ဆော်ဒီအာရေဗျ နိုင်ငံက မလေးရှား နိုင်ငံတွင် ကန်ဒေါ်လာ ၇ ဘီလျံခန့် ရင်းနှီးမြှုပ်နှံပြီ

ဆော်ဒီအာရေဗျ နိုင်ငံက မလေးရှား နိုင်ငံတွင် ကန်ဒေါ်လာ ၇ ဘီလျံခန့် ရင်းနှီးမြှုပ်နှံပြီ
March 1, 2017 Asian Fame

3:33 pm
ဆော်ဒီအာရေဗျ နိုင်ငံက မလေးရှား နိုင်ငံတွင် ကန်ဒေါ်လာ ၇ ဘီလျံခန့် ရင်းနှီးမြှုပ်နှံပြီ

Saudi-investment-a-confidence-vote(ပူထရာဂျာယာ၊ ဖေဖော်ဝါရီ ၂၈)

ဆော်ဒီ အာရေဗျနိုင်ငံက မလေးရှားနိုင်ငံမှ ရေနံ ထုတ်လုပ် ရေး လုပ်ငန်းကြီး တစ်ခုတွင် ကန် ဒေါ်လာ ၇ ဘီလျံခန့် ရင်းနှီးမြှုပ်နှံ လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဆော်ဒီအာရေဗျ နိုင်ငံမှ Riyadh အမျိုးသားရေနံ ကုမ္ပဏီ က မလေးရှားနိုင်ငံမှ Pengerang Integrated Petroleum Complex (PIPC) တွင် ထိုသို့ ရင်းနှီးမြှုပ်နှံ လိုက်ခြင်း ဖြစ်ကြောင်း မလေးရှား ဝန်ကြီးချုပ် မစ္စတာနာဂျစ် ရာဇတ် က ယမန်နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြော ကြားခြင်း ဖြစ်သည်။ ဆော်ဒီအာ ရေဗျ ဘုရင်ဆယ်လ်မန် အဗဒ္ဒူ အဇစ် အယ်လ်ဆော့ မလေး ရှား နိုင်ငံသို့ ပထမဆုံး အကြိမ်အဖြစ် အလည်အပတ် လာရောက်စဉ် သူ နှင့် ဆွေးနွေးမှု ပြုပြီးနောက် ထိုသို့ ပြောကြားခြင်း ဖြစ်သည်။

”မလေးရှားနိုင်ငံဟာ နိုင်ငံ ပေါင်း များစွာနဲ့ အင်မတန်ကောင်း မွန်တဲ့ အပြန်အလှန် ဆက်ဆံရေး ရရှိနေပြီဆိုတာကို ခင်ဗျားတို့ တွေ့ ကြမှာပါ။ တရုတ်ပြည်ကို ရောက် တုန်းကတော့ ကျုပ်တို့ဟာ ကိုယ့်ရဲ့ အချုပ်အခြာ အာဏာပိုင်မှုကို ရောင်းစားတယ် လို့ စွပ်စွဲခံခဲ့ရ တယ်။ ကျုပ်တို့က ကိုယ့်ရဲ့ အချုပ် အခြာ အာဏာပိုင်မှုကို ဆော်ဒီအာ ရေဗျကို ရောင်းစားတယ်လို့ သူ တို့ပြောတာကို ကျုပ်အံ့သြမိပါရဲ့”ဟု မစ္စတာနာဂျစ်ရာဇတ်က ပြော ပါသည်။

”ဒါဟာ အချုပ်အခြာ အာဏာ နဲ့ဆိုင်တဲ့ မေးခွန်း တစ်ခု မဟုတ် ပါဘူး။ ဘယ်လို ရင်းနှီးမြှုပ်နှံမှုဟာ ကျုပ်တို့ အတွက် ကောင်းမယ် ဆို တာပါပဲ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တွေကို ဆွဲဆောင် နိုင်လာတာနဲ့ အမျှ မလေးရှား ငွေကြေးဟာ ပိုပြီး ခိုင်မာလာမှာပဲ။ ဒါဟာ ကျုပ်တို့ နိုင်ငံရဲ့ စီးပွားရေးမှာ ပိုပြီးစိတ်ချ မှုရှိလာတာဖြစ်သလို အလုပ်အ ကိုင် အခွင့်အလမ်းတွေ လည်း ပိုရှိ လာမှာပါပဲ”ဟုလည်း သူက ပြော ပါသေးသည်။

PN002
Ref: Saudi investment a confidence vote in Malaysia: Najib

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*