတွင်း ပညာသင်ယူ ခွင့်ပေးသည်နှင့် ကြုံခဲ့သည်ကတစ် ကြောင်းစသည့် အကြောင်းအရာ များနှင့်တိုက်ဆိုင်ခဲ့၍ သူသည် အင်းစိန်ထောင်အတွင်းဝယ် တတိယအကြိမ် မြောက်ဖွင့်ခဲ့သည့် အကျဉ်းထောင် စာစစ်ဌာနမှနေ၍ ၂ဝ၁၄- ၂ဝ၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဝင်ဖြေခဲ့ရင်း တစ်ကြိမ်တည်းနှင့် အောင်ခဲ့သည်။ ”ကျွန်တော် အချိန်တွေကို အ လကားမကုန်ချင်ဘူး” ဟု ¤င်း အ ကျဉ်းသားက ပြောသည်။

ထို့ကြောင့် ဆယ်တန်းဖြေမည့် သူများအားလုံး ကြိုးစားခဲ့ကြောင်း၊ ၁၇ ဦးဖြေဆိုရာတွင် သူအပါအဝင် ၇ ဦးအောင်ခဲ့ကြောင်း ရှင်းပြသည်။
သူဆယ်တန်း အောင်မြင်ခဲ့ပြီး နောက် တက္ကသိုလ်ပညာ ဆက် လက် ဆည်းပူးလိုကြောင်း တောင်း ဆိုခဲ့ရာ၊ တောင်းဆိုမှုကို ထောင် အာဏာပိုင်တို့က အစိုးရထံတင်ပြ ပြီးခွင့်ပြုပေးခဲ့သည်ဟု သူကဆက် ပြောသည်။ သူနှင့်အတူ ထိုနှစ်က တက္က သိုလ် ဝင်စာမေးပွဲ အောင်မြင်ခဲ့သူ စုစုပေါင်း ၇ဦးရှိသော်လည်း ၆ ဦး မှာ လွတ်မြောက်သွား၍ သူတစ်ဦး တည်း ကျန်ခဲ့ရာတွင် ထောင်ထဲ မှနေ၍ အဝေးသင်တက္ကသိုလ် ပညာရေး ဆက်လက်သင်ယူနိုင် စေရန် ထောင်တာဝန်ခံ အရာရှိက သူ့ကို ထောက်ခံပေးခဲ့သည်။ ယခင်နှစ်များက ထောင်တွင်း မှ စာမေးပွဲဖြေဆို၍ ဆယ်တန်း အောင်သူ ၂ဦး ရှိခဲ့သော်လည်း ထို သူတို့မှာတက္ကသိုလ်ပညာရေး ဆက် လက်သင်ယူရန် ဆန္ဒမရှိခဲ့ကြပေ။ ယခု တက္ကသိုလ်စာမေးပွဲ ဖြေပြီးသည့် အကျဉ်းသားက”မြန် မာစာ အထူးပြုပေါ့။ ထောင်ထဲကပဲ စာစဉ်တွေတင်ရတယ်။ အစောပိုင်း ကာလတုန်းက ဖြေခွင့်ရ၊မရ တိတိ ကျကျမသိခဲ့ရဘူး” ဟု ပြောသည်။ သူ့အနေနှင့် ထောင်မှလွတ် ရန် ၃ နှစ်ခွဲ ၄ နှစ်မျှ ကျန်သေး၍ တစ်နှစ်လျှင် တစ်တန်း မှန်မှန် အောင်သွားခဲ့ပါက သက်တမ်း ၁၂၃ နှစ်ရှိနေပြီဖြစ်သည့် အင်းစိန် ထောင်အတွင်းမှပင် ပညာသင် ကြားကာ ဘွဲ့ရမည့် အကျဉ်းသား ဖြစ်နေ၍ပင်တည်း။သူကိုယ်တိုင်ကလည်း ထိုသို့ တွက်ထားပြီးပြီဟု ပြောသည်။ ပြီးခဲ့သည့်လက ထောင်အတွင်း ရန်ကုန်အဝေးသင်တက္ကသိုလ် မြန်မာစာပထမနှစ် စာမေးပွဲ ဖြေ ဆိုပြီးသည့် ယင်းအကျဉ်းသားနှင့် ပတ်သက်၍ လေ့လာခဲ့ရသလောက် ဆိုပါမူ ပြင်ပလောကက လူငယ များနှင့်မတူ ထူးခြားစွာ ကွဲထွက် နေသည့် အမူအကျင့်စရိုက် လက္ခဏာတို့ကို မတွေ့ခဲ့ရ။ အသက် ၂ဝ ကျော်ရုံလေး ရှိ သည့် ¤င်းသည် ပိန်သည်။အသား ကညိုသည်။ အရပ်ကခပ်ပြတ်ပြတ်။ ထောင်ထဲမှာသာ မတွေ့ရဘဲ အပြင်မှာသာ တွေ့ခဲ့ရလျှင် သူလို ငါလို လူငယ်တစ်ဦးဟုပင် ညွှန်း ဆိုရမည်ဖြစ်သည်။

ထူးခြားသည်ကို ရှာ၍ပြောပါ ဆိုလျှင် တခြားသောလူငယ်များ ကဲ့သို့ သက်သောင့်သက်သာ ဖြစ် မနေသည့် ပုံစံတစ်မျိုးသာ သူ့မှာ ရှိသည်။ သူ့ကို စာသင်ပေးသည့် အ ကျဉ်းသား ဆရာအချို့နှင့် အကျဉ်း သား ကျောင်းအုပ်ဆရာကြီး၏ ပြောပြချက်အရ သူက စာတော်တော် ကြိုးစားကြောင်း၊ ထောင် စာသင်ကျောင်းတွင်လည်း အ တန်းငယ်တို့ကို စာပြပေးနေသူဖြစ် ကြောင်း၊ စည်းကမ်းကိုလည်း လိုက် နာသဖြင့် ထောင်အာဏာပိုင်တို့က အဝေးသင်ဖြေခွင့်ကို ထောက် ခံခဲ့ပုံရကြောင်း စသဖြင့် ပြောပြကြသည်။ အကျဉ်းသားသည် အခြားသော အဝေးသင် ကျောင်းသား များ ဖြေဆိုချိန်မဟုတ်သည့် အချိန် တစ်ခု၌ ၎င်းကို ရန်ကုန်အနောက် ပိုင်း တက္ကသိုလ်မှ ကထိကများက အနီးကပ်ပို့ချမှုတို့ပေးခဲ့ပြီး၊ ထောင်အတွင်း သီးသန့်ဖွင့်ထားသော စာစစ်ဌာနတွင် ဖြေခဲ့ရခြင်းဖြစ်သည်။ ”ကျွန်တော် ထောင်က လွတ်ရင် မဆိုးတော့ဘူး။ မိဘကို လုပ် ကျွေးချင်တယ်”ဟု ယင်း ကျောင်းသားက သူ၏ ဘဝရည်မှန်းချက် ကိုပြောသည်။ တက္ကသိုလ်စာမေးပွဲ ဖြေခဲ့သည့် ၎င်းသည် ယခုဆိုလျှင် ထောင်တွင်း ပညာသင်ယူလျက်ရှိသည့် အကျဉ်းသားများထဲဝယ် စံပြအကျဉ်းသား တစ်ဦးဖြစ်နေလေပြီ။

ကျောင်းသားဦးရေ ၈ဝ မျှ ပညာသင်ကြားနေသည့် အင်းစိန်ဗဟို အကျဉ်းထောင်အတွင်းရှိ အမှတ်(၁၃)အခြေခံပညာ အလယ်တန်း ကျောင်းခွဲ ကျောင်းအုပ်ဆရာ ကြီး (၎င်းသည်လည်း အကျဉ်းသား တစ်ဦးပင်ဖြစ်သည်) က ယင်းအ ကျဉ်းသား တက္ကသိုလ်စာမေးပွဲ ဖြေခွင့်ရပြီး နောက်ပိုင်းဝယ် ထောင်အတွင်း ပညာသင်ယူသူတို့သည် ယခင်ကထက် ပိုမို ကြိုးစားလာခဲ့ သည်ကို တွေ့ရကြောင်းပြောသည်။ လာမည့် အဝေးသင်တက္က သိုလ် ပညာသင်နှစ်တွင်လည်း အကျဉ်းထောင်နေမှနေ၍ မြန်မာစာ ပထမနှစ် ၄ ဦး၊ သမိုင်းပထမနှစ် ၁ ဦးတို့ တက်ရောက်ရန်ရှိသည်ဟု ယင်းဆရာက ပြောသည်။ ထို ၅ ဦးတို့သည် ယမန်နှစ်က အင်းစိန်အကျဉ်းထောင် စာစစ် ဌာနမှနေ၍ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ခဲ့သည့် အကျဉ်းသား ၁၁ ဦးထဲမှ ၅ ဦးဖြစ်သည်။ ယခုနှစ် တက္ကသိုလ်ဝင်စာမေး ပွဲဖြေရန် သူ့ကျောင်းက ၂၆ ဦး စာရင်းပေးထားသည်ဟု ကျောင်း အုပ်ကြီးက ပြောသည်။ ယခုနှစ် အင်းစိန်အကျဉ်း စာစစ်ဌာန၏ ထူးခြားချက်တစ်ခုက အသက် ၂ဝ ကျော်အရွယ်ရှိ အ ကျဉ်းသူတစ်ဦးလည်း ထို ၂၆ ဦး နှင့်အတူ ဝင်ရောက် ဖြေဆိုမည် ဖြစ်သည်။ ထိုအကျဉ်းသူသည် ပဲခူးထောင်၌ အကျဉ်းကျခံနေရသူဖြစ်သော်လည်း၊ အင်းစိန်သို့ ပြောင်းလာသည့် အတွက် သူမကိုပါထည့်ပေါင်းလျှင် အင်းစိန်အကျဉ်းထောင် စာစစ်ဌာန မှ ဝင်ဖြေမည့်သူ စုစုပေါင်းသည် ယခုနှစ်တွင်၂၇ ဦးရှိသွားမည် ဖြစ် သည်။ယခုနှစ် တက္ကသိုလ်ဝင်စာမေး ပွဲကိုဝင်ဖြေမည့် ဆေးမှုဖြင့်ထောင် ကျနေသည့် အသက် ၂ဝ ခန့်ရှိ အကျဉ်းသားလူငယ်က ”ကျွန်တော် သုံးခဲ့တဲ့ အချိန်နဲ့ ပြန်ပေးဆပ်နေ ရတဲ့ အချိန်က မတန်ဘူးဗျာ။ ခု နောင်တတအားရတယ်။ ဒါ့ကြောင့် စာပဲဖိကျက်နေတယ်” ဟု ပြောသည်။

ထောင်အတွင်းမှနေ၍ တက္က သိုလ်တက်ခွင့်ရသူ ရှိနေသည့်အတွက် သူ့ထံတွင် အားတစ်ခုရှိနေ ကြောင်း၊ သူထောင်မှလွတ်လျှင် ပညာတတ်တစ်ဦး ဖြစ်သွားစေရ မည်ဆိုသည့် မျှော်မှန်းချက်ထား ထားကြောင်း ပြောပြသည်။ စာမေးပွဲဖြေကြမည့် အကျဉ်း သားအားလုံးနှင့် တွေ့ဆုံခွင့်ရသလောက် သူတို့ထံတွင် ဖိအားကြီး ကြီးမားမားတို့ရှိကြပုံမတွေ့ရ။ အား လုံးက လွတ်လွတ်လပ်လပ်ရှိနေကြ ပြီး စာသင်နေသည်ကိုမြင်ခဲ့ရသည်။ ထိုသူတို့အပြင် စာမေးပွဲဖြေ မည့် အကျဉ်းသူနှင့် တွေ့ဆုံခဲ့ရ စဉ်ကလည်း လွတ်လပ်ပေါ့ပါးပုံ ကို မြင်ခဲ့ရသည်။ ယင်းအကျဉ်းသူသည် အင်းစိန် အကျဉ်းထောင်ကြီးအတွင်း သီးခြားထားထားသော အမျိုးသမီးထောင်တွင် အကျဉ်းချခံနေရသည်။ ကာရံထားသည့် မြင့်မားသော အုတ်တံတိုင်းကြီးများကြား နေနေရသည့် သူမထံတွင် အပူအပင် သိပ်မတွေ့ခဲ့ရ။ အကြိမ်ကြိမ် အထပ်ထပ် လျှော်ထားပုံပေါ်သည့် အင်္ကျီအ နွမ်းလေးဝတ်ထားသည့် ယင်း အ ကျဉ်းသူက မေးမြန်းသမျှကို စိတ်လက်ပေါ့ပါးစွာ ဖြေကြားသည်။ ”သမီးကတော့ ဆယ်တန်း အောင်ချင်တာပေါ့နော်။ ကျောင်း ဆရာမ လုပ်ချင်သွားလို့ပါ။ ဒါပေ မယ့်လည်းလေ ထောင်ထွက်ဆိုရင် ရပါ့မလား စိတ်ပူတယ်” ဟု ပြောသည်။ ၂ လုံးထီရောင်းမှုဖြင့် ပဲခူး ထောင်တွင် တစ်နှစ်ခွဲ ကျနေသူ သူမကို ယင်းထောင်မှ ထောင်ဝန်ထမ်းအမျိုးသမီးက စာမေးပွဲ ဖြေရန် တိုက်တွန်းခဲ့ကြောင်း၊ သူမ ကိုယ်တိုင်လည်း စိတ်ပါဝင်စားခဲ့၍ ဖြေမည်ဖြစ်ကြောင်း ရှင်းပြသည်။ ”အင်းစိန် အကျဉ်းထောင်ကြီးမှာ ပညာသင်ယူခွင့်၊ စာမေးပွဲဖြေ ခွင့်တွေပေးနေပြီ။ နင်အချိန်တွေကို အလဟဿမဖြစ်စေဘဲ အသုံး ချပါလို့ ထောင်ဝန်ထမ်းအစ်မကြီး က သမီးကို ပြောတယ်။ သူတို့ပဲ သမီးကို ထောင်ပြောင်းပေးခဲ့တာ” ဟု သူမက ပြောသည်။ သူမကို လက်ရှိတွင် အကျဉ်း ကျခံနေရသည့် ကျူရှင်ဆရာမကြီး တစ်ဦးနှင့် အင်္ဂလိပ်စာဘွဲ့ရ အ ကျဉ်းသူတစ်ဦးက သီးခြားစာသင် ပေးနေသည်ကို တွေ့ခဲ့ရသည်။ အထက်ပါ အပြောင်းအလဲများသည် ၂ဝဝ၄-၂ဝဝ၅ ပညာသင်နှစ်ကတည်းက ထောင်အတွင်း စတင်ခဲ့သည့် အခြေခံပညာ မူလ တန်းအဆင့် သင်ပေးမှု၊ ထိုမှ တစ်ဆင့် တစ်ဆင့်တက်ပြီး လွန်ခဲ့ သည့် ၄ နှစ်မှစကာ တက္ကသိုလ် ဝင်တန်း သင်ပေးနိုင်ခဲ့မှု စသည် တို့ကြောင့် ဖြစ်သည်ဟု အင်းစိန် ထောင်ကြီး၏ လက်ရှိ တာဝန်ခံ အရာရှိ ဦးမျိုးဦးက ရှင်းပြသည်။

၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်၌ ထောင်အတွင်း ဆယ်တန်းစာစစ် ဌာနတစ်ခုကို ယခင်အစိုးရဟောင်း က စဖွင့်ပေးခဲ့သည်ဟု သူက ပြောသည်။ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ရသည့် အချက်အလက်အရ ယင်းစာစစ်ဌာနမှ ဝင်ဖြေသူသည် နှစ် စဉ် တိုးလာနေပြီး၊ ဂုဏ်ထူးရ ကျောင်းသားထွက်ပေါ်မှုနှင့် အတူ အောင်ချက်သည်လည်း တက်လာသည်။ စာသင်အကျဉ်းသားတို့၏ ထိုသို့သော တက်ြ<ွကမှုတို့ကြောင့် အကျဉ်းဦးစီးဌာနက ဗဟိုထောင်တစ် ခုဖြစ်သော မန္တလေးထောင် အ တွင်းတွင်ပါ ယခုနှစ်တွင် စာစစ် ဌာန တစ်ခုဖွင့်ပေးရန် ပညာရေး ဝန်ကြီးဌာနသို့ တင်ပြခဲ့ရာ အစိုးရက ဖွင့်ပေးခဲ့သည်။လက်ရှိစာရင်းအရ မန္တလေး အကျဉ်းထောင် စာစစ်ဌာနတွင် ယခုနှစ် ၁ဝ ဦးကျော်ဖြေမည်ဖြစ် ပြီး၊ ထိုထဲတွင် အကျဉ်းသူ ၂ ဦး ပါဝင်သည်။အကျဉ်းဦးစီးဌာန ပြောရေးဆို ခွင့်ရ ဦးမင်းထွန်းစိုးက ”ပညာသင်ယူခွင့် အခွင့်အလမ်းကို မပိတ် ပစ်ဘူး။ ဖွင့်ပေးနေတယ်။ ဒါဟာ သက်သေတွေပဲ” ဟု ပြောသည်။အစိုးရသစ်လက်ထက်ဝယ် အကျဉ်းဦးစီးဌာနက ယခုနှစ်တွင် အင်းစိန်အကျဉ်းထောင်အတွင်း စာသင်သားများနေထိုင်ရန် အတွက် စာသင်ကျောင်းအသစ်အနီး ၌ အကျဉ်းဆောင်တစ်ခုကို ထပ် မံဆောက်လုပ်ပေးခဲ့ပြီး သီးခြား ထားကာ ပညာသင်စေမည် ဟု သူက ဆက်ပြောသည်။ လက်ရှိ အကျဉ်းဦးစီးဌာန အောက်တွင် အကျဉ်းထောင် ၄၆ ခု ရှိသည်။ ပညာသင်ပေးနေသော အကျဉ်းထောင်က ဗဟိုအကျဉ်း ထောင်များဖြစ်သည့် အင်းစိန်၊ မန္တလေးနှင့် သာယာဝတီထောင် ထို ၃ ခုသာ ရှိသည်။ သင်ယူနေသူတို့မှာလည်း အ ကျဉ်းကျ လူငယ်တို့သာ ဖြစ် သည်။ ယင်းတို့ထဲမှ သာယာဝတီ ထောင်သည် ၈ တန်းအထိသာ သင်ပေးနိုင်သေးသည်။နောက်ပိုင်းတွင်မူ အကျဉ်း ထောင်များဥပဒေကို ပြန်ပြင်ပြီးပါက အသက်မွေးဝမ်းကျောင်း ပညာသင်ပေးမှု၊ အတန်းပညာသင်ပေးမှု စသည်တို့ကို ဥပဒေနှင့်အညီ ခံ စားခွင့်ရမည်ဟု ဦးမင်းထွန်းစိုးက ဆက်ပြောသည်။

ပညာ သင်ယူခွင့်အကြောင်းအရာများ အပါအဝင် လူ့ဂုဏ်သိက္ခာနှင့်ညီသည့် အကျဉ်းထောင် ဥပဒေသစ်တစ်ရပ်လည်း အမြန် ပေါ်ဖို့ လိုနေသည်ဟု ထောင်တွင်း အတွေ့အကြုံများနှင့်ပတ်သက်၍ ရေးသားလေ့ရှိသည့်စာရေး ဆရာ ထက်မြက်ကလည်း တိုက်တွန်းသည်။ ယနေ့ နိုင်ငံတကာတွင် အကျဉ်းထောင်များက လက်စားချေ ရေးထက် ပြန်လည်ပြုပြင်ရေးကို ဦးစားပေးကြောင်း ဆရာကပြောသည်။ ထောင်ထဲဝင်ပြီးသွား၍ ပြန်ထွက်လာလျှင် ထောင်ကိုမကြောက် တော့ဘဲ ဆက်လက်ဆိုးမိုက်မနေ ရန် ပညာကသာ ပြုပြင်ပြောင်းလဲပေးနိုင်ကြောင်း၊ ပညာဆိုသည်က အတန်းပညာ အသိပညာ အားလုံးပါကြောင်း ဆရာက ဆက်ပြောသည်။ထို့ကြောင့် ထောင်အတွင်း ပညာရေးအားပေးမှုအပေါ် ကြို ဆိုကြောင်းသူက ထပ်ဆင့်ပြောသည်။ ”အခြားဟာတွေလည်း ပြောင်း ပေါ့ဗျာ” ဟု စာရေးဆရာ ထက် မြက်က ဆိုသည်။ အကျဉ်းထောင်အတွင်း ၂ နာရီကျော်ကြာ ဝင်ရောက်လေ့လာ တွေ့ဆုံခဲ့ရသလောက် စာသင်သား အကျဉ်းသား လူငယ်တို့သည် အ ခြားသော အကျဉ်းကျသူတို့နှင့်မတူ ကျပ်ကျပ်တည်းတည်းမနေရဘဲ သီးခြားပုံစံရှိနေသည်ကအမှန်ပင်။ ဆိုလိုသည်က နေမှု၊ ထိုင်မှု၊ သွားလာရမှုတို့တွင် တခြားအကျဉ်း သားတို့ထက် ပို၍ သက်သောင့် သက်သာ ဖြစ်နေသည်ကို တွေ့ခဲ့ရ သည်။ သို့သော်လည်း သူတို့၏ စား သောက်ရမှုသည် တခြားအကျဉ်း သားများအတိုင်း တစ်နေ့ ကျပ် ၆ဝဝ နှုန်းအတိုင်းစားနေရသည်။ ပြင်ပလောကထက် အနေအ ထိုင် ကျဉ်းကျပ်သည့်အထဲ သူတို့ က စိတ်အားမလျှော့ဘဲ တစ်ပတ် လျှင် ၆ ရက် တစ်ချိန်လျှင် ၄၅ မိနစ်နှင့် ၇ ချိန် အသီးသီး အလုပ် မလုပ်ရဘဲ ပညာသင်ယူနေကြသည်။

တက္ကသိုလ် ပထမနှစ် ဖြေဆို ထားသည့် အကျဉ်းသားလူငယ်က ”ကျွန်တော်သာ ထောင်မကျဘဲ အ ပြင်မှာ ရှိနေရင် ဆယ်တန်းလည်း အောင်မှာမဟုတ်ဘူး။ဆိုးမိုက်နေ မှာ။ ထောင်ကျတာ အကောင်းဖြစ် သွားတယ်။ ဒီလို ပြောလို့ ထောင် ကျတာ ကောင်းတယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ ထောင်က ကျွန် တော့်ကို တွေးခေါ်မှုတွေ ပေးခဲ့ တယ်။ အမြင်မှန်တွေ ရစေတယ်” ဟု ပြောသည်။ အချိန် စေ့သွားသည့်အတွက် ပြင်ပလောကထံ မည်သည့်သတင်း စကား ပါးချင်သလဲဟုမေးရာ သူ က ”ထောင်ထဲမှာတောင် ပညာ ရေးအခွင့်အရေးတွေ ရနေရင် အပြင်မှာပိုရမှာပါ။ ဒါ့ကြောင့် လူငယ်တွေ ရနေတဲ့အခွင့်အရေးကို ဆုပ် ကိုင် အသုံးချကြပါ။ မဆိုးကြမမိုက် ကြပါနဲ့။ ထောင်ဆိုတာဟာ တကယ်တော့ မကောင်းပါဘူး”။

မင်းသုအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*