ကင်ဂျုံနန် လုပ်ကြံ သတ်ဖြတ်ခံရမှုတွင် ပါဝင်သည့် မြောက်ကိုရီးယား အမျိုးသား ၄ ဦး လွတ်မြောက်နေဆဲ

ကင်ဂျုံနန် လုပ်ကြံ သတ်ဖြတ်ခံရမှုတွင် ပါဝင်သည့် မြောက်ကိုရီးယား အမျိုးသား ၄ ဦး လွတ်မြောက်နေဆဲ
March 1, 2017 Asian Fame

3:11 pm
ကင်ဂျုံနန် လုပ်ကြံ သတ်ဖြတ်ခံရမှုတွင် ပါဝင်သည့် မြောက်ကိုရီးယား အမျိုးသား ၄ ဦး လွတ်မြောက်နေဆဲ

Kim(ဆိုးလ်၊ ဖေဖော်ဝါရီ ၂၈)

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် ၏ ဖအေတူ မအေကွဲ အစ်ကို ကင်ဂျုံနန် လုပ်ကြံသတ် ဖြတ်ခံရမှုတွင် မြောက်ကိုရီးယား အမျိုးသား ၄ ဦး ပါဝင် ပတ်သက် နေသည်ဟု တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီက ယုံ ကြည်ကြောင်း သိရသည်။

ကင်ဂျုံနန် လုပ်ကြံခံရပြီး နောက်တစ်နေ့တွင်ပင် ရီဂျုံချိုးလ် ဆိုသူ မြောက်ကိုရီးယား အမျိုး သား တစ်ဦးကို မလေးရှား ရဲတပ် ဖွဲ့က ဖမ်းဆီး လိုက်ပြီး ယင်းနှင့် ချိတ်ဆက် ပတ်သက်နေသည့် အ ခြား မြောက်ကိုရီးယား အမျိုးသား ၆ ဦးကိုပါ လုပ်ကြံမှုနှင့် ပတ်သက် ၍  အဖြစ် သတ် မှတ်နိုင်ခဲ့သည်။

အဆိုပါ သံသယရှိသူ ၆ ဦး အနက် ၄ ဦးတို့မှာမူ အခင်းဖြစ် ပွားပြီး မကြာမီတွင်ပင် မြောက်ကို ရီးယားနိုင်ငံ ပြုံယမ်းမြို့သို့ပြန်သွား ကြသည်ဟု မလေးရှားရဲက ယူဆ သည်။ ယင်းတို့သည် တရုတ်နိုင်ငံ ကို ရှောင်ကွင်း၍ ရှုပ်ထွေးသော လေယာဉ် လမ်းကြောင်းဖြင့် မလေး ရှားနိုင်ငံမှ ထွက်ခွာ သွားကြခြင်းဖြစ် သည်။

ထို ၄ ဦးမှအပ ကျန်မြောက် ကိုရီးယား ၂ ဦးကိုမူ မလေးရှား အာဏာပိုင်များက နာမည်များ ဖော်ထုတ်နိုင် ခဲ့ကြပြီး ယင်း ၂ ဦး အနက် တစ်ဦးမှာ ကွာလာလမ်ပူ မြို့ရှိ မြောက်ကိုရီးယား သံရုံးမှ အကြီးတန်း အရာရှိတစ်ဦးဖြစ်ကာ၊ ကျန်တစ်ဦးမှာ မူ မြောက် ကိုရီးယား နိုင်ငံ ပိုင် လေကြောင်းဖြစ်သည့် Koryo လေကြောင်းမှ အမှုထမ်း တစ်ဦးဖြစ်သည်ဆို၏။

ယခု လွတ်မြောက်နေဆဲဖြစ် သည့် မြောက်ကိုရီးယား အမျိုးသား ၄ ဦးကို သူလျှိုများဟု တောင်ကို ရီးယား ထောက်လှမ်းရေးက ယူဆ သည်။

PN002
ref: Kim Jong-nam death: Four wanted N Koreans ‘are spies’

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*