မဟာမြတ်မုနိဘုရားရှိ ကြေးရုပ်တုကြီး များအား ကိုင်တွယ်ခွင့် ပြုတော့မည်မဟုတ်

မဟာမြတ်မုနိဘုရားရှိ ကြေးရုပ်တုကြီး များအား ကိုင်တွယ်ခွင့် ပြုတော့မည်မဟုတ်
March 1, 2017 Asian Fame

3:34 pm
မဟာမြတ်မုနိဘုရားရှိ ကြေးရုပ်တုကြီး များအား ကိုင်တွယ်ခွင့် ပြုတော့မည်မဟုတ်

MDY(မန္တလေး၊ ဖေဖော်ဝါရီ ၂၈)

မန္တလေး မဟာမြတ်မုနိဘုရား ကြီး ရင်ပြင်တော်ပေါ်ရှိ ရှေး ဟောင်း ကြေးရုပ်တု ကြီးများကို ယခုနှစ်လယ်မှ စတင်ကာ ကိုင် တွယ်ခွင့် ပြုတော့မည် မဟုတ် ကြောင်း  ဂေါပက အဖွဲ့ထံမှ သိရ သည်။

ယုံကြည်မှု အစွဲအလမ်း ကြောင့် ဘုရားဖူး ပြည်သူများက အဆိုပါ ကြေးရုပ်ကြီး များအား ကိုင်တွယ်ပွတ်သပ် ဆုတောင်းမှု ပြုကြသဖြင့် အပေါက်ကြီးများ ဖြစ် ပေါ်လျက်ရှိရာ အချိန်မီ ထိန်းသိမ်း ရတော့မည့် အခြေအနေ ဖြစ်နေ ကြောင်း၊ ထို့ကြောင့် ကိုင်တွယ်ခွင့် မပြုတော့ရန် အများ သဘောတူညီ မှုဖြင့် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း မဟာမြတ်မုနိ ဘုရားကြီး ဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းက ပေါ်ပြူ လာနယူးစ်သို့ ပြောသည်။

”ခေါင်းကိုပွတ်ရင် ခေါင်း ကိုက်ပျောက်တယ်၊ ဗိုက်ပွတ်ရင် ဗိုက်အောင့် ပျောက်တယ် ဆိုတဲ့ အစဉ်အလာ ယုံကြည်မှုနဲ့ နေလာ ကြတာ ဆိုတော့ ဒါကိုမလုပ်ရတော့ ဘူးလို့ဆို လိုက်ရင် ပြည်သူတွေ ဘက်က တစ်မျိုးမြင်လာ မှာလည်း စိုးရတယ်။ ဒါပေမယ့်လည်း ဒီအ တိုင်း ဆက်သွားရင် အခြေအနေက ပိုဆိုးလာမှာ ဆိုတော့ ကျွန်တော်တို့ က ပညာရှင်တွေရဲ့ အကြံဥာဏ်ရ ယူပြီး ရှေးဟောင်း ကလည်း ဒါကို ထိန်းသိမ်းသင့် တယ်လို့ ဆိုတော့ ဒီကြေးရုပ်ကြီးတွေ ရှိတဲ့ အဆောက် အအုံကို တိုးချဲ့ပြင်ဆင်ပြီး အရုပ် တွေကို ကျောကပ်ထားမယ်။ အ ကာအရံ တစ်ခုနဲ့ ကာထားပြီးမှ ဝင် ကြည့်ခွင့်ပေးမယ်” ဟု ၄င်းက ဆို သည်။

အဆောက်အအုံ ပြင်ဆင်ခြင်း လုပ်ငန်းကို သက်ဆိုင်ရာ အဆင့် ဆင့် တင်ပြပြီးသွားပြီ ဖြစ်သဖြင့် နောက်သုံးလေးလ ခန့် အကြာတွင် စတင် လုပ်ဆောင်တော့မည် ဖြစ် ကြောင်းလည်း သိရသည်။

အဆိုပါ ကြေးရုပ်ကြီးများ သည် ရှေးဟောင်း သမိုင်းအမွေ အနှစ်လည်းဖြစ် သမိုင်းတန်ဖိုး လည်း ကြီးမားသည့် အရုပ်ကြီး များဖြစ်ပြီး  ကမ္ဘောဒီးယား၊ ထိုင်း ထိုမှတစ်ဆင့် မြန်မာနိုင်ငံ ပဲခူး၊ ရခိုင်၊ မန္တလေး စသဖြင့် အဆင့် ဆင့် ရောက်ရှိ လာခြင်းဖြစ်သည်။ မန္တလေး မဟာမြတ်မုနိ ဘုရားတွင် ကြေးရုပ်တု စုစုပေါင်း ၆ ခု ရှိ ကြောင်း သိရသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*