“အမေရိကန် ရေတပ်မှ လေယာဉ်တင် သင်္ဘော တစ်စင်းကို တောင်တရုတ် ပင်လယ်ပြင်တွင် တိုက်ကင်း လှည့်ရန် အတွက် စေလွှတ်လိုက်ပြီ”

“အမေရိကန် ရေတပ်မှ လေယာဉ်တင် သင်္ဘော တစ်စင်းကို တောင်တရုတ် ပင်လယ်ပြင်တွင် တိုက်ကင်း လှည့်ရန် အတွက် စေလွှတ်လိုက်ပြီ”
February 23, 2017 Asian Fame

11:24 am
“အမေရိကန် ရေတပ်မှ လေယာဉ်တင် သင်္ဘော တစ်စင်းကို တောင်တရုတ် ပင်လယ်ပြင်တွင် တိုက်ကင်း လှည့်ရန် အတွက် စေလွှတ်လိုက်ပြီ”
US-Navy-carrier

တောင်တရုတ် ပင်လယ်ပြင်တွင် တိုက်ကင်း လှည့်လည်နေတော့မည့် လမ်းညွှန် စနစ်သုံး ဒုံးကျည်တန်ပြန် ပစ်ခတ်ရေး စနစ်များ ပါဝင်သည့် USS Carl Vinson လေယာဉ်တင် သင်္ဘော

(ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂ဝ)

သမ္မတသစ် ဒေါ်နယ်ထရမ့် လက်ထက်တွင် ပထမဆုံး ဆောင် ရွက်ခြင်းအဖြစ် အမေရိကန်ရေတပ် မှ လေယာဉ်တင် သင်္ဘောတစ်စင်း ကို တောင်တရုတ် ပင်လယ်ပြင် တွင် တိုက်ကင်းလှည့်ရန် အတွက် စေလွှတ် လိုက်ပြီဖြစ်သည်။

လမ်းညွှန်စနစ်သုံး ဒုံးကျည် များကို တန်ပြန်ပစ်ခတ်ရေး စနစ် များပါဝင်သည့် USS Carl Vinson လေယာဉ်တင် သင်္ဘောကို တောင် တရုတ် ပင်လယ်ပြင်သို့ စေလွှတ် လိုက်ခြင်းဖြစ်ပြီး၊ အခြား လေယာဉ် တင်သင်္ဘော များနှင့် ပူးပေါင်းချိတ် ဆက် ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များလည်း ရှိကြောင်း အမေရိ ကန်ရေတပ် မှ သိရသည်။

တရုတ်တို့ အနေဖြင့် တောင် တရုတ်ပင်လယ်ပြင် အတွင်း အငြင်း ပွားနေသည့် လူလုပ်ကျွန်းများ ပေါ်ဝယ် တိုက်လေယာဉ် များနှင့် ဗုံးကြဲလေယာဉ်များ ထားသိုရန် ဂိုဒေါင်များနှင့် လေယာဉ်ပြေးလမ်း များ တည်ဆောက်ပြီး နေပြီဖြစ် သည်။

ထို့ကြောင့် အမေရိကန် တို့ အနေဖြင့် ယင်းကျွန်းများကို အနီး ကပ် ဆက်လက် စောင့်ကြည့်သွား မည်ဖြစ်ပြီး၊ အကယ်၍မြေပြင် မှ ဝေဟင်ပစ် ဒုံးပျံများကိုပါ ဆက်လက် တပ်ဆင်မည် ဆိုပါက အမေရိကန် ရေတပ်၏ လေကြောင်း စစ်ဆင် ရေးကို သက်ဝင် လှုပ်ရှား လာစေနိုင် ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ရက်စ်တီလာဆန် က ပြီးခဲ့သည့် ဇန်နဝါရီလ ကတည်းက ပြောထား ကြောင်း သိရသည်။

PN002
ref: US Navy carrier deploys to South China Sea for first time in Trump presidency

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*