တတ်ပြီး ကျွမ်းဖို့

တတ်ပြီး ကျွမ်းဖို့
February 24, 2017 Asian Fame

12:18 pm
တတ်ပြီး ကျွမ်းဖို့

profတစ်နေ့က အလုပ်ဆီသွားဖို့ ကြုံရာ အငှားကား တစ်စီးကို ငှားစီး ဖြစ်တယ်။ ဟာမစ်တစ် ပွိုင့်ကျော် တော့ ဓမ္မစေတီလမ်း ဘက်ချိုး ဖို့ ပြင်နေ ပုံမြင်တော့ ဘယ်လမ်းက သွားမလို့လဲ လို့ မေးလိုက်တော့ မြန်အောင်လို့ အဲ့ဒီ လမ်းကြောက သွားမလို့တဲ့။ နာရီ ကြည့် လိုက်တော့ ၉ နာရီထိုးဖို့ ၁၅ မိနစ်၊ စာမေးပွဲ တွေရှိတယ်၊ လမ်းပိတ်လိမ့်မယ် ဆို တော့ ချောင်တတ်ပါတယ်တဲ့။ ဒီ ဘက်လမ်းက ပိုမြန် တာတဲ့ ဆိုပြီး လမ်းကြောလည်း ဝင်ရော။ ပထမ မီးပွိုင့်စမိတာပါပဲ။ လွှတ်ပြန်တော့ ထင်ထားတဲ့ အတိုင်းလမ်းက ကျပ် နေပြီ။ အဲ့ဒီတော့ တည်တည့်မောင်း၊ မီးပွိုင့်နောက်တစ်ခု ထပ်မိ၊ ရွှေဂုံ တိုင်လမ်းလည်း မထူး။ အဲ့ဒီတော့ ကိုယ့်မင်း ကိုယ်ချင်းလမ်း ဆီကိုသာ တည့်တည့် ဆက်မောင်းပေတော့။ တံတားပေါ်က သွားရင် ၂ မိနစ် သာသာလောက် သာကြာမယ့်လမ်း ပိုင်းကို ၁၅ မိနစ် နီးပါးလောက် အ ချိန်ပေးလိုက်ရတယ်။

သူ့မှာကြည့်ရတာ အငှားယာဉ် သာ မောင်းနေတယ်။ ကားကိုတော့ ကောင်းကောင်းမောင်း တတ်တယ်။ သို့သော် ဘယ်နေရာမှာ ဘာဆိုတဲ့ Spatial Information တွေ၊ ဒီအ ချိန်မျိုးဆို ဘယ်လိုဆိုတဲ့ Temporal Information တွေကို လေ့လာအ သုံးချမှု ကိုတော့ သိပ်ကျွမ်းပုံ မရပါ ဘူးလို့ သုံးသတ်မိတယ်။ ဟိုတလော က မိတ်ဆွေ တစ်ယောက်ပြောတဲ့ တတ်ပြီး ကျွမ်းတဲ့သူတွေ လိုနေ တယ် ဆိုတာလေးကို လက်ခနဲ အ မှတ်သွားရမိတယ်။ ပညာရှင်တွေ ပြောပြောနေတဲ့  Competence  ဆိုတာ ဒါမျိုးလေးတွေ လားမသိ။

သူ့အနေ နဲ့ လေ့လာသင်ယူသိ ထားသင့်တယ် ဆိုတာက ဗဟုသုတ အသိဥာဏ်ကြွယ်ဝမှု (Knowledge) ဖြစ်ပြီးတော့၊ သူ သိထား လေ့လာ သင်ယူထား တာတွေကို ပြန်အသုံးချနိုင်မှု ကတော့ (Skills)ပဲ ဖြစ်ပါတယ်။ အဲ့ဒီ Knowledge  ရယ်၊ Skills ရယ် တို့ကို ပေါင်းစပ် နိုင်တော့မှသာလျှင် သူ့အလုပ်ကို သူ့အတတ်နဲ့ ထိရောက်စွာ ဆောင် ရွက်နိုင်မှာ ဖြစ်ပြီး အဲ့ဒါမျိုးကို Technical Competencies လို့ခေါ် ဆိုကြောင်း ကိုတော့ Michael Armstrong  ရဲ့ စာအုပ် တစ်အုပ်ထဲ မှာဖတ်ဖူးပါတယ်။ Armstrong က Competence  ဆိုတာဟာ လူတစ် ယောက် အနေနဲ့ သူ့ဝန်တာအပေါ် မှာ ဘယ်ရွေ့ ဘယ်မျှ စွမ်းဆောင် နိုင်မယ်ဆိုတဲ့ မျှော်လင့် ခံထားရမှု အတွက် လိုအပ်တဲ့ စွမ်းဆောင်နိုင် မှု တတ်ကျွမ်းမှုကို ဆိုလိုတာပါ လို့ ပြောထားဖူးပါတယ်။ အဲ့ဒီမှာ မျှော် လင့်ခံထားရမှု ဆိုတော့ သူ့ကို မျှော်လင့်ထားသူက ဘယ်သူလဲ ပေါ့။

ကျွန်တော်ကတော့ ကားငှား စီးပြီဆိုရင် ကားဆရာက ကျွန်တော် သွားချင်တဲ့ နေရာကို ရောက်အောင် အချိန်တိုတို အန္တရာယ် ကင်းကင်း နဲ့ လမ်းကြော ကျွမ်းကျင်စွာမောင်း နှင်ပို့ဆောင်ပေးနိုင်ရမယ်လို့ အမြဲ တမ်း မျှော်လင့်တတ်ပါတယ်။ အဲ့ဒီ အချက် သုံးချက်ဟာ ကျွန်တော်မျှော် လင့်ထားတဲ့ အငှားယာဉ်မောင်း သူတစ်ဦးရဲ့ တတ်ကျွမ်းမှုပဲလေ။ အဲ့ဒီလို ဆိုရင် ကျွန်တော်ရော ကားမောင်း သူပါ အကျိုးအမြတ် ပိုထွက်လာနိုင် တယ်လေ။ အဲ့ဒီလိုပဲ အလုပ်ခွင်ထဲ ရောက်သွားရင်လည်း ကိုယ့်အ လုပ်ရှင် ကိုယ့်အထက်လူကြီးက ကိုယ့်ရဲ့ တတ်ကျွမ်းမှုကို မျှော်လင့် ထားသလို၊ ကိုယ်ကလည်း တတ် ကျွမ်းနားလည်တဲ့ လုပ်ဖော်ကိုင်ဖက် တွေနဲ့ပဲ အလုပ်ကို အတူလက်တွဲ ဆောင်ရွက်ချင် တာပါပဲလေ။

ပြီးခဲ့တဲ့ ၂ နှစ်လောက်ကတည်း ကစပြီး ကြားခဲ့ရတဲ့ အခုလည်း ကြားနေရတဲ့ အကြောင်း တစ်ခုက ဒီစာကို ရေးနေ ရင်း ခေါင်း ထဲမှာ ပေါ်လာတယ်။ အဲ့ဒါကတော့ ပြည်တွင်း လုပ်သားဈေးကွက်မှာ ဝေစု ခွဲယူလာတဲ့ တခြားနိုင်ငံနှစ်ခု က လက်သမား ပန်းရန် သမားတွေ အကြောင်းပါ။ ကုလားအုပ်ခေါင်း ဝင်သလို တရိပ်ရိပ် အရှိန်တက် လာနေတဲ့ကိစ္စနော်။ လုပ်ခ တစ်ဆ ခွဲ နှစ်ဆနဲ့ သူတို့ တစ်တွေကို ဘာ ကြောင့် ငှားနေကြသ လဲ။ အဖြေ ကတော့ ခပ်ရှင်းရှင်းလေးပဲလေ။ သူတို့တွေက ပိုတတ် ပိုကျွမ်းလို့ပေါ့။ ပိုတတ်ပို ကျွမ်းတော့ အလုပ် ပိုပြီး တယ်။ အလေ့အလွင့် အပျက်အစီး နည်းတယ်၊ တွက်ခြေကိုက်တယ် တဲ့။ ဆိုလိုတာက Efficiency ပို ကောင်း တယ်ပေါ့။ လုပ်ငန်းရှင်က တော့ ရှင်းတယ်လေ၊ သူ့ရဲ့ ရင်းနှီး မြှုပ်နှံမှု အပေါ်မှာ အကျိုးအမြတ် ပိုလာစေတယ် ဆိုတော့  Output ကောင်း တာကိုပဲ ရွေးတာ စီးပွား ရေး သီအိုရီတွေအရ မမှားဘူးလေ။

အဲ့ဒီတော့ ကျွန်တော်တို့ ဘာ လုပ်ကြမလဲ။ ကျွန်တော်တို့မတတ် လို့လား။ တတ်ပါတယ်၊ ကျွန်တော် တို့က သင်လွယ် တတ်လွယ် တဲ့လူ တွေလေ။ ခက်တာက လွယ်လွယ် သင်လွယ်လွယ်တတ် လွယ်လွယ် လေးပါကွာ ဆိုပြီ ခပ်ပေါ့ပေါ့နေခဲ့ တာတွေ၊ ဖြစ်ပါတယ်ကွာ ဆိုပြီး ခပ် ပေါ့ပေါ့ လုပ်ခဲ့တာတွေကို လက်ဆင့် ကမ်းပေး လက်ဆင့်ကမ်း ယူမိခဲ့ကြ တယ်လေ။ ပြီးတော့ အမြင်နဲ့ သင်၊ အကြားနဲ့ သင်လို့ လုပ်တတ်တဲ့ဟာ တွေကရော အခုခေတ်လို တွန်းတိုက် ယှဉ် ပြိုင် လုပ်ကိုင်နေ ရတော့ မယ့် ဈေး ကွက်ခေတ် အတွင်းမှာ စံနှုန်း တွေနဲ့ ချိန်ထိုးတော့မယ့် ကျွမ်းကျင် မှုဆိုတာ အတွက် ပြန်လည်သုံးသပ် ရတော့မယ်လို့ ထင်ပါတယ်။

သင်လို့တောင် တတ်ခဲ့တာပဲ လေ။ လေ့ကျင့်လို့ မြှင့်တင်လို့ ဆိုရင် ကျွမ်းကျင်လာဖို့ ဆိုတာ မခက်ခဲနိုင် ဘူးလေ။ လေ့ကျင့်ဖို့ မြှင့်တင်ဖို့ဆို တဲ့ အပိုင်းမှာလည်း လူ့စွမ်းအား စီမံခန့်ခွဲမှု (HRM) ရှုထောင့်တစ်ခု တည်းကနေ ကြည့်နေလို့ မရပါ ဘူး။ လူ့စွမ်းအားဖွံ့ဖြိုးမှု (HRD) ဆိုတဲ့ ရှုထောင့်ကနေပါ စဉ်းစားရ ပါ မယ်။ ကျွန်တော်မြင်တာ ကတော့ Public Sector နှင့် Private Sector နှစ်ခုစလုံးက ဟန်ချက်ညီ ညီ ပေါင်းစပ်ဆောင်ရွက် သွားဖို့ လိုတယ် ပေါ့နော်။

အခုလည်း စတင်ဆောင်ရွက်နေပြီ လို့ ကြားသိရပါတယ်။ မင်္ဂလာရှိတဲ့ သတင်းပါ။ ထိရောက်စွာ ရှေ့ရောက် ပါစေလို့ ဆုတောင်းမိပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း တတ် ပြီးကျွမ်းတဲ့ လုပ်အားပိုင်ရှင် တစ်ဦး ဖြစ်အောင် အစဉ် ကြိုးပမ်းနေရပါ တယ်။ လိုလိုလားလားနဲ့သာ လေ့ လာလေ့ကျင့် ကြိုးပမ်း သွားရင် သိ တတ်ထားတာတွေ ပိုမိုကျွမ်းကျင် လာနိုင်ပါတယ်။

(ဤဆောင်းပါး အတွက် ကုန်ကြမ်း များကို ဝိုင်းဖွဲ့ဆွေးနွေး ပေးခဲ့ကြပါ သော Myanmar Imperial College  မှ အတူလက်တွဲနေကြတဲ့ ဆရာ၊ ဆရာမများအား ကျေးဇူး တင်ရှိပါတယ်။)

သိဏ်းစိုး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*