အိုဘားမားကို ပြင်သစ် သမ္မတအဖြစ် ရွေးကောက်ပွဲ ဝင်ရန် လက်မှတ်ထိုး တောင်းဆိုမှု အောင်မြင်နေ

အိုဘားမားကို ပြင်သစ် သမ္မတအဖြစ် ရွေးကောက်ပွဲ ဝင်ရန် လက်မှတ်ထိုး တောင်းဆိုမှု အောင်မြင်နေ
March 1, 2017 Asian Fame

3:11 pm
အိုဘားမားကို ပြင်သစ် သမ္မတအဖြစ် ရွေးကောက်ပွဲ ဝင်ရန် လက်မှတ်ထိုး တောင်းဆိုမှု အောင်မြင်နေ

Obama-on-French-Presidential-Ballot(ပဲရစ်၊ ဖေဖော်ဝါရီ ၂၈)

အမေရိကန် သမ္မတဟောင်း ဘားရက် အိုဘားမား အား ပြင် သစ်သမ္မတ အဖြစ် ရွေးကောက်ပွဲ ဝင်ရန် လက်မှတ်ထိုး တောင်းဆိုမှု တစ်ရပ်ကို ပဲရစ်မြို့တွင် ပြုလုပ် လျက်ရှိကြောင်း သိရသည်။

ယခုနှစ်မေလတွင် ကျင်းပ မည့် ပြင်သစ်သမ္မတ ရွေးကောက်ပွဲ တွင် ဝင်ရောက် အရွေးခံရန် မဲဆွယ် ပိုစတာများ သဖွယ်ပင် ပြုလုပ်ထား ပြီး ယင်းပိုစတာ များတွင် အိုဘား မား၏ ဓာတ်ပုံနှင့် သူ၏ ဆောင်ပုဒ် ဖြစ်သည့်  “Yes we can”ဆိုသည် ကို ပြင်သစ်ဘာသာဖြင့် “Oui, on peut” ဟုလည်း ရေးသားထားသေး သည်။

ယင်းလုပ်ရပ်ကို အသက် ၃ဝ အရွယ် ပြင်သစ်လူငယ် အချို့က ဘီယာ သောက်ရင်း အပျော်သဘော ဖြင့် စတင်ခဲ့ခြင်း ဖြစ်သော်လည်း အွန်လိုင်း စည်းရုံးရေးအရ ရက် သတ္တပတ်မျှ မကြာခင်တွင်ပင် လက် မှတ် အရေအတွက် ၅ သောင်းမျှ ရရှိနေပြီ ဖြစ်ကြောင်း သိရသည်။

စည်းရုံးရေး သမားများကမူ မတ်လ ၁၅ ရက်နေ့ မတိုင်မီ လက် မှတ် ၁ သန်းရလိမ့်မည်ဟု မျှော် လင့်ထားကြပြီး၊ ယင်းကိစ္စအပေါ် ပဲရစ်နေပြည်သူ များကလည်း ကန့် ကွက်မှု မရှိကြချေ။

”ဒါဟာ ပြင်သစ် နိုင်ငံရေးသမား တွေကို ပြည်သူတွေ စိတ်ပျက်နေ ကြပြီ ဆိုတာကိုပြနေတာပဲ ဖြစ်ပါ တယ်”ဟု လက်မှတ်ထိုးတောင်း ဆိုမှုကို စည်းရုံးနေ သူတို့က ပြော သည်။

PN002
ref: Thousands Sign Petition to Put Obama on French Presidential Ballot

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*