မြန်မာ့ အနုပညာပစ္စည်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရပိုင်းမှ အားပေးကူညီသွားမည်

မြန်မာ့ အနုပညာပစ္စည်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရပိုင်းမှ အားပေးကူညီသွားမည်
February 23, 2017 Asian Fame

4:33 pm
မြန်မာ့ အနုပညာပစ္စည်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရပိုင်းမှ အားပေးကူညီသွားမည်

အိမ်စည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇
မြန်မာ့ အနုပညာပစ္စည်းများ ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကမ္ဘာ့အလယ်တွင် ဝင့်ထည်စေ ရေးအတွက် အစိုးရပိုင်းမှ အားပေး ကူညီသွားမည်ဟု ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ပြောသည်။

ဖေဖော်ဝါရီ ၁၅ ရက်က ရန်ကုန်မြို့ ဆရာစံပလာဇာ၌ ပြုလုပ်သည့် ဗဟိုသမဝါယမ အသင်းနှင့် ကောင်းမြန်မာအောင် ဖောင်ဒေးရှင်းတို့ ပူးပေါင်းပြုလုပ် သည့် ဆဋ္ဌမအကြိမ်မြောက် မြန် မာ့ရိုးရာ သစ်သားပန်းပုပြိုင်ပွဲမှ ဆုရသူများကို ဆုချီးမြှင့်ပွဲတွင် ဦးဖြိုးမင်းသိန်းက ယင်းသို့ ပြော ကြားခြင်း ဖြစ်သည်။

ဆဋ္ဌမအကြိမ်မြောက် မြန်မာ့ ရိုးရာ သစ်သားပန်းပုပြိုင်ပွဲသို့ ပေး ပို့ ယှဉ်ပြိုင်လာကြသည့် ပန်းပုရုပ် များမှာ ယခင်နှစ်များထက် ပိုမို များလာသည်ကို တွေ့ရပြီး လက် ရာပိုင်းတွင်လည်း ပိုမိုတိုးတက် လာသည်ကို တွေ့ရကြောင်း ဆု ရသူများအနေဖြင့် ဆက်လက် ကြိုးပမ်းသွားရန် လိုအပ်ပြီး မြန် မာ့အနုပညာကို ကမ္ဘာ့အလယ်တွင် ဝင့်ထည်နိုင်ရန်အတွက် အားပေး ကူညီသူများနှင့် လက်တွေ့ အကောင်အထည် ဖော်နေသူများ အားလုံး ဝိုင်းဝန်းပါဝင်ကြရမည် ဖြစ်ပြီး ၄င်းတို့ အစိုးရပိုင်းမှလည်း အားပေး ကူညီသွားမည်ဖြစ် ကြောင်း ၄င်းကပြောကြားခဲ့ခြင်း ဖြစ်သည်။

”ကျွန်တော်တို့ အစိုးရသစ် အဖွဲ့အနေနဲ့လည်း မြန်မာ့အနု ပညာပစ္စည်းတွေ ပိုမိုတိုးတက်ဖွံ့ ဖြိုးလာနိုင်ဖို့နဲ့ မြန်မာ့ပန်း ၁ဝ မျိုး ကို မြန်မာနိုင်ငံသူ နိုင်ငံသားတွေ သာမက ကမ္ဘာ့အလယ်မှာပါ ဝင့်ထည်စွာရပ်တည်နိုင်ဖို့အတွက် အားပေးကူညီ ကြိုးပမ်းဆောင် ရွက်သွားမှာဖြစ်ပါတယ်” ဟု ၄င်း က ပြောသည်။

မြန်မာ့ရိုးရာ သစ်သားပန်းပု ပြိုင်ပွဲသည် မြန်မာ့ယဉ်ကျေးမှု သစ်သားပန်းပု ပညာရပ်များ ထွန်း ကားလာစေရန်နှင့်ပန်းပုပညာရှင် များ ပေါ်ထွက်လာစေရန် အတွက်၂ဝဝ၈ ခုနှစ် နာဂစ်အတွင်း ပြိုလဲခဲ့သည့် သစ်ပင်ကြီးများမှ ရရှိသည့် သစ်သားများကို အသုံးပြု၍ ပန်းပုပြိုင်ပွဲအဖြစ် ၂ဝဝ၉ ခုနှစ် မှစတင်၍ ကျင်းပလာခဲ့ခြင်း ဖြစ် သည်။

ယခုနှစ်တွင် စိတ်ကြိုက်နှင့် မော်ဒန်ဟူ၍ ပြိုင်ပွဲခေါင်းစဉ်နှစ်ခု သတ်မှတ်ပေးထားရာ ပေးပို့ကြသည့် သစ်သားပန်းပုလက်ရာပေါင်း ၁၇၃ ရုပ်ဖြစ်ပြီး မော်ဒန်ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆု ၇ ဆုကိုလည်းကောင်း၊ စိတ်ကြိုက်ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆု ၉ ဆုချီးမြှင့်ပေးခဲ့သည်။ ထို့အပြင် လာမည့်နှစ်များတွင်လည်း သစ်သား ပန်းပုပြိုင်ပွဲများ ဆက်လက်ပြုလုပ် သွားမည်ဟု သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*