ရန်ကုန် ဓာတ်ပုံပွဲတော်မှ အကောင်းဆုံး အဖြစ် ရွေးချယ်ခံရသည့် ဓာတ်ပုံ ဇာတ်လမ်းများအား ဗန္ဓုလပန်းခြံတွင် ပြသမည်

ရန်ကုန် ဓာတ်ပုံပွဲတော်မှ အကောင်းဆုံး အဖြစ် ရွေးချယ်ခံရသည့် ဓာတ်ပုံ ဇာတ်လမ်းများအား ဗန္ဓုလပန်းခြံတွင် ပြသမည်
March 1, 2017 Asian Fame

2:43 pm
ရန်ကုန် ဓာတ်ပုံပွဲတော်မှ အကောင်းဆုံး အဖြစ် ရွေးချယ်ခံရသည့် ဓာတ်ပုံ ဇာတ်လမ်းများအား ဗန္ဓုလပန်းခြံတွင် ပြသမည်

photo(ရန်ကုန်၊ဖေဖော်ဝါရီ ၂၈)

ရန်ကုန်ဓာတ်ပုံ ပွဲတော်မှ အကောင်းဆုံး အဖြစ် ရွေးချယ်ခံရသည့် ဓာတ်ပုံ ဇာတ်လမ်း များ အား မတ်လ ၄ရက်နှင့် ၅ ရက် တို့တွင် ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံ၌ ပြသသွားမည် ဖြစ်သည်။

အဆိုပါ ပြပွဲ တွင် မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးစုများ အကြောင်း ဖော်ကျူးထားသည့် James Henry  Green ၏ ‘နယ်စွန် နယ်ဖျား ဓာတ်ပုံများ’ (၁၉၁၈-၁၉၃၅)၊ ၁၉၇၉ ခုနှစ်အတွင်း ဘဲလေး ဓာတ်ပုံ စတူဒီယို၌ ရိုက်ကူးခဲ့သည့် ဖက်ရှင် ဓာတ်ပုံများနှင့် Gunter Pfannmuller နှင့် Wilhelm Klein  တို့ ၁၉၉ဝ ပြည့်လွန်နှစ်များ အတွင်းက မြန်မာပြည်အနှံ့ ရိုက်ကူး ခဲ့သည့် ‘ဂုဏ်သိက္ခာကို ရှာဖွေခြင်း’ အမည်ရှိ ဓာတ်ပုံကောင်း များကို  ပြပွဲသုံးရပ်ဖြင့် တင်ဆက် သွားမည် ဖြစ်သည်။

အဆိုပါ ဓာတ်ပုံ ပွဲတော်တွင် World Press Photo  ဓာတ်ပုံပြပွဲနှင့် နာမည်ကျော် ဓာတ်ပုံ ဆရာများ ဖြစ်သည့် Steve McCurry ၊ Hans Silvester  တို့၏ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် တင်ဆက်ပြသမှု များကိုပါ မဟာဗန္ဓုလပန်းခြံ၌ ပြုလုပ် သွားမည်ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*